ရွှေတိဂုံစေတီတော် အောက်ခြေက လျှို့ဝှက်ချက် နှစ်ခု

//s9.kh1.co/86/869bf9f06229d974eb388b63cf63ca11fc6280a9.jpg
ဗဟုသုတအဖြာဖြာ

 ၃၁-မတ်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

ရွှေတိဂုံစေတီတော်အောက်က လျှို့ဝှက်ချက် နှစ်ခု

ရွှေတိဂုံစေတီတော်ကြီးဟာ မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်နေရာတစ်ခုဖြစ်ပါတယ် ။ သို့သော်လည်း ရွှေတိဂုံဘုရားရဲ့ စေတီတော်အောက်က လျို့ဝှက်ချက်တွေ အကြောင်းရော သိကြလားလို့မေးရင် ကြားဖူးသူလည်းရှိသလို မကြားဖူးသူများလည်းရှိမှာပါ ။ ရှေးခေတ်က အာမေးနီးယန်းလူမျိုး တစ်ယောက်ကတော့ ရွှေတိဂုံစေတီတော် အောက်ကလျို့ဝှက်ချက် (၂) ခု ကို ပြောပြခဲ့ဖူးပါတယ် ။

https://s9.kh1.co/__image/w=650,h=481,q=100/17/177e8df7c2c5719fc4ebac917ac24e244a7ae4ae.jpg

မစ္စတာအပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊ သူ့ရဲ့အသက်(၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့ အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ ရသေ့ကြီးတစ်ပါးနဲ့တွေ့လို့ ချဉ်းကပ်တောင်းပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ဆိုပါတယ်။

https://s9.kh1.co/__image/w=600,h=478,q=100/ee/ee5096eb43f1b308a9fe13f440cbfe83e95a7b05.jpg

ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့လမ်း တစ်လျှောက်လုံးမှာ ယောဂီဝတ်နဲ့နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ်လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်း တည်ဆောက်ထားတယ်။ အလယ်တိုင်မရှိ ဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိတယ်။

https://s9.kh1.co/__image/w=600,h=812,q=100/c2/c22df1cf11bf708469ede73aeb6b20182ca8bf70.jpg

ရေတွင်းဟာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ရေတွင်းထဲမှာ အလျား (၆) ပေခွဲခန့်ရှိပြီး ကျောက်မျက်ရတနာများနဲ့ စီချယ်ထားတဲ့ ရွှေကရဝိတ်လှေ တစ်စင်းရှိတယ်။ လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ အနိမ့်အမြင့်လှုပ်ရှားနေတယ်။ ကရဝိတ်ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ်လျှက်ရှိတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/3b/3bc7d341bc9e3806053be9b24477cd06e6bc9a16.jpg

ဒါပေမဲ့ပုဝါလွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ ထူခြားချက်မှာ တစ်ခန်းလုံး ထိန်လင်းနေခြင်းဖြစ်တယ်။ တစ်ခုတည်းသော အလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။ ထုထည်ကြီးမားလှတဲ့ စေတီအဆောက်အအုံကြီးကို ပင်မအလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့ သာတည်ဆောက်ခဲ့တယ်။ ပင်လယ်ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့အလင်းရောင် ယူထားပုံက ရှေးဗိသုကာတွေရဲ့ လက်ရာဖြစ်တယ်။ 

https://s9.kh1.co/__image/w=580,h=638,q=100/f0/f041939a83e2e0946e40fc1859bca9380bdadd8a.jpg

ခမ်းနားဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတာဖြစ်လို့ နှောင်းလူတွေ သုတေသနပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကို မြေပုံဆွဲလို့ တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပကအဖွဲ့ကလည်း မစ္စတာအပရမေကို တွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက်တည်နေရာကို လိုက်လံပြသစေတဲ့အခါမှာ ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ ဆုတောင်းပြည့်တန်ဆောင်း နေရာမှာ ရှိတယ်ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများ ထပ်မံ မွမ်းမံပြင်ဆင်ထားမှုကြောင့် အတိအကျပြသနိုင်ခြင်းမရှိပဲ ဆုတောင်းပြည့်စေတီရဲ့ လှိုဏ်ဂူအောက်မှာသာ ရှိတယ်လို့ ခန့်မှန်းညွှန်ပြ သွားနိုင်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/0c/0ce18a3bffdd1a533d71104ed84aea1855b66699.jpg

ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း ဌာပနာတိုက်ကြီးအကြောင်းကို နှောင်းလူများ သိရှိစေရန်ထပ်မံ ဖော်ပြရခြင်းဖြစ်ပါတယ်။

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T