စာဖတ်သူတို့ရဲ့လက်ချောင်းတွေအားလုံးထဲမှာ လက်သန်းဟာ အသုံးမဝင်ဆုံးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် စာဖတ်သူတို့ရဲ့ လက်ချောင်းလေးတွေက တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရာမှာ အထူးအရေးကြီးပြီး လက်တစ်ချောင်းကို ဆုံးရှုံးတော့မယ်ဆိုရင်တော့ လက်ညှိုးက ဆုံးရှုံးဖို့ အကောင်းဆုံးပါပဲ။ တကယ်လို့ လက်ညိုးပျက်သွားရင် ဦးနှောက်က ဒါတွေကို မြန်မြန်ကျော်ပြီး လက်ခလယ်ကို စတင်အသုံးပြုပါတယ်။


စာဖတ်သူတို့ လက်ညိုးနဲ့လုပ်သမျှ ဘောပင်ကိုင်တာ၊ အင်္ကျီကြယ်သီးတပ်တာ စတာတွေကို စာဖတ်သူတို့ လက်ခလယ်နဲ့လုပ်လို့ရပါတယ်။ အံ့ဩဖွယ် လုပ်ဆောင်ချက်တစ်ခုပါပဲ။ လက်သန်းရဲ့ အရေးပါမှုကို ဆုံးရှုံးလိုက်ရတဲ့ Mesa ပြည်နယ်ဘောလုံးကစားသမား Trevor Wikre ကိုကြည့်ခြင်းအားဖြင့် သိသာနိုင်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက လေ့ကျင့်ခန်းဆင်းနေရင်း လက်သန်းဟာကျိုးသွားခဲ့ပြီး ခွဲစိတ်ပြီးနောက် ခြောက်လကြာ ပြန်လည်ကောင်းမွန်လာမည့်အစား လက်သန်းကို ဖယ်ရှားရန် ရွေးချယ်ခဲ့ပါတယ်။


လက်သန်းက စာဖတ်သူတို့ရဲ့ လက်တစ်၀က်လောက်ကို ခွန်အားပေးစွမ်းပါတယ်။ ဒါကြောင့် လက်တစ်ဖက်မှာ လက်သန်းမရှိတော့ရင် လက်ရဲ့ အား ၅၀ ရာခိုင်နှုန်းလောက်ဟာ ပျောက်ဆုံးသွားမှာ ဖြစ်ပါတယ်။ အရေးကြီးဆုံး လက်ချောင်းကတော့ လက်မပဲဖြစ်ပါတယ်။ လူတွေမှာ လက်မ ရှိလို့သာ တိရစ္ဆာန်တွေနဲ့မတူတာဖြစ်ပါတယ်။ ပြီးတော့လက်မဟာ လက်ပုံစံကို ပြည့်စုံအောင်လုပ်ပေးထားတဲ့ လက်ချောင်းတစ်ချောင်းဆိုလည်း မမှားပါဘူး။


သတင်း အရင်းအမြစ်៖ Toronto Sun





