တစ်ခါတစ်ခေါက်တော့ ရောက်ဖူးသင့်တဲ့ မြကျေးရုံတို့ရဲ့ မင်းနန်းသူရွာအနီးက ထုံးဖြူဖြူဘုရားစေတီ လေးမျက်နှာဘုရား

//s9.kh1.co/cf/cfe252e729f09e4a0cddefd805f673f20cd5e17b.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-မတ်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

တစ်ခါတစ်ခေါက်တော့ ရောက်ဖူးသင့်တဲ့ မြကျေးရုံတို့ရဲ့ မင်းနန်းသူရွာအနီးက ထုံးဖြူဖြူဘုရားစေတီ လေးမျက်နှာဘုရား

လေးမျက်နှာဘုရားဟာ ပုဂံမြို့ရဲ့ အရှေ့တောင်ဘက် မြကျေးရုံတို့ရဲ့ မင်းနန်းသူရွာ အနီးမှာတည်ရှိတဲ့ ထုံးဖြူဖြူ ဘုရားစေတီ ဖြစ်ပါတယ်။ လေးမျက်နှာဘုရားကို နားတောင်းမင်းများလက်ထက်က ဘုရင့်သေနာပတိအမတ်ကြီး အနန္တသူတို့ဇနီးမောင်နှံက သက္ကရာဇ် ၅၈၅ ခုနှစ်မှာ တည်ထားခဲ့တာဖြစ်ပါတယ်။

Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner

အမတ်ကြီးတို့ခေတ်က လေးမျက်နှာဘုရားတည်ထားရာ အရပ်ကို အာမနာ အရပ်လို့ ခေါ်ခဲ့ကြတာဖြစ်ပါတယ်။ အမတ်ကြီး အနန္တသူတို့ဇနီးမောင်နှံက အာမနာသူ အရပ်မှာ စေတီ၊ တန်ဆောင်း၊ ဂူ၊ သံဃာများအတွက်ကျောင်း၊ ဓမ္မသာလာဇရပ်၊ ရေတွင်း၊ ရေကန်၊ သိမ်တော်၊ ကပ္ပိယကုဋီခေါ် ပစ္စည်းသိုလှောင်ရန်ဂိုဒေါင်၊ လူအများဥပုသ်စောင့်ဖို့သီတင်း တင်းကုပ်တွေကို ဆောက်ခဲ့သေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘုရား၊ ကျောင်းများစွာကို ဆောက်လုပ်လှူဒါန်းခဲ့ပြီး ရဟန်းသံဃာတို့အတွက် ကိုးကွယ်လုပ်ကျွေးဖို့ ကျွန်များ ၊ဝတ္တကမြေများကိုလဲလှူ ခဲ့တယ်လို့ သိရပါတယ်။

Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner

လေးမျက်နှာဘုရားရဲ့ အရှေ့ဘက်မှာ ရေကန်ကြီးရှိပါတယ်။ ဘုရားရဲ့ ဘယ်ဘက်မှာ ကျောင်းဖြစ်ခဲ့ဟန် အုတ် အဆောက်အဦကြီး တစ်ခုရှိပြီး ဘုရားရဲ့ အနောက်ဘက်မှာလည်း အုတ် ၊ ကျောင်း အဆောက်အဦ ပျက်တွေရှိပါတယ်။ အမတ်ကြီး အနန္တသူတို့ ဇနီးမောင်နှံက အလှူအတန်းရက်ရောပြီး ဘုရားကျောင်းကန်များစွာကို ဆောက်လုပ်လှူဒါန်းခဲ့တဲ့သူတွေဖြစ်တာကြောင့် အာမနာသူ ၊ အာမနာသားတွေက အမတ်ကြီးတို့ကို ကျေးဇူးတင်ရှိခဲ့ကြပါတယ် ။ ဒါကြောင့် အမတ်ကြီး အနန္တသူရဲ့ ကျေးဇူးတွေကို အောက်မေ့သတိရတဲ့ အနေနဲ့ အမတ်ကြီးနာမည်ကိုယူပြီး မင်းအနန္တသူရွာလို့လည်း ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ နှစ်ကာလတွေ အလီလီပြောင်းလဲလာတာနဲ့ အမျှ မင်းနန်းသူ ရွာဆိုပြီး ဖြစ်လာခဲ့ပါတယ်။

Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner

လေးမျက်နှာဘုရားကြီးက ရွာဦးဘုရားဖြစ်တာကြောင့် မင်းနန်းသူရွာကို ရောက်ရင် လေးမျက်နှာဘုရားကို ဦးစွာ ဖူးမျှော်ကြရပါတယ်။ ဘုရားအတွင်းလှိုဏ်ထဲမှာ အရပ်လေးမျက်နှာ အလိုက် ရှိနေတဲ့ ဘုရားရုပ်ပွားတော်လေးဆူ တည်ရှိနေပါတယ်။

Photo Credit to original owner
Photo Credit to original owner

တန်ဖိုး အနဂ္ဂကြီးမား ထိုက်တန်လွန်းလှ တဲ့ နံရံဆေးရေး ပန်းချီတွေလည်း အများကြီး ရှိနေပါတယ်။

Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner

ပုဂံမြို့ မင်းနန်းသူရွာကိုရောက်ရင်ဖြင့် အပြာရောင် မိုး ကောင်းကင်အောက်မှာ ထုံးဖြူဖြူနဲ့ သပ္ပါလ်လွန်းလှတဲ့ လေးမျက်နှာ ဘုရားကို ဟိုးအဝေးကနေတောင် ဖူးမြော်မြင်တွေ့နိုင်ပါတယ်။ လေးမျက်နှာ ဘုရားကြီးရဲ့ ထူးခြားချက်ကတော့ ဖူးမျှော်ရသူတိုင်းရဲ့ စိတ်ဝိညာဉ်ကို အေးချမ်းစေတာပဲဖြစ်ပါတယ်။

Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner

ပုဂံမြို့ကို တစ်ခါတစ်ခေါက် ရောက်လာခဲ့ရင်ဖြင့် ပြာလွင့်လွင့် ကောင်းကင်ကြီးအောက်က ငေးမောဖွယ် ထုံးဖြူဖြူတွေနဲ့ ပကာသနမပါ သပ္ပါယ်လွန်းလှတဲ့ လေးမျက်နှာဘုရာကို အရောက်ဖူးမျှော်ခဲ့ဖို့ တိုက်တွန်းရင်း အခုအကြောင်းအရာလေးကို နိဂုန်းချုပ်ပါရစေနော်။

Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner
Photo Credit to original owner
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T