Rock n' Roll "ရော့အင်ရိုးလ်" ဂီတ ဘယ်လိုပေါ်ပေါက်လာခဲ့သလဲ

//s9.kh1.co/e4/e4448a19840c5a92e56647b53950e6ebeded1246.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-မတ်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

Rock n' Roll "ရော့အင်ရိုးလ်" ဂီတ ဘယ်လိုပေါ်ပေါက်လာခဲ့သလဲ

အမေရိကန်နိုင်ငံံ ၏ တေးဂီတသည် Pop တေးဂီတ၊ Blues တေးဂီတ၊ Jazz တေးဂီတ၊ ဓမ္မတေးဂီတ စသည်တို့ ရောပြွမ်းနေသည့် ဂီတ ဟင်းလေးအိုးကြီးဖြစ်ပါတယ်၊ မင်းဖစ္စမြို့ ရှိ သေးငယ်သော သူရိယဓာတ်ပြား ဆိိုင် ပိုင်ရှင် Sam Philips က "နီဂရိုး အသံ နဲ့ နီဂရိုး အာရုံ ခံစားချက်မျိုး နဲ့ သီဆိုတတ်တဲ့ မျက်နှာဖြူ တစ်ယောက်ကိုသာ ကျွန်တော်ရှာ တွေ့ခဲ့ ရင် ကျွန်တော် ဒေါ်လာသန်းတစ်ထောင် လောက် ရနိုင်မယ် ထင််တယ်" လို့ပြောဆိုခဲ့ဖူးပါတယ်၊

https://s9.kh1.co/__image/w=600,h=369,q=100/83/83b24e612a72a1b47ec0dfc5b4bc36101158d2c5.jpg

ကုန်တင်ကား မောင်းသူ၊ ရှက်စနိုးနဲ့ ယိုင်တိုင်တိုင် အမူအယာ ရှိသူ အဲလ်ဗစ်ပရက်စလေ Elvis Presley သည် ၁၉၅၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ တွင် Sam Philips ၏အိမ်တံခါးဝ သို့ ရောက်လာခဲ့ပြီး အဲလ်ဗစ်ပရက်စလေ Elvis Presley သီဆိုခဲ့ တဲ့ "That's All Right Mama" သီချင်းကို Sam Philips က "ပရက်စလေ ဟာ ရော့အင်ရိုးလ် ကို ပထမဆုံးတင်ဆက်ခဲ့ သူဖြစ်တယ်ဆိုတာ အငြင်းပွားစရာမလိုကြောင်း သမိုင်းက မှတ်တမ်း တင်ပေးသင့်တယ်" လို့ပြောဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=741,q=100/5f/5fdcc64104fe9398f5f2269fbd658a3ec342fa9e.jpg

ပရက်စလေ ဟာအောင်မြင်ကျော်ကြားသွားခဲ့ပါတယ်။ တခြားအဖွဲ့များ၊ အဆိုတော်များဖြစ်သည့် The Beattles၊ Stones၊ Dylan၊ The Boss နဲ့ Beck တို့ ထပ်မံထွက်ပေါ်လာခဲ့ကြပါတယ်၊

https://s9.kh1.co/__image/w=600,h=600,q=100/ca/ca425ea8cf89c3fe578a5a39cbda553753bec557.jpg

ယနေ့ကာလတွင် ရော့အင်ရိုးလ် ဟာ သန်းပေါင်း များစွာ ၀င်ငွေရသော တေးဂီတ လုပ်ငန်းဖြစ်လာပါတယ်၊ ဖက်ရှင်လောက တွင်လည်း အဆုံးမရှိသည့် ဒီဇိုင်းတီထွင်မှုများ ပေါ်လာအောင် စတင်ဖန်တီးပေးခဲ့ပြီး ဗြိတိန် နိုင်ငံတွင် Paul Mc Carthy သည် ဘုရင်မကြီး က ချီးမြှင့်သည့် ဆာ ဘွဲ့ကို ပထမဆုံး ရရှိသည့် ရော့အင်ရိုးလ် အဆိုကျော် ဖြစ်လာခဲ့ပါတယ်၊

https://s9.kh1.co/__image/w=600,h=800,q=100/97/972ee4347ce2cf181f04ad8e7ee307c7f58328d7.jpg

အမေရိကန် နိုင်ငံတွင်လည်း ဘီလ်ကလင်တန် သည် ပထမဆုံးသော ရော့အင်ရိုးလ် ကြိုက်သမ္မတ ဖြစ်လာခဲ့ကာ ရော့အင်ရိုးလ် ဂီတ သည် ဤမျှအထိ ဂီတ လောက ကို လှုပ်ခါ နိုင်ခဲ့တာတော့ အမှန်ပါပဲ၊

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T