နှိုးစက်နာရီမပေါ်ခင်က လူတွေမနက်ဘယ်လို Alarmပေးကြသလဲ

//s9.kh1.co/2c/2c8a58382417a39d61b8413da883745ef17e2993.webp
ဗဟုသုတအဖြာဖြာ

 ၂၇-မတ်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

နှိုးစက်နာရီမပေါ်ခင်က လူတွေမနက်ဘယ်လို Alarmပေးကြသလဲ

မနက်မနက် သင့်ရဲ့တစ်နေ့တာကို စနိုင်ဖို့ ဘေးကနေ ဖုန်းနဲ့ သီချင်းသံဖြစ်ဖြစ်၊ ကြက်တွန်သံဖြစ်ဖြစ်၊ တီးလုံးသံလေးတွေပဲဲဖြစ်ဖြစ် သုံးပြီးမနိုးထခင်မှာ ရှေးယခင်ကလဲ သင့်လို အိပ်ပုတ်ကြီးတဲ့သူတွေကိုဘယ်လိုနည်းနဲ့ နှိုးသလဲဆိုတာသင်သိပါသလား။

https://s9.kh1.co/__image/w=650,h=488,q=100/7d/7d93e248d15c543fd892697d470d3157bc16654d.jpg

၁၉၂ဝမတိုင်ခင်၊ နှိုးစက်နာရီများမပေါ်ခင် မနက်ခင်းအလုပ်ရှိသူတွေ၊ အချိန်မှီမထနိုင်သူတွေအတွက် ပိုက်ဆံပေးပြီး လူတွေကို လိုက်နှိုးပေးရတဲ့သူတွေရှိပါတယ်။ သူတို့သုံးတဲ့နည်းလမ်းကတော့ တုတ်ရှည်တစ်ခုနဲ့ အိမ်ပြတင်းပေါက်တွေကို လိုက်ခေါက်ပေးရတာပါ။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ တစ်နေ့တာ နိုးထပြီး လောကအကျိုးသယ်ပိုးနိုင်ဖို့ သူတို့ဟာ တုတ်ရှည်တစ်ချောင်းနဲ့ အိပ်ခန်းပြတင်းပေါက်တွေ လိုက်ခေါက်ပေးရပါတယ်။

https://s9.kh1.co/__image/w=400,h=300,q=100/4b/4ba4013ef156712354e1b5007f7f202f75b645eb.jpg

မြန်မာပြည်မှာလိုမျိုး ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံမရှိတဲ့အခါ သူတို့ဆီမှာ ဒီလိုကျင့်သုံးခဲ့ရပါတယ်။ လိုက်ခေါက်ပေးသူတွေဟာ ငွေကြေးအနည်းငယ်သာရရှိခဲ့ပြီး လိုက်ခေါက်တဲ့သူအပြင် Peashooter လို့ခေါ်တဲ့ ပဲစေ့ကို ပါးစပ်ကနေ ပိုက်ပုံစံလေးတပ်ပြီး မှုတ်နှိုးရတာမျိုးလဲရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=386,h=445,q=100/7d/7dbb97e9f000b6cc98f64f93ea735932e22bc5b7.jpg

ဒီဓလေ့ဟာ ၁၉၂ဝပြည့်နှစ်မှာ ပျောက်ကွယ်ခဲ့ပေမယ့် Weigandလို့ခေါ်တဲ့ သမိုင်းဝင် လိုက်နှိုးပေးရသူတစ်ဦးဟာ ၁၉၄၀-၅၀ ပြည့်နှစ်အထိလုပ်ကိုင်နေခဲ့ပါတယ်။ သူမကို ရထားကုမ္ပဏီတစ်ခုကနေ ငှါးရမ်းခဲ့တာဖြစ်ပြီး သူမဟာ ရထားအလုပ်သမားတွေ မနက်အိပ်ရာထမနောက်ကျစေဖို့ အမြဲလိုက်နှိုးပေးခဲ့ရတာ်လို့ ဆိုပါတယ်။

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T