Paul နဲ့ Caroline မှာ ၆နှစ်အရွယ်နဲ့ ၄နှစ်အရွယ် ကလေး၂ယောက်ရှိပြီး ကလေးတွေကို ကျောင်းထားရမဲ့အစား ကမ္ဘာအနှံ့ခရီးထွက်တာကို ခေါ်သွားပြီး သူတို့ဘာသာသင်ကြားပေးပါတယ်။ Paul နဲ့ Caroline လည်းခရီးထွက်နေတုန်း တွေ့ခဲ့တာဖြစ်ပြီး ခုဆို၁၉လလုံး မိသားစုလေးယောက် နိုင်ငံပေါင်း ၁၅နိုင်ငံကို ရောက်ရှိပြီးပါပြီ။ သူတို့ကလေးတွေက ရွယ်တူကလေးတွေထက်တောင် သင်ယူနိုင်စွမ်းပိုတယ်လို့ ဒီစုံတွဲကပြောကြားခဲ့ပါတယ်။

အကြီးဆုံးသား Winston ကိုကျောင်းထားဖို့ ကျောင်းပေါင်း၂ဝလောက် စုံစမ်းပြီးတဲ့အခါမှာ စိတ်ကြိုက်မတွေ့ဘဲ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်ပါတယ်။ ပေါင် ၂သိန်း ၈သောင်းတန် အိမ်ကိုရောင်းပြီး ခရီးစတင်ထွက်ခဲ့ပါတယ်။ စုံတွဲက Sunday Mirror ကို “ ကလေးတွေကို ကျောင်းတက်ဖို့ ၊ စာမေးပွဲဖြေဖို့ ဘယ်တော့မှ ဖိအားပေးမှာ မဟုတ်ပါဘူး။ သူတို့တောင် ဖိအားမပေးတဲ့ ကိစ္စကို ဆရာ၊ဆရာမတွေက ဖိအားပေးမှာကိုလည်း ဘာလို့ခွင့်ပြုရမှာလဲလို့ “ ခုလိုပြောကြားခဲ့ပါတယ်။

အသက်တစ်နှစ်အရွယ်မှာ Winston ကို စာဖတ်ဖို့ ကလေးထိန်းကျောင်းမှာ သင်ပေးတာကို Winston ကငြီးငွေ့နေတာကို ကြည့်ပြီး ခုလို ဆုံးဖြတ်ချက်ချခဲ့တာပါ။ သူတို့မိသားစုက Romania, Dubai, India, the Maldives, Malaysia, Indonesia, Borneo, Thailand, Laos, the US, Colombia, Spain, Egypt, Italy, the Czech Republic နိုင်ငံတွေကို ရောက်ပြီးပါပြီ။

Paul မှာ Hammock Heaven ဆိုတဲ့ ကြိုးပုခက်တွေ ထုတ်လုပ်တဲ့ စီးပွားရေးရှိပြီး အဝေးကနေဘဲ စီမံခန့်ခွဲပါတယ်။ ကလေးမိဘတွေက အပြင်မှာတွေ့ကြုံပြီးသင်ပေးတာကို စာအုပ်တွေထဲက စာတွေထက် ပိုကြိုက်ပြီး ကလေးတွေကို အော်တာကိုလည်း လက်မခံပါဘူး။

သူတို့မိသားစုက ဒီနွေရာသီကို Parague မှာ နေမှာဖြစ်ပြီး Iceland နဲ့ Australia ကိုဆက်သွားမှာဖြစ်ပါတယ်