ခြေဖဝါးတွေဘာကြောင့် အနံ့နံရသလဲ?

//s9.kh1.co/86/8668ceeb813d781b3af97b14d097c2ddbf6fcfa5.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-မတ်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ခြေဖဝါးတွေဘာကြောင့် အနံ့နံရသလဲ?

ခြေဖဝါးတွေ နံစော်ရတဲ့အကြောင်းအရင်းတစ်ခုကတော့ ဘက်တီးရီးယားပိုးတွေကြောင့်ပါ။ ဘက်တီးရီးယားပိုးတွေက ခြေထောက်မှာကပ်တွယ်နေပြီး ချွေးစိုနေတဲ့ရှူးဖိနပ်ထဲ စိုစွတ်ပြီးမှောင်တဲ့နေရာတွေကို နှစ်သက်ကြပါတယ်။ ချွေးထဲမှာ ပိုးတွေပွားလာပြီး ခြေအိတ်မစွပ်ဘဲ ဖိနပ်စီးလိုက်တဲ့အခါ ခြေဖ​ဝါးကိုရောက်လာပါတယ်။ ဒီပိုးတွေက ခြေဖဝါးမှာရှိတဲ့ အရေပြားဆဲလ် အသေတွေနဲ့ ခြေဆီတွေကိုစားသုံးပြီးရှင်သန်ကြပါတယ်။ ဘက်တီးရီးယားပိုးတွေ တဖြည်းဖြည်းကြီးထွားလာပြီး အနံ့နံတဲ့ organic acid တွေကို အညစ်အကြေးအဖြစ်စွန့်ထုတ်လိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=495,q=100/a1/a1e54b71fd5ce61b7fe9266399e1f07e701b9e22.jpg

10% - 50% လောက်သောသူတွေဟာ ခြေဖဝါးချွေးထွက်လွန်တဲ့အတွက် Kyetococcus လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေ တွယ်ကပ်နေထိုင်ကြပါတယ်။ ဒီပိုးတွေက အနံ့ပြင်းတဲ့ ဆာလ်ဖာဒြပ်ပေါင်းတွေကို ထုတ်လွှတ်တဲ့အတွက် ခြေထောက်ဟာ ပုပ်စော်နံဟောင်လာပါတယ်။ ဆာလ်ဖာဒြပ်ပေါင်းကတော့ ကြက်ဥပုပ်နံလိုပဲ အနံဆိုးရွားပြင်းထန်ပါတယ်။

နံနေတဲ့ ခြေထောက်တွေအတွက် ဘာလုပ်ကြမလဲ?

https://s9.kh1.co/__image/w=650,h=445,q=100/fc/fc2d624ea789270810f39303ba792599bda04013.jpg

ပုံမှန်တော့ ခြေထောက်နံတာက စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ဒီအနံကြောင့် မိမိသာမက အခြားသူတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်တော့ အသုံးဝင်မယ့် အချက်လေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

1. သန့်ရှင်းစွာထားပါ။

ခြေထောက်ကိုနေ့စဉ်ဆေးကြောပါ။ ဒီအတိုင်းရေလောင်းဆေးတာထက်စာရင် ရေပုံးထဲမှာနှစ်ပြီး ပွတ်တိုက်ဆေးကြောပါ။

2. မှန်ကန်တဲ့ခြေအိတ်စွပ်ပါ။

https://s9.kh1.co/__image/w=640,h=600,q=100/49/49e33d967a0f0aa98a027781e6726083f5fd4f6c.jpg

အားကစားသမားတွေအတွက်ထုတ်ထားတဲ့ ချည်သား၊ သိုးမွှေးနဲ့ အချို့သောခြေအိတ်တွေ က ချွေးစုပ်နိုင်ပြီး လေဝင်လေထွက်ကောင်းပါတယ်။ နေ့တိုင်းသန့်ရှင်း တဲ့ခြေအိတ်လဲဝတ်ပါ။ ခြေအိတ် စိုရင်လည်း အသစ်လဲဝတ်ပါ။

3. ရှူးဖိနပ်ကို အရမ်းကျပ်ကျပ်မစီးပါနဲ့။

ဖိနပ်အရမ်းကြပ်လွန်းရင် ပုံမှန်ထက် ချွေးပိုထွက်စေပါတယ်။

4. ရှူးဖိနပ်များကို လဲလှယ်စီးပါ။

ရှူးဖိနပ်တစ်ရံတည်းကိုပဲ နေ့တိုင်းစီးရင်ညစ်ပတ်ပြီး အနံ့ထွက်လာပါလိမ့်မယ်။ ရက်အတော်ကြာနေလှန်းပြီးမှ ပြန်စီးပါ။

https://s9.kh1.co/__image/w=650,h=813,q=100/dd/dd36d756bbd4c88d47e30ff815ba0173a7324a33.jpg

5. ဘက်တီးရီးယားပိုးတွေ တွယ်ကပ်မနေအောင် ပိုးသတ်ပါ။

ရှူးဖိနပ်ထဲကို ပိုးသတ်ဆေးဖြန်းပါ။ နေလှန်းပါ။ ခြေထောက်ကို ပိုးသတ်ဆပ်ပြာနဲ့တိုက်ဆေးပါ။

6. ရှူးဖိနပ်ကို တိုက်ချွတ်ဆေးကြောပါ။

ရှူးဖိနပ်များကို လျှော်ဖွတ်ဆေးကြောခြင်းဖြင့် အနံ့အသက်ကင်းဝေးပြီး သန့်ရှင်းစေ ပါတယ်။ သေသေချာချာခြောက်မှ ပြန်စီးပါ။

7. ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ရှူးဖိနပ်တွေလုံးဝမစီးပါနဲ့။

ပလတ်စတစ်နဲ့ အချို့သောအရာတွေက လေဝင်လေထွက်မကောင်းပါဘူး။

8. ခြေဗလာနဲ့နေပါ။

https://s9.kh1.co/__image/w=650,h=367,q=100/a2/a23c0d3cbb3c321199b504c47251c50a6ed05298.jpg

ခြေထောက်တွေကို လေနဲ့ထိတွေ့ပါစေ (အထူးသဖြင့် ညဘက်တွင်) ဒါပေမယ့် အပြင်ထွက်ရင်တော့ ခြေဗလာနဲ့ မသွားပါနဲ့။ ပိုးမွှားတွေကပ်ပါလာနိုင်ပါတယ်။

9. ရှူးဖိနပ်နဲ့ခြေအိတ်တွေကို အခြားသူနဲ့ မျှဝေသုံးစွခြင်းမပြုပါနဲ့။

တခြားသူဆီက ပိုးမွှားတွေ ကူးစက်နိုင်ပါတယ်။

ဒီအချက်တွေနဲ့မှ ခြေထောက်အနံ့မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ညွှန်ကြားတဲ့အတိုင်းလိုက်နာပါ။

https://s9.kh1.co/__image/w=414,h=414,q=100/84/84189e442c2b0ac4e46e03aaeb8c36ca4e6ed5a4.jpg

ခြေထောက်နံတတ်သူတွေအတွက် အကောင်းဆုံးကတော့ အပြင်ထွက်မှပဲ ရှူးဖိနပ်ကိုစီးပါ။ အိမ်မှာ ခြေထောက်ကို သန့်ရှင်းစွာထားပြီး ခြေဗလာနဲ့ပဲနေပါ၊

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T