Anna Elisabeth Johansson Bågenholm ဟာ (1970 တွင်မွေးဖွား) ဆွီဒင်နိုင်ငံ Vänersborg မှ ဓာတ်မှန်ဗေဒပညာရှင်တစ်ဦးဖြစ်ပါတယ်။ 1999 ခုနှစ်တွင် သူမဟာ နှင်းလျှောစီးမတော်တဆမှုတစ်ခု ဖြစ်ပွားပြီးနောက် လွတ်မြောက်လာခဲ့ဖူးပါတယ်။ သာမာန်မတော်တဆမှုနဲ့ မတူပဲ သူမဟာ အေးခဲနေတဲ့ရေထဲမှာ မိနစ် 80 ကြာ ပိတ်မိနေခဲ့တာပါ။


ထိုအချိန်အတောအတွင်း သူမဟာ အလွန်အမင်း အပူချိန်ကျဆင်းလာပြီး သူမရဲ့ခန္ဓာကိုယ်အပူချိန်ဟာ 13.7°C (56.7°F) အထိ ကျဆင်းသွားကာ မှတ်တမ်းတင်ထားသမျှ လူသားတစ်ယောက်ရဲ့ အနိမ့်ဆုံး ကိုယ်အပူချိန်များထဲမှ တစ်ခုဖြစ်ခဲ့ပါတယ်။ Bågenholm ဟာ ရေခဲပြင်အောက်တွင် လေအိတ်တစ်လုံးကို ရှာဖွေနိုင်ခဲ့ပေမယ့်လည်း ရေထဲတွင် မိနစ် ၄၀ ကြာပြီးနောက် သွေးလည်ပတ်မှု ရပ်တန့်သွားပါတယ်။

ကယ်ဆယ်ပြီးနောက် Bågenholm ကို ရဟတ်ယာဉ်ဖြင့် Tromsø တက္ကသိုလ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆရာဝန်တစ်ရာကျော်နှင့် သူနာပြုအဖွဲ့တစ်ဖွဲ့ဟာ သူမရဲ့အသက်ကို ကယ်တင်ရန် ကိုးနာရီကြာ အဆိုင်းလိုက်အလုပ်လုပ်ခဲ့ကြပါတယ်။ Bågenholm ဟာ မတော်တဆမှုအပြီး ဆယ်ရက်အကြာတွင် နိုးလာပြီး လည်ပင်းအောက်ပိုင်းသေသွားကာ အထူးကြပ်မတ်ကုသဆောင်တွင် နှစ်လကြာနေခဲ့ပြီး သက်သာလာခဲ့ပါတယ်။

သူမဟာ ထိုအဖြစ်အပျက်မှ အပြည့်အဝနီးပါး ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့်လည်း 2009 ခုနှစ်နှောင်းပိုင်းတွင် သူမဟာ အာရုံကြောဒဏ်ရာနှင့်ဆက်စပ်တဲ့ လက်နှင့်ခြေတို့တွင် သေးငယ်သောရောဂါလက္ခဏာများကို ခံစားနေရဆဲဖြစ်ပါတယ်။ Bågenholm ရဲ့အမှုကို ထိပ်တန်းဗြိတိန်ဆေးပညာဂျာနယ် The Lancet နှင့် ဆေးဘက်ဆိုင်ရာဖတ်စာအုပ်များတွင် ဆွေးနွေးထားပါတယ်။ ရေခဲအောက်မှာ မိနစ် ၈၀ နေခဲ့ပြီးနောက် ကမ္ဘာ့အအေးဆုံး အမျိုးသမီးဖြစ်ခဲ့သလို အသက်ဘေးကနေလည်း လွတ်မြောက်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Funeralwise