မြန်မာနိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်နိုင်တဲ့ အလားအလာတစ်ခုကို အိန္ဒိယပညာရှင်တွေ ခန့်မှန်းထားကြ

//s9.kh1.co/48/487054d54aa1f443a3123f3f8a8def69ef11e187.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-မတ်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

.

၂၀၀၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာမှာ ငလျင်နဲ့ ဆူနာမီ လှိုင်းလုံးတွေ အကြီးအကျယ် ဖြစ်သွားခဲ့ပါတယ်။ အဲဒီ ဒဏ်ကို အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေက အဓိက ခံစားခဲ့ရပြီး လူပေါင်း ၂ သိန်း​ကျော် အသက်ဆုံးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=295,q=100/cf/cf45e935d0212ec1390d75e854b231afeff82bc1.jpg

ဒီ ငလျင်ကို ဖြစ်သွားစေတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြားမှာ ရှိနေတဲ့ ပြတ်ရွေ့ကြောကြောင့် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/cd/cd4aacebaa5cff91867d32664bed65f0e4b62e3e.jpg

လူတော်တော်များများက မြန်မာနိုင်ငံမှာ နောက်ထပ် ပြတ်ရွေ့တစ်ခု ရှိနေတာ မသိကြဘူးလို့ အိန္ဒိယ ပထဝီပညာရှင်တစ်ယောက်က သူ့ရဲ့ facebook မှာ မနေ့က ရေးသားခဲ့ပါတယ်။ ဆူမားတြားကျွန်းဆွယ်အနီးမှာ Subduction zone လို့ခေါ်တဲ့ ငလျင်ဖြစ်စေနိုင်တဲ့ ဧရိယာတစ်ခု ရှိနေတာပါ။ 

https://s9.kh1.co/__image/w=617,h=681,q=100/65/65f12d9d6ccfb057243389100b9f935b7e82c05c.jpg

အဲဒီ ဧရိယာလေးက နီကိုဘာကျွန်းနဲ့ အန်ဒမန်ကျွန်းတွေ နားမှာ ရှိနေတာ ဖြစ်ပါတယ်။ တနင်္သာရီ အနီး၊ အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ် စတာတွေနဲ့ နီးစပ်တဲ့နေရာတွေပါ။

မြန်မာနိုင်ငံဟာ အနောက်ဘက်မှာ အိန္ဒိယ ပြတ်ရွေ့နဲ့ အရှေ့ဘက်မှာ Sunda ပြတ်ရွေ့ ၂ ခု ကြား ညပ်နေတာ ဖြစ်ပါတယ်။ တစ်ချိန်မှာ မြန်မာနိုင်ငံ ပြတ်ရွေ့နဲ့ တိုက်မိပြီး Subduction ဖြစ်လာမယ်လို့ အိန္ဒိယပညာရှင်တွေက ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=743,q=100/85/85372edabdfc9c8b3484d8b1bda73a2892e6e4b7.jpg

အဲဒီရဲ့ နောက်ဆက်တွဲအနေနဲ့ ပြင်းအား ၈-၉ မက်ဂနီကျုဒ်ရှိတဲ့ ငလျင် လှုပ်နိုင်ပါတယ်တဲ့။ အဲဒီငလျင်ဟာ ပြတ်ရွေ့ကြောတည်ရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနိုင်ငံတွေကို လှုပ်ခတ်စေမှာပါ။ 

https://s9.kh1.co/__image/w=650,h=366,q=100/bd/bd2b5eeb5160a43e3aadaca7b97ae76a247edbbd.jpg

ဘယ်အချိန်မှာ ဖြစ်မယ်ဆိုတာ မသိပေမဲ့ တစ်ချိန်ချိန် သေချာပေါက်ဖြစ်မှာမို့ သတိပေးတာဆိုပြီး ရေးသားခဲ့ပါသေးတယ်။

Ref : https://www.facebook.com/134331917115241/posts/951857042029387/

 

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T