မြန်မာ့ရိုးရာသင်္ကြန်နဲ့ ဆင်တူတဲ့ ကမ္ဘာအနှံ့က ရေသဘင်ပွဲတော်များ

//s9.kh1.co/6a/6af3e5989291fcb416c1aabb53b71f3e9fef4af2.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-မတ်-၂၀၂၂ ၈am · လွန်ခဲ့သော ၂ နှစ် က

.

နွေအလယ်မှာ မိုးဦးကို ကြိုဆိုရင်း ရေသဘင်ပွဲတော် ဆင်နွှဲလေ့ရှိတာ မြန်မာတစ်နိုင်ငံတည်းလို့ ထင်ရင် မှားသွားပါလိမ့်မယ်။ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံအချို့မှာလည်း ရေနဲ့ ဆင်နွှဲတဲ့ ရိုးရာပွဲတော်လေးတွေ ရှိပါတယ်။ ပရိသတ်တွေ အပျင်းလည်းပြေ၊ ဗဟုသုတလည်း ရအောင် အဲဒီပွဲတော် ၆ ခုကို ဖော်ပြပေးလိုက်ပါတယ်နော်။

https://s9.kh1.co/__image/w=650,h=433,q=100/fd/fd54d2709303665aeabb5fd5f7eabfd65add5a95.jpg

1. ထိုင်းနိုင်ငံက ဆုန်ခရမ် ပွဲတော်

ထိုင်းရဲ့ ခရီးသွားလုပ်ငန်းအတွက် အရမ်းအရေးပါတယ်လို့ ပြောရလောက်အောင် နာမည်အကြီးဆုံး ပွဲတော်တစ်ခုပါ။ နှစ်ဟောင်းကနေ နှစ်သစ်ကို အကူးမှာ ရေနဲ့ ဆေးကြောသန့်စင်တယ်ဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ လုပ်တာမို့ မြန်မာနဲ့ အတူတူပါပဲ။

https://s9.kh1.co/__image/w=650,h=434,q=100/dd/ddaa025e39c8ccceccacc0ed526084b905a0b19e.jpg

2. တရုတ်နိုင်ငံရဲ့ ဒိုင် (Dai) ရေဖြန်းပွဲတော်

တရုတ်နိုင်ငံ အရှေ့တောင်ဘက်မှာ ကျင်းဟုန်ဆိုတဲ့ မြို့လေး ရှိပါတယ်။ မြန်မာနိုင်ငံနယ်စပ်နဲ့ နီးတဲ့ မြို့လေးပါ။ ၃ ရက်တာ ကျင်းပတဲ့ ဒီပွဲတော်လေးဟာ မြန်မာ့သင်္ကြန်ဆီက ကူးစက်ပျံ့နှံ့သွားတဲ့ ယဥ်ကျေးမှု ဖြစ်ပါလိမ့်မယ်။

https://s9.kh1.co/__image/w=650,h=476,q=100/54/543ba514a629cf1a485e3aed99de17aa01e2f01a.jpg

3. ကမ္ဘောဒီးယား နှစ်သစ်ကူးပွဲတော်

သူ့နာမည်လေးက ခေါ်ရခက်တဲ့ Chaul Chnam Thmey ဖြစ်ပါတယ်။ သင်္ကြန်လိုပဲ ရေလောင်း ရေပက်ကြ၊ ဆိုကြ၊ ကကြနဲ့ ပျော်စရာကြီးပါ။ မုန့်လုံးရေပေါ်လိုမျိုး သူတို့ဆီမှာလည်း သင်္ကြန်စာလေးရှိပါတယ်။ အဲဒီမုန့်ကို ပဲရယ် အုန်းသီးရယ် ဆန့်မုန့်ရယ် ပေါင်းပြီး ဝါးကျည်တောက်လေးနဲ့ ပြန်ကင်ထားတာပါတဲ့။ စားချင်စရာလေးပဲနော်။

https://s9.kh1.co/__image/w=650,h=434,q=100/dd/ddaa025e39c8ccceccacc0ed526084b905a0b19e.jpg

4. အာမေးနီးယားနိုင်ငံရဲ့ ဗာဒဗာပွဲ

သူတို့ကတော့ ကောက်သစ်စားပွဲအနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။ ဗာဒဗာဆိုတာက နတ်ဘုရားမရဲ့ နာမည်ပါ။ ကောက်ပဲသီးနှံ အထွက်တိုးအောင် စောင့်ရှောက်ပေးတဲ့ နတ်ဘုရားမ ဖြစ်ပြီး သူမဟာ နှင်းဆီပွင့်လေးနဲ့ ရေစင်သွန်းလောင်းပေးတယ်ဆိုတဲ့ ဒဏ္ဍာရီ ရှိပါတယ်။ ဒါကြောင့် သူမကို ပူဇော်တဲ့ အထိမ်းအမှတ်အနေနဲ့ ရေစင်သွန်းလောင်းပြီး ပွဲကျင်းပတာ ဖြစ်ပါတယ်တဲ့။

https://s9.kh1.co/__image/w=600,h=350,q=100/c3/c30d55b8e710241d4d56945d5c2126e088ebd536.jpg

5. အိန္ဒိယတောင်ပိုင်းက ရေသဘင်ပွဲတော်

အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ မိုးဦးမကျခင် မိုးကို ကြိုဆိုတဲ့အနေနဲ့ ကျင်းပတဲ့ပွဲပါ။ Aadi Perukku ပွဲတော်လို့ အမည်ရပြီး ရေတံခွန်၊ ရေကန်၊ မြစ်ကမ်းနံဘေးတွေမှာ စားကောင်းသောက်ဖွယ်တွေ တည်ခင်းရင်း ရေကစားကြတဲ့ အစဥ်အလာလေးပါ။

https://s9.kh1.co/__image/w=650,h=430,q=100/f5/f54576a9e24c02ccf389d053e10c9052a52cc98f.jpg

6. တောင်ကိုရီးယား ရွှံ့ပွဲတော်

ရေပွဲတော်မဟုတ်ပေမဲ့ ရေနဲ့ နီးစပ်တဲ့ ရွှံ့တွေနဲ့ ပစ်ပေါက်ပြီး ဆော့ကစားကြတာ ဖြစ်ပါတယ်။ ဘော်ယောင်းပွဲတော်လို့ ခေါ်ကြပြီး ဘော်ယောင်းဒေသရဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ ရွှံ့တွေကို လူသိများအောင် ကြော်ငြာဖို့ ကျင်းပရင်းကနေ အစဥ်အလာတစ်ခု ဖြစ်သွားတာပါ။

https://s9.kh1.co/__image/w=630,h=420,q=100/4b/4b204e80a59b27602d712d491c90fcc98117afa8.jpg

အခုပြောပြခဲ့တဲ့ ပွဲတော်လေးတွေကို ဖတ်ပြီး ကိုယ့်ရိုးရာ သင်္ကြန်လေးကိုလည်း လွမ်းနေကြပြီမဟုတ်လား။

Ref : https://swirled.com/best-water-festivals-around-world/

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T