အမေရိကန်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ ALS လို့ ခေါ်တဲ့ အာရုံကြောအားနည်းတဲ့ ရောဂါကို ခံစားနေရတာပါ။ သူ့အသက် ၃၄ နှစ်မှာ ရောဂါဆိုးရွားသွားပြီး လေဖြတ်တဲ့အဆင့် ရောက်သွားပါတယ်။ အဲဒီကတည်းက ဆေးရုံကုတင်ပေါ် လဲသွားပြီး လုံးဝ မလှုပ်နိုင်၊ စကားလည်း မပြောနိုင်တော့ပါဘူး။

ကံကောင်းထောက်မစွာနဲ့ပဲ သိပ္ပံပညာရှင်တွေက သူ့ကို ကူညီပေးနိုင်မဲ့ စက်ပစ္စည်း ပရိုဂရမ်တစ်ခု တီထွင်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ သူ့ခေါင်းထဲမှာရှိတဲ့ အတွေးတွေကို စကားလုံးတွေအဖြစ် ပြောင်းပေးတဲ့ စက်ပါ။ အဲဒီစက်ရဲ့ အကူအညီကြောင့် မိသားစုဝင်တွေက သူပြောချင်တဲ့ စကားလေးတွေ သိခွင့်ရခဲ့ပါတယ်။

၂ နှစ်ကြာ လေဖြတ်ပြီး စကားမပြောနိုင်ခဲ့တဲ့ အဲဒီအမျိုးသားရဲ့ ပထမဆုံး စကားတွေထဲမှာ "ဘီယာသောက်ချင်တယ်" ဆိုတာ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ အသက် ၄ နှစ်အရွယ် သားလေးကို ချစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ဒီစက်ကို သုံးလို့ရဖို့အတွက် သူ့ဦးနှောက်ကို လျှပ်စစ်ငုတ်တိုင် ၂ တိုင် ထည့်ထားရပါတယ်။

အာကာသနဲ့ ရူပဗေဒပညာရှင် ဒေါက်တာ စတီဖင်ဟော့ကင်းကလည်း အလားတူ ရောဂါခံစားနေရတာ ဖြစ်ပြီး စကားပြောစက်ရဲ့ အကူအညီနဲ့ ၅၅ နှစ်ကြာ နေခဲ့တာ ဖြစ်ပါတယ်။
Ref : https://www.independent.co.uk/tech/paralysed-man-brain-implant-beer-als-b2043773.html