မနက်မနက် သင့်ရဲ့တစ်နေ့တာကို စနိုင်ဖို့ ဘေးကနေ ဖုန်းနဲ့ သီချင်းသံဖြစ်ဖြစ်၊ ကြက်တွန်သံဖြစ်ဖြစ်၊ တီးလုံးသံလေးတွေပဲဲဖြစ်ဖြစ် သုံးပြီးမနိုးထခင်မှာ ရှေးယခင်ကလဲ သင့်လို အိပ်ပုတ်ကြီးတဲ့သူတွေကိုဘယ်လိုနည်းနဲ့ နှိုးသလဲဆိုတာသင်သိပါသလား။

၁၉၂ဝမတိုင်ခင်၊ နှိုးစက်နာရီများမပေါ်ခင် မနက်ခင်းအလုပ်ရှိသူတွေ၊ အချိန်မှီမထနိုင်သူတွေအတွက် ပိုက်ဆံပေးပြီး လူတွေကို လိုက်နှိုးပေးရတဲ့သူတွေရှိပါတယ်။ သူတို့သုံးတဲ့နည်းလမ်းကတော့ တုတ်ရှည်တစ်ခုနဲ့ အိမ်ပြတင်းပေါက်တွေကို လိုက်ခေါက်ပေးရတာပါ။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ တစ်နေ့တာ နိုးထပြီး လောကအကျိုးသယ်ပိုးနိုင်ဖို့ သူတို့ဟာ တုတ်ရှည်တစ်ချောင်းနဲ့ အိပ်ခန်းပြတင်းပေါက်တွေ လိုက်ခေါက်ပေးရပါတယ်။

မြန်မာပြည်မှာလိုမျိုး ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံမရှိတဲ့အခါ သူတို့ဆီမှာ ဒီလိုကျင့်သုံးခဲ့ရပါတယ်။ လိုက်ခေါက်ပေးသူတွေဟာ ငွေကြေးအနည်းငယ်သာရရှိခဲ့ပြီး လိုက်ခေါက်တဲ့သူအပြင် Peashooter လို့ခေါ်တဲ့ ပဲစေ့ကို ပါးစပ်ကနေ ပိုက်ပုံစံလေးတပ်ပြီး မှုတ်နှိုးရတာမျိုးလဲရှိခဲ့ပါတယ်။

ဒီဓလေ့ဟာ ၁၉၂ဝပြည့်နှစ်မှာ ပျောက်ကွယ်ခဲ့ပေမယ့် Weigandလို့ခေါ်တဲ့ သမိုင်းဝင် လိုက်နှိုးပေးရသူတစ်ဦးဟာ ၁၉၄၀-၅၀ ပြည့်နှစ်အထိလုပ်ကိုင်နေခဲ့ပါတယ်။ သူမကို ရထားကုမ္ပဏီတစ်ခုကနေ ငှါးရမ်းခဲ့တာဖြစ်ပြီး သူမဟာ ရထားအလုပ်သမားတွေ မနက်အိပ်ရာထမနောက်ကျစေဖို့ အမြဲလိုက်နှိုးပေးခဲ့ရတာ်လို့ ဆိုပါတယ်။





