ကမ္ဘာ့အန္တရာယ်အရှိဆုံး ကျွန်းအဖြစ်နာမည်ကြီးခဲ့တဲ့ မြန်မာနိုင်ငံက ရမ်းဗြဲကျွန်း

//s9.kh1.co/90/905bd147dc1f36fef5ec39ce8c5b7032c2d35cfc.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-မတ်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရမ်းဗြဲကျွန်းဟာ ဒုတိယကမ္ဘာစစ်တုန်းက ဗြိတိသျှတွေနဲ့ ဂျပန်တွေ.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

အင်္ဂလိပ်လို Ramri Island လို့ခေါ်ပြီး မြန်မာလို ရမ်းဗြဲကျွန်းလို့ လူသိများတဲ့ ဒီကျွန်းဟာ ရခိုင်ကမ်းရိုးတန်းက ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ ရမ်းဗြဲကျွန်းဟာ ရခိုင်ကမ်းရိုးတန်းတစ်ခုလုံးမှာ အကြီးဆုံးကျွန်းဖြစ်ကာ ကျွန်းရဲ့ဧရိယာဟာ 1,350 စတုရန်းကီလိုမီတာ (520 စတုရန်းမိုင်) ခန့်ရှိပါတယ်။ ဒီကျွန်းကြီးဟာ တစ်ချိန်တစ်ခါက ဒုတိယကမ္ဘာစစ်အပြင် ကမ္ဘာ့အန္တရာယ်အရှိဆုံး ကျွန်းတွေထဲက တစ်ခုဖြစ်ခဲ့ဖူးပါတယ်။အကြောင်းမှာ မရေတွက်နိုင်အောင်များပြားလွန်လှတဲ့ မိကျောင်းတွေကြောင့်ပါပဲ။

https://s9.kh1.co/__image/w=570,h=427,q=100/58/582bab3a6f78ad7a63f4f512870b0f7f51a5465a.jpg

မူလက ဒီကျွန်းဟာ မြောက်ဦးနိုင်ငံတော်ရဲ့ ကုန်သွယ်စခန်းဖြစ်ပြီး တံငါရွာများ အနှံ့အပြားရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ရမ်းဗြဲကျွန်းတိုက်ပွဲဟာ ၁၉၄၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းတွင်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအပြီးတွင် ဂျပန်စစ်သားများဟာ ကျွန်းပတ်ပတ်လည်ရှိ စိမ့်ကန်များအတွင်းသို့ အတင်းအဓမ္မ ဆင်းခိုင်းစေခြင်းခံရကာ စစ်သား အယောက် ၄၀၀ ဟာ ရေငန်မိကျောင်းတွေရဲ့စားသုံးခြင်းခံခဲ့ရပါတယ်။ သို့သော် တခြားလူတွေရဲ့ ဖော်ပြချက်အရ စစ်သား အ‌ယောက် ၉၈၀ ဟာ ကန်ထဲမှာ အစားခံရကာ အယောက် ၂၀ သာ အသက်ရှင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=650,h=645,q=100/0b/0b8bfa6ea490a8d32a2011d61eef60657d7df6e2.jpg
https://s9.kh1.co/__image/w=650,h=641,q=100/51/5177a36b9e78bd1138987284561ff07b52335391.jpg

ဂင်းနစ်မှတ်တမ်းအရ ဒီဖြစ်ရပ်ဟာ " "တိရစ္ဆာန်တွေဆိက လူသားများ ခံစားခဲ့ရတဲ့ အကြီးမားဆုံးကပ်ဘေး" ဆိုပြီး ဖော်ပြထားပါတယ်။ သို့သော်လည်း ဒီဇာတ်လမ်းရဲ့ မှန်ကန်မှုမှာ အငြင်းပွားနေပြီး အဖြစ်မှန်အရ ဂျပန်စစ်သား အနည်းငယ်သာ မိကျောင်းများ သတ်ဖြတ်ခံရဖွယ် ရှိပြီး (အတည်ပြုနိုင်တဲ့ ဖော်ပြချက်မှာ ရမ်းဗြဲမြို့အနီး မင်းချောင်း ချောင်းကို ဖြတ်ကူးစဉ် ၁၀ယောက် ၁၅ယောက်သာ မိကျောင်းသတ်ခြင်းခံခဲ့ရကြောင်း ) အများစုဟာ ရေဓာတ်ခန်းခြောက်ခြင်း၊ ရေနစ်ခြင်း၊ ဗြိတိန်‌တွေရဲ့ သေနတ်ပစ်ခံရခြင်း၊ သွေးဝမ်းသွားခြင်း အပါအဝင် အခြား အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေရှိပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/80/8025c16e663c2a5ed99d7a411f8f4d7c09cbf5b2.jpeg

ရေငန်မိကျောင်းများဟာ ရမ်းဗြဲကျွန်းဒေသတွင် ၁၉၆၀ ပြည့်လွန်နှစ်များအထိ အကောင်ရေများစွာ ရှိခဲ့ကြပြီး မိကျောင်းအန္တရာယ်ကို ဂရုစိုက်ခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း ခုချိန် ဒီဒေသမှာတော့ မိ‌ကျောင်းတွေမရှိတော့ပါဘူး။ အကြောင်းမှာ မိကျောင်းတွေကို အမဲလိုက်ခဲ့ကြခြင်းကြောင့်ဖြစ်ပြီး ၁၉၈၀ အစောပိုင်းမှာတော့ မိကျောင်းတွေဟာ တစ်နေရာ တစ်ကောင်စီသာ ရှိကြပါတော့တယ်။ သို့သော်လည်း ယနေ့ချိန်ထိ လူတော်တော်များများဟာ ဒီကျွန်းမှာ မိကျောင်းတွေ များစွာရှိနေသေးတာမို့ ကမ္ဘာ့အန္တရာယ်အရှိဆုံး ကျွန်း‌‌တွေထဲက တစ်ခုအဖြစ် မှားယွင်းစွာ သိရှိနေကြတုန်းပါပဲ။ ၂၀၂၁ခုနှစ်တုန်းကလည်း Saltwater : The Battle For Ramree Island ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားထွက်ခဲ့ပါတယ်။ ဒီကားကြောင့်လည်း ရမ်းဗြဲကျွန်းဟာ ပြန်လည် နာမည်ကြီးခဲ့ဖူး‌ပါတယ်။

https://s9.kh1.co/__image/w=650,h=918,q=100/e6/e6136dcb5d539e14017a420a51c64db7adae96bb.jpg
https://s9.kh1.co/__image/w=650,h=417,q=100/81/8194dae06317c0055f8a1ed636ba8ad81a6dda6b.jpg

သတင်း အရင်းအမြစ် Wikipedia

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T