တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ Gonjiam ဆိုတဲ့ စိတ္တဇ ဆေးရုံဟာ ကမ္ဘာပေါ်မှာ အကြောက်စရာအကောင်းဆံုးေနရာ ၇ ခုထဲက တစ်နေရာဖြစ်ပါတယ်။ ဒီဆေးရုံကြီးရဲ့ နာမည်ကြီးရတဲ့ အကြောင်းရင်းကတော့ ဆေးရုံမှာ လာရောက် ကုသနေတဲ့ လူနာတွေဟာ ထူးဆန်းစွာ သေဆုံးကုန်ကြပြီး ဆေးရုံဆင်းခွင့်ရခါနီး ဖြစ်တဲ့ လူနာတွေဟာလည်း လူမသိသူမသိ ပျောက်ဆုံးခဲ့ပါတယ်။ ဒါဟာ တစ်ချိန်တုန်းက လူပြောများခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။


အခုလို နာမည်ဆိုးတွေနဲ့ ကျော်ကြားလာတာကြောင့် ပျောက်ဆုံးသွားတဲ့ လူမမာတွေရဲ့ လူနာရှင်တွေက မကျေနပ်သဖြင့် တရားစွဲဆိုခဲ့ကြပါတယ်။ အဲ့နောက် ဆေးရုံပိုင်ရှင်ဟာလည်း ပြည်ပနိုင်ငံတစ်ခုကို ထွက်ပြေးသွားခဲ့ရပြီး ဆေးရုံကိုလည်း ဖျက်သိမ်းခဲ့ရတာ နှစ် ၂၀ ရှိသွားပြီပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားအစိုးရတော့ ဆေးရုံကို သန့်ရှင်းမှုမရှိတာကြောင့် ပိတ်ခဲ့ရသည် ပြောခဲ့ပေမယ့်လည်း တခြားအကြောင်းရင်းတွေရှိနေသေးတယ်လို့ ယုံကြည်နေကြသူတွေလည်းရှိပါတယ်။


ဆေးရုံမှာ လုပ်ခဲ့ဖူးတဲ့ သန့်ရှင်းရေးသမားတစ်ယောက်ပြောခဲ့တာကတော့ ဒီဆေးရုံကုိ ရောက်လာကြတဲ့ လူနာတွေဟာ ညဘက်တွေမှာ သူတို့ကို ဆေးရုံကလာရောက်ခေါ်သွားလေ့ရှိကြောင်းနဲ့ သူလည်းနောက်ကနေ လိုက်ကြည်ခဲ့ပေမယ့် မျက်ေြခပြတ်သွားတာမို့ ဘာမှမသိရကြောင်း ပြောပြပါတယ်။ ဒါပေမယ့် တနေ့လူသူမရှိတဲ့နေရာမှာ သန့်ရှင်းရေးလုပ်နေချိန် အော်သံတွေနဲ့ ကုတ်ခြစ်သံေတွကုိ ကြားခဲ့ရလို့ ကြောက်လန့်ပြီး နောက်နေ့မှာ အလုပ်ထွက်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ လူသူမရှိတဲ့ ဒီဆေးရုံကြီးဟာ တိတ်ဆိတ်လျက်ရှိနေပြီး ခြောက်ခြားဖွယ်နေရာကြီး တစ်ခုအဖြစ် ရှိလို့နေပါတယ်။ ဒီဆေးရုံကြီးကို သရဲလေ့လာရှာဖွေရေးသမားတွေ လာရောက်စူးစမ်းတဲ့သူတွေက ယနေ့တိုင် ရှိနေတုန်းပါပဲ။

သတင်း အရင်းအမြစ်៖ Reader's Digest