"Me at the Zoo" ဟာ 2005 ခုနှစ်၊ ဧပြီလ 23 ရက်နေ့၊ 8:31:52 နာရီတွင် YouTube မှာ တင်ခဲ့တဲ့ ပထမဆုံးဗီဒီယိုဖြစ်ပါတယ်။ အဆိုပါဗီဒီယိုကို YouTube ရဲ့တွဲဖက်တည်ထောင်သူ Jawed Karim မှ လွှင့်တင်ခဲ့ပြီး အဲ့ဒီနေ့မှာပဲ သူဟာ " Jawed " ဆိုတဲ့ နာမည်နဲ့ Channel မှာ တင်ခဲ့တာဖြစ်ပါတယ်။ " Jawed " ဆိုတဲ့ နာမည်နဲ့ Account ကိုလည်း အဲ့ဒီနေ့မှပဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Jawed Karmin ကို ၁၉၇၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွေ မွေးဖွားခဲ့တာဖြစ်ပါတယ်။


သူဟာ ဘင်္ဂလားဒေ့ရှ် နှင့် ဂျာမန်နွယ်ဖွား အမေရိကန် ဆော့ဖ်ဝဲ အင်ဂျင်နီယာ နှင့် အင်တာနက် စွန့်ဦးတီထွင်သူ ဖြစ်ပါတယ်။ သူဟာ YouTube ရဲ့ ပူးတွဲတည်ထောင်သူဖြစ်ပြီး YouTube မှာ ဗီဒီယိုဖိုင်ကို ပထမဆုံး တင်သူလည်းဖြစ်ပါတယ်။ ဗီဒီယိုကိုတော့ Karim ရဲ့ ကင်မရာကို အသုံးပြုပြီး San Diego Zoo မှာ သူ့ရဲ့ အထက်တန်းကျောင်းသူငယ်ချင်း Yakov Lapitsky က ရိုက်ကူးခဲ့တာပါ။


ဗီဒီယိုထဲမှာဆိုရင် အသက် ၂၅ နှစ်အရွယ် Karim ဟာ ဆင်တွေရှေ့မှာ ရပ်နေတာ ဖြစ်ပြီး ဆင်တွေရဲ့ မှတ်တမ်းရယူနေတာဖြစ်ပါတယ်။ အဆိုပါဗီဒီယိုဟာ 2022 ခုနှစ်မတ်လအထိ YouTube တွင်ကြည့်ရှုသူ 224 သန်းကျော်ရရှိခဲ့ပါတယ်။ Karim ဟာ PayPal တွင်အလုပ်လုပ်နေစဉ်အတွင်း YouTube တွဲဖက်တည်ထောင်သူ Steven Chen နှင့် Chad Hurley တို့နှင့်တွေ့ဆုံခဲ့ပြီး အချိန်နှင့်တစ်ပြေးညီ အင်တာနက်လိမ်လည်မှုတိုက်ဖျက်ရေးစနစ်အပါအဝင် အဓိကအစိတ်အပိုင်းများကို ဒီဇိုင်းထုတ်ခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia