အရောင်တွေရဲ့ အဓိပ္ပါယ် ….

//s9.kh1.co/36/36ae0e3ee8c57f417ad31af11aeda7c4aebe750d.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-မတ်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

အရောင်တွေရဲ့ အဓိပ္ပါယ်

အရောင် တစ်ခုချင််းစီမှာ အဓိပ္ပါယ်တွေ ရှိကြပါတယ်။ ကိုယ် ဘာအရောင်ကြိုက်လဲ ? ဘယ်လို အဓိပ္ပါယ်ရှိလဲ ? ကိုယ့် ချစ်သူ၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့် မိသားစုတွေကရော ဘာအရောင်လေးတွေ ကြိုက်တတ်လဲ? ဒီလို သူတို့ ကြိုက်နှစ်သက်တဲ့ အရာလေးတွေက တစ်ဆင့် သူတို့ စိတ်ထားလေးတွေကိုလည်း သိနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်အရောင်က ဘယ်လို အဓိပ္ပါယ်ရှိလဲ ဆိုတာ လေ့လာကြည့်ရအောင် ….

အနီရောင်

https://s9.kh1.co/__image/w=650,h=312,q=100/dc/dc3e030a6dcad8c497d3823718020fa0c1471bf4.jpg

အင်အား ကြီးမားခြင်း၊ စိတ်အား ထက်သန်ခြင်း၊ ထက်မြတ် ဖျတ်လတ်ခြင်း၊ ရည်ရွယ်ချက် ကြီးမားခြင်း၊ ဆုံးဖြတ်ချက် ခိုင်မာခြင်း၊ ရဲရင့်ပြတ်သားခြင်း၊ စိတ်ဆိုးခြင်း၊ ထိတ်လန့်ဖွယ်ကောင်းခြင်း၊ အန္တရယ်ရှိခြင်း … စသည်ဖြင့် သဘောဆောင်ပါတယ်။

အဝါရောင်

https://s9.kh1.co/__image/w=380,h=300,q=100/6a/6abac292c32649b39e3c7582aedd6743b94b9db7.jpg

ပျော်ရွှင်ခြင်း၊ တောက်ပခြင်း၊ မျှော်လင့်ခြင်း၊ သတိပေးတားမြစ်ခြင်း၊ မရိုးသားခြင်း တို့ကို အဓိပ္ပါယ် ဆောင်ပါတယ်။

လိမ္မော်ရောင်

https://s9.kh1.co/__image/w=650,h=434,q=100/bb/bbb68c34a71e1b58147239d13c802a0c65209c47.jpg

လူမှု ဆက်ဆံရေးကောင်းမွန်ခြင်း၊ အကောင်းမြင်ဝါဒ ရှိခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။

အစိမ်းရောင်

https://s9.kh1.co/__image/w=650,h=488,q=100/81/81bed99c4c6dbc5522201b32fd252e245187be87.jpg

တရားမျှတခြင်း၊ ကံကောင်းခြင်း၊ တိုးတက်ဖွံ့ဖြိုးခြင်း၊ အကောင်းမြင်တတ်ခြင်း စသည်ဖြင့် အဓိပ္ပါယ် ဖော်ဆောင်ပါတယ်။ 

အပြာရောင်

https://s9.kh1.co/__image/w=650,h=366,q=100/61/619154ab8a0301b4b1be1736b2b494895d298de4.jpg

ယုံကြည်ခြင်းနှင့် ငြိမ်းချမ်းခြင်းကို အဓိပ္ပါယ်ဖော်ဆောင်ပါတယ်။

မဲနယ်ရောင်

https://s9.kh1.co/__image/w=650,h=488,q=100/98/9806f07e7f946ea421a5e5a4c8aee067d9fdd011.jpg

အလိုလို သိခြင်း၊ စိတ်ကူးယဉ်ခြင်း၊ စိတ်ကူးကောင်းများ ရှိခြင်းတို့ကို အဓိပ္ပါယ်ဖော်ဆောင်ပါတယ်။

ခရမ်းရောင်

https://s9.kh1.co/__image/w=650,h=434,q=100/de/defd2c7458a47097023375a2f775c69ce8b308f7.jpg

စိတ်ကူးပုံဖော်ခြင်း၊ ဖန်တီးမှု အားကောင်းခြင်း စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်။

ပန်းရောင်

https://s9.kh1.co/__image/w=650,h=366,q=100/bb/bb7d6d30dc621a54ff721541f68ecf1b35286fb0.png

လှပခြင်း၊ နုပျိုခြင်း၊ သဘာဝအတိုင်း တည်ရှိခြင်း၊ ယုယကြင်နာခြင်း၊ ချစ်ခြင်း စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်။

ပန်းခရမ်းရောင်

https://s9.kh1.co/__image/w=540,h=360,q=100/b3/b3c4e58122ac829f0d554a04051b7d7f1f88a10a.jpg

လိုက်လျောညီထွေမှု ရှိခြင်း၊ စိတ်ခံစားမှု ညီမျှခြင်း စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်။

အညိုရောင်

https://s9.kh1.co/__image/w=650,h=325,q=100/f8/f824215803bb0ec05fe542dfb7c440b1d573b3c1.jpg

နွေးထွေးမှုပေးခြင်း၊ ကာကွယ်မှု ပေးခြင်း၊ မေတ္တာတရား ကြီးမားခြင်း၊ ယုံကြည်အားထားရခြင်း စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်။

ခဲရောင်

https://s9.kh1.co/__image/w=650,h=434,q=100/12/127a10029d2fd55809871aab1e22e48bb3994d84.jpg

ပဟေဠိဆန်ခြင်း၊ နားလည်ရခက်ခြင်း၊ လျှို့ဝှက်ဆန်းကြယ်ခြင်း၊ အသိဉာဏ် ကြွယ်ဝခြင်း၊ ဂုဏ်သိက္ခာ ကြီးခြင်း၊ စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်။

ရွှေရောင်

https://s9.kh1.co/__image/w=195,h=258,q=100/9c/9cc2c752b1f232780de7d58afad3c0f2b0e5df93.jpg

ကျက်သရေ ရှိခြင်း၊ ခန့်ညားခြင်း၊ တန်ဖိုးရှိခြင်း၊ ချမ်းသာ ကြွယ်ဝခြင်း စသည်ဖြင့် အဓိပ္ပါယ် ဖော်ဆောင်ပါတယ်။

အဖြူရောင်

https://s9.kh1.co/__image/w=650,h=447,q=100/80/80a746ca675015380e59e03ce0103e6b251205af.jpg

သန့်စင်ခြင်း၊ စင်ကြယ်ခြင်း၊ ဖြူစင်ခြင်း၊ အပြစ်ကင်းမဲ့ခြင်း၊ ပြီးပြည့်စုံခြင်း၊ ရိုးသားခြင်း၊ သန့်ရှင်း သပ်ရပ်ခြင်း စသည်တို့ကို အဓိပ္ပါယ်ဖော်ဆောင်ပါတယ်။

အမဲရောင်

https://s9.kh1.co/__image/w=650,h=650,q=100/3f/3fafe07f067176e475ac859494bd1262d4f55eac.jpg

ဝမ်းနည်းခြင်း၊ လျှို့ဝှက်ခြင်း၊ ထိတ်လန့် ကြောက်ရွံ့ဖွယ်ကောင်းခြင်း၊ ထက်မြတ်ခြင်း၊ ကြွယ်ဝခြင်း၊ ခန့်ညား တင့်တယ်ခြင်း စသည်ဖြင့် အဓိပ္ပါယ် ဖော်ဆောင်ပါတယ်။ 

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T