ပတ်စပို့တွေဟာ နိုင်ငံအလိုက် အရောင်မတူကြပါဘူး။ အရင်တုန်းကတော့ အဲဒီ ပတ်စပို့်စာအုပ် တွေဟာ နိုင်ငံရဲ့ အလံပေါ်မှာ ရှိတဲ့ အရောင်တွေဟာ ကိုယ်ကြိုက်တဲ့ အရောင်တွေ ယူထားတာလို့ ထင်ခဲ့ကြဖူးမှာပါ။
အမှန်တကယ်တော့ ပတ်စပို့စာအုပ် တွေဟာ နိုင်ငံရဲ့ အလံပေါ်မူတည် ပြီး ကွဲပြားခြားနားသွားတာ ဖြစ်ပါတယ်။

ဥပမာဆိုရင် မြန်မာ့ပတ်စပို့ စာအုပ် ဆိုရင် ကြက်သွေးရောင် အဖျော့ ရှိပြီး အဲဒါဟာ အရင်တုန်းက အရွယ်တူကြယ်ဆယ့်လေးလုံး နဲ့ အလံ ကို အရောင် ကို ရည်ညွန်းခဲ့တာဖြစ်ပြီး ဆော်ဒီအာရေဗျ ရဲ့ ပတ်စပို့ အရောင် ဟာ အစိမ်းရောင် ဖြစ်ပြီး သူတို့နိုင်ငံရဲ့ အလံကတော့ အစိမ်းရောင်ပါ။

ကမ္ဘာပေါ်မှာ ဆွစ်ဇာလန်ကို လူသိများစေတာက ကြက်ခြေနီ နဲ့ ဟင်နရီဒူးနန့် ကြောင့်ဖြစ်ပြီး ကမ္ဘာ့ ကြက်ခြေနီရုံးချုပ် ကလည်း အဲဒီမှာ ရုံးစိုက်ပါတယ်။ ဒါကြောင့် ဆွစ်ဇာလန်နိုင်ငံရဲ့ ပတ်စပို့စာအုပ်အရောင် ကတော့ တောက်ပတဲ့ အနီရောင်ပါ။ မော်ဒန်နီ လို့ ခေါ်လို့ ရသလို ရဲရင့်တဲ့ အရောင်လို့လည်း ပြောလို့ ရပါတယ်။
ပတ်စ်ပို့စ် စာအုပ်တွေ ရဲ့ အကြောင်း ကို အီကောနောမစ် မဂ္ဂဇင်း က ဖော်ပြခဲ့တာတော့ ဒီလိုပါ။

- ခရိုအေရှား နိုင်ငံ ကလွဲလို့ ဥရောပ ယူနီယံ အသင်းဝင် နိုင်ငံတွေ ဟာ ပတ်စပို့စ် စာအုပ်တွေဟာ ကြက်သွေးရောင် အရင့်တွေ သုံးစွဲထားပါတယ်။
- EU ပတ်စပို့ကတော့ ပန်းနုရောင် ဖြစ်ခါနီး မရမ်းစေ့ ရောင်ဖြစ်ပါတယ်။

- ပတ်စပို့စ် ရဲ့ အဆင့်အတန်းကို A နဲ့ B ခွဲခြားထားပါတယ်။ အဲဒီအဆင့်တွေအရ Rank 1 မှာ အမေရိကန်ပြည်ထောင်စု နဲ့ အင်္ဂလန်နို်င်ငံ ပါရှိပြီး ဒုတိယ အဆင့် မှာ ဂျာမနီ၊ တောင်ကိုးရီးယား၊ ပြင်သစ် တို့ပါရှိတဲ့ Rank 3 မှာတော့ အီတလီ၊ ဆွီဒင် တို့ပါရှိပါတယ်။ နောက်ပိုင်းနိုင်ငံတွေကတော့ ပတ်စပို့ rank တွေ အမျိုးမျိုးကွဲပြားသွားပါတယ်။
- အမေရိကန်နိုင်ငံ က အပြာရင့်ရောင်ဖြစ်ပါတယ်။

- ထူးထူးခြားခြား အနက်ရောင် ပတ်စပို့ကိုတော့ US Consular Service ရဲ့ နှစ် ၂၀၀ ပြည့် မှာ သုံးစွဲခဲ့ဖူးပါတယ်။
- Passport Index ဟာ နိုင်ငံတိုင်းမှာ ရှိတဲ့ Passport တွေရဲ့ အဆင့်အတန်းကို ခွဲခြားပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
- ပတ်စပို့ရဲ့ အဆင့်အတန်း ကို ဒီလို ခွဲခြားပါတယ်။

ပတ်စပို့်ကိုင်ဆောင်သူတစ်ဦး ဟာ နိုင်ငံအတွင်းကို ၀င်ရောက်လာုပြီ ဆိုပါက လေဆိပ် လုံခြုံရေးမှာ ဖြစ်စေ၊ တခြား နယ်စပ် ၀င်ပေါက် ကနေ ဖြစ်စေ စတင် စစ်ဆေးပါတယ်။ အဲဒီမှာ အဲဒီ လူတစ်ယောက် ရဲ့ ကိုယ်ရောက်တဲ့ ဒေသ၊ ခရီးအပေါ် ကို အကျိုးပြုမှု ရှိခြင်း - မရှိခြင်း ၊ အဲဒီဧည့်သည် ဟာ နိုင်ငံရဲ့ လူနေမှု ၀န်းကျင်အပေါ်ကို ဒုက္ခ ပေးခြင်း- မပေးခြင်း ၊ အဲဒီဧည့်သည် ဟာ နိုင်ငံနဲ့ လူမျိုးအပေါ် ကို အမှန်တကယ် အသုံးဝင်မှု ရှိခြင်း-မရှိခြင်းတွေ နဲ့ပဲ ပိုင်းခြားတယ် လို့ ဆိုပါတယ်။