ဇာတ်တော်မှာ ဒသာဂီရီဘီးလူးဟာ မယ်သီတာကိုပရိယာယ်ဖြင့် ဖမ်းဆီးပြီး ပန်းရထားဖြင့်တင်ဆောင်ကာထွက်ပြေးတယ်လို့ဖော်ပြထားတယ်။ အဲ့ကတည်းမှ ပျံသန်းမှု သမိုင်းကစတင်နေပြီး 1875ခုနှစ် အိန္ဒိယဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရှေးဟောင်းဟိန္ဒူဘာသာနဲ့ ရေးထားတဲ့စာအုပ်တစ်အုပ်ကို တွေ့ရှိခဲ့ပါတယ်။အဆိုပါစာအုပ်ထဲမှာ ကမ္ဘာ့ဆွဲအားကိုဆန့်ကျင်ပြီးပျံသန်းနိူင်မယ့်ယာဉ်ပျံပုံစံတွေ ၊ပျံသန်းမှုဆိုင်ရာနည်းလမ်းတွေ နေရောင်ခြည်စွမ်းအင် အသုံးပြုပုံတွေနဲ့မိုးကြိုးမုန်တိုင်းတွေနဲ့ တွေ့တဲ့အခါယာဉ်ကိုထိန်းချုပ်မောင်းနှင်ပုုံဖော်ပြထားပါတယ််။ ယာဉ်တည်ဆောက်သည့်ပုံစံမှာအလယ်ဗဟိုမှာသက်ရောက်နေတဲ့ကမ္ဘာ့ဆွဲအားက်ုိအမည်မသိတဲဲစွမ်းအင် တစ်မိူးနဲ့ချေဖျက်ထားတဲ့တည်ဆောက်ပုံမျိုးဖြစ်ပါတယ်။

ပျံသန်းမောင်းနှင်ပုံမှာယာဉ်ပျံကိုယ်ထည် အတွင်းအပိုင်းတွင် လေအဝင်အထွက် အပေါက်များထားရှိပြီး အဝတွင် နေရောင်ခြည်စွမ်းအင်သုံးဘွိုင်လာများထားရှိတာပဲဖြစ်ပါတယ်။ ထိ့ုနောက် ထိုမှထွက်လာသော အပူကိုလေလှိုင်းဂယက်ဖြင့် အသုံးပြုကာမောင်းနှင် ပျံသန်းခြင်းဖြစ်သည်။ထိုနောက်အိန္ဒိယနည်းပညာနှင့်သိပ္ပံအဖွဲ့အစည်းက ထိုစာအုပ်မှပါရှိသောနည်းလမ်းများအတိုင်းယာဉ်ပျံများကို ဒီဇိုင်းများ ရေးဆွဲကာ စမ်းသပ် တီထွင်ခဲ့ကြသော်လည်း နည်းပညာချွတ်ချော်မူများနှင့် အခက်အခဲ့များရှိသောကြောင့်မအောင်မြင်ခဲ့ပေ။

ထိုနောက် အိန္ဒိယတွင် ထိုစာအုပ်မိူးတစ်အုပ် ကို ရှေးဟောင်းစာကြည့်တိုက်တွင်တွေ့ရှိခဲ့ပြန်ပါတယ်။ထိုစာအုပ်ထဲတွင် ဟိန္ဒူနတ်ဘုရားများစီးခဲ့သောယာဉ်များအကြောင်းကို ဖော်ပြထားပါတယ်။မြန်မာရာဇဝင်ဇာတ်တော်များထဲတွင်လည်းစကြာဝတေးမင်းသည် စကြာယာဉ်ပျံကိုစီးကာ ပိုင်ဆိုင်သောကျွန်းကြီးလေးကျွန်း၌ တိုင်းခန်းလှည့်လည်ခဲ့သည်ဟုဖော်ပြထားကြောင်းသိရပါတယ်။ထိုယာဉ်ပျံမှာလဲ မာကျူရီပြဒါးစွမ်းအင်းလိူင်း(Mercury Vortex Energy) မျိုးဖြစ်ပါတယ်။အလားတူ ဒဿဂီရိ စီးခဲ့သော ပန်းရထားဆိုသည့် ယာဉ်ပျံ မှာလဲထိုကဲ့သို့ပင်ဖြစ်မယ်လို့ထင်ရပါကြောင်း။