နေ့စဉ်ဘဝကနေ ရုန်းထွက်ပြီး ပြင်ပကမ္ဘာကို စူးစမ်းဖို့အတွက် လေဆိပ်များကို လွတ်မြောက်ရန် တံခါးပေါက်အဖြစ် ကာလကြာရှည်စွာ ရှုမြင်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ 14 နှစ်က ဘေဂျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာဆိုရင်လည်း " ထွက်ပြေး " ဆိုတဲ့စကားရဲ့ တစ်ဖက်ကို ကျော်ပြီး လေဆိပ်မှာပဲ နေထိုင်ခဲ့ပါတယ်။ အသက် 60 အရွယ် တရုတ်အမျိုးသား Wei Jianguo ဟာ 2008 ခုနှစ်ကတည်းက လေဆိပ် Terminal 2 တွင် နေထိုင်ခဲ့ပါတယ်။ ဘယ်တော့မှ မထွက်ရတဲ့ အကြောင်းရင်းက သူ့မိသားစုတွေထဲက ဘယ်သူမှ နှောင့်ယှက်တာကို မခံရပဲ ဆေးလိပ်၊ အရက်သောက်ချင်လို့ပါ။

မိမိတို့အားလုံးနီးပါးလည်း မိသားစုရဲ့ ဝင်ရောက်စွက်ဖတ်တာကို ခံရလေ့ရှိတာကြောင့် အားလပ်ရက်ကို တောင်းတလေ့ရှိပါတယ်။ အများစုဟာ နောက်ဆုံး အိမ်ပဲပြန်ကြပါတယ်။ ဒါပေမယ့် Wei (ဝေ) ဟာ သူ့ရဲ့ အားလပ်ရက် ကိုတော့ ဘယ်တော့မှ မကုန်ဆုံစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက China Daily ကို "ကျွန်တော့်မှာ လွတ်လပ်ခွင့်မရှိလို့ အိမ်မပြန်နိုင်ဘူး။ ကျွန်တော့်မိသားစုက ကျွန်တော်ကို နေချင်ရင် ဆေးလိပ်ဖြတ်ရမယ်၊ အရက်ဖြတ်ရမယ်၊ အဲဒီလို မလုပ်နိုင်ရင် သူတို့ကို လစဉ် အစိုးရထောက်ပံ့ကြေး ယွမ် ၁,၀၀၀ (AU$200) ပေးရမယ်တဲ့။ အဲ့လိုပေးရင် ကျွန်တော်ရဲ့ ဆေးလိပ်နဲ့အရက်ဖိုးကို ဘယ်လိုပေးမလဲ " လို့ပြောခဲ့ပါတယ်။

Wei ဟာ အသက် ၄၀ အရွယ်တွင် အလုပ်မှထုတ်ပယ်ခံရပြီးနောက် အလုပ်သစ်ရှာဖို့ ရုန်းကန်ခဲ့ရပါတယ်။ အကြောင်းမှာ သူက အသက် အရမ်းကြီးနေလို့ပါပဲ။ အဲ့လိုနဲ့သူဟာ အစိုးရထောက်ပံ့ကြေးနဲ့ နေခဲ့ပြီးနောက် မိသားစုရဲ့ ဒဏ်ကိုမခံနိုင်တဲ့အဆုံး လေဆိပ်ဆီ ထွက်လာခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက သူဟာ လေဆိပ်မှာ အကြာဆုံး နေထိုင်ခဲ့သူမဟုတ်ပါဘူး။ တူရကီအမျိုးသား Bayram Tepeli ဟာ Wei ရဲ့ အလားတူအကြောင်းပြချက်ဖြင့် ၁၉၉၁ ခုနှစ်တွင် Ataturk လေဆိပ်သို့ ပြောင်းရွှေ့ခဲ့ပြီး 2019 ခုနှစ်တွင် လေဆိပ်မပိတ်မီ 27 နှစ်ကြာနေထိုင်ခဲ့ပါတယ်။ ယခုသူဟာ Sabiha Gokcen လေဆိပ်တွင် နေထိုင်လျက်ရှိပါတယ်။

Daily Sabah ရဲ့ အဆိုအရ Tepeli ဟာ အလုပ်ရှာရန် Istanbul သို့ မပျံသန်းမီ မိသားစုပြဿနာကြောင့် သူ့ရဲ့မွေးရပ်မြေ Gemlik ကနေ ထွက်ခွာခဲ့ပါတယ်။ သူ့သူဌေးရဲ့ လမ်းညွှန်ချက်အတိုင်း လေဆိပ်မှာ အလုပ်သစ်ရှာဖို့ ကြိုးစားခဲ့တယ်။ သူဟာ အချိန်တိုအတွင်း အလုပ်လုပ်နိုင်ခဲ့ပြီး ထိုစဉ်ကတည်းက နေထိုင်ခဲ့ပါတယ်။ သူက Daily Sabah ကို " ကျွန်တော်သူဌေးဟောင်းက ကျွန်တော်ကို မင်းအတွက် နေစရာရှာဖို့မလိုတော့ရင် အဲ့တာမင်းအတွက် အလုပ်ပဲ လို့ ပြောခဲ့တယ်။ အဲ့တာနဲ့ ကျွန်တော်လည်း ဒီကို ရောက်လာခဲ့တယ် "

ကျန်းမာရေးပြဿနာများ ကြုံတွေ့ပြီးနောက် လေဆိပ်တွင် အလုပ်မှ အတင်း ထွက်ခိုင်းခံရပေမယ့်လည်း သူဟာ လေဆိပ်က ဂိတ်တစ်ခုကို သူ့အိမ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့အကြောင်းကိုလည်း ရုပ်ရှင်ကားတောင် ရိုက်ကူးထားပါသေးတယ်။ ဘေဂျင်းမှာတော့ Wei က Wangjing မှာရှိတဲ့ သူ့အိမ်ဆိ ပြန်ပို့ဖို့ ပြုလုပ်နေတဲ့ ရဲတွေ လုံခြုံရေးတွေနဲ့ မကြာခဏဆိုသလို ရင်ဆိုင်နေရလေ့ရှိပါတယ်။ ဒါပေမယ့် သူဟာ လေဆိပ်ဆီ ပြန်လာဖို့အတွက် အမြဲ လမ်းတော့ရှိခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ သူက “ကျွန်တော်က အမြဲ နှင်ထုတ်ခံရတယ်၊ ဒါပေမယ့် ကျွန်တော်ဟာ နည်းလမ်းဟောင်းအတိုင်း ပြန်လာခဲ့ပါတယ်။ အနည်းဆုံးတော့ လေဆိပ်မှာ လွတ်လပ်ခွင့်ရှိတယ်လေ ”


သတင်း အရင်းအမြစ်៖ Ladbible