Power Bank တစ်လုံးကိုရေရှည်အသုံးပြုနိုင်ဖို့ ဘယ်လိုထိန်းသိမ်းကြမလဲ

//s9.kh1.co/22/22d0aa6d53dbc4236e048ffd8e537e830a0c6470.webp
ဗဟုသုတအဖြာဖြာ

 ၁၈-မတ်-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

Power Bank ဟာအပေါ်ယံမှာအကြမ်းခံတယ်ထင်ရပေမဲ့ တကယ်တော့ သေချာဂရုစိုက်ရတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်

Power Bank တွေဟာလူတိုင်းလိုအပ်ပြီး လူတိုင်းအတွက် အသုံးဝင်တဲ့ပစ္စည်းတစ်ခုပါ။ကိုယ့်လက်ထဲမှာ ဖုန်းတစ်လုံးရှိနေပြီဆိုတာနဲ့ Power bank ကလည်းလိုအပ်တဲ့ပစ္စည်းစာရင်းထဲ အလိုလိုဝင်ရောက်လာပါပြီ။လက်ရှိမြန်မာနိုင်ငံမှာဆိုလည်း လျှပ်စစ်မီးတွေအရမ်းပြတ်လွန်းတာကြောင့် လူတိုင်းလူတိုင်း Power Bank လိုအပ်လာတာကြောင့် အားလုံးနီးပါးလည်း လက်ထဲမှာတစ်လုံးစီဆောင်ထားကြမှာပါ။

https://s9.kh1.co/__image/w=650,h=495,q=100/6d/6d8f53c53cd0a2731a0e604f5538a307bbf49ca3.png

Power Bank တွေဟာအပြင်ပန်းကြည့်ရင် အကြမ်းခံတယ်၊ကြိုက်သလိုထားလို့ရတယ်လို့ထင်ရပေမဲ့ တကယ်တော့ အထဲကဘက္ထရီဟာ အရမ်းကိုအထိမခံတဲ့အရာတစ်ခုပါ။ဘက္ထရီရဲ့သိုလှောင်နိုင်စွမ်းဟာ သက်တမ်းကြာလာတာနဲ့အမျှ တဖြည်းဖြည်းလျော့နည်းလာမှာဖြစ်ပေမဲ့ ကိုယ်ထိန်းသိမ်းရင် ထိန်းသိမ်းသလို အသုံးပြုနိုင်တဲ့သက်တမ်းကို ဆွဲဆန့်ထားနိုင်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=412,q=100/9b/9b97ed7f2c8c7a5a42c5cd1fc719bd1f0cd076ee.png

Power Bank တစ်လုံးကိုအပူချိန် ၅ ဒီဂရီအောက်မှာ အားမသွင်းသင့်ပဲ အပူချိန် ၄၀ ဒီဂရီအထက်မှာဆိုရင်‌တော့ အားသွင်းထားနိုင်ရင်ပိုကောင်းပါတယ်။နောက်ပြီးတော့ အားအပြည့်ဝင်ပြီဆိုတာနဲ့ ဆက်မသွင်းတော့ပဲ ကြိုးကိုဖြုတ်ထားသင့်ပါတယ်။အသုံးပြုတဲ့အားသွင်းခေါင်း Adaptar တွေမှာ‌ အားအပြည့်ဝင်သွားရင် ဆက်မသွင်းပေးတော့တဲ့ Auto Cutout စနစ်ပါဝင်ရင်တော့ ပြဿနာမရှိပါဘူး။ပြီးတော့ဖြစ်နိုင်ရင် Power Bank အားကိုအပြည့်မသွင်းပဲ ၈၀% လောက်ကိုသာသွင်းသင့်ပါတယ်။ဒါပေမဲ့ခုအခြေအနေနဲ့ကတော့ အားကိုအပြည့်သွင်းမှ အဆင်ပြေနိုင်မှာပါ။

Photo via CoolBlue
Photo via CoolBlue

အထားအသိုပိုင်းမှာဆို Power Bank ကိုလွတ်ကျတာတွေ၊ပစ်ချတာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။တခြားအရာတစ်ခုခုနဲ့ပွတ်တိုက်တာတွေ၊အထူးသဖြင့် သံလိုက်နဲ့ပွတ်တိုက်တာတွေ မလုပ်သင့်ပါဘူး။ပုံမှန်ချိန်မှာဆိုရင်တော့ ၅ ဒီဂရီနဲ့ ၂၅ ဒီဂရီကြားမှာထားတာအကောင်းဆုံးဖြစ်ပါတယ်။နောက်ပြီးတော့ အဝတ်တွေ၊အိပ်ယာတွေထဲမှာ Power Bank ကိုပစ်ထားတာတွေလည်း မပြုလုပ်သင့်ပါဘူး။

ဒီလိုအိတ်လေးနဲ့ထိန်းသိမ်းထားသင့်ပါတယ်
ဒီလိုအိတ်လေးနဲ့ထိန်းသိမ်းထားသင့်ပါတယ်

Power Bank ကအပူချိန်တက်လာရင် လှောင်ထားသလိုဖြစ်ပြီး ပိုပူလာမှာကြောင့်ပါ။နောက်ပြီးတော့ အိတ်တွေဘာတွေထဲထည့်ထားရင်လည်း တခြားသတ္ထုတွေနဲ့ အတူတူထားတာမျိုးကို သတိထားသင့်ပါတယ်။တချို့သတ္ထုတွေဟာ ဘက္ထရီကိုသက်ရောက်မူရှိနိုင်တာကြောင့်ပါ။နောက်ဆုံးရှောင်ရှားရမဲ့ တချက်ကတော့အရေးအကြီးဆုံးပါပဲ။Power Bank ကိုအားသွင်းနေရင်းတန်းလန်း အဲ့ကနေတဆင့်ဖုန်းကိုအားမသွင်းသင့်ပါဘူး။တချိန်တည်းမှာအဝင်ရော၊အထွက်ရောဖြစ်နေတာကြောင့် ဘက္ထရီအရမ်းအလုပ်ရှုပ်ပြီး ဆိုးဆိုးဝါးဝါးထိခိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။

ဒီလိုတဆင့်ခံအားသွင်းတာမျိုးတွေကို ရှောင်ရှားသင့်ပါတယ် (Photo via RAVPower)
ဒီလိုတဆင့်ခံအားသွင်းတာမျိုးတွေကို ရှောင်ရှားသင့်ပါတယ် (Photo via RAVPower)

တကယ်လို့ Power Bank အသစ်တစ်လုံးဝယ်မယ်ဆိုရင် အနိမ့်ဆုံး 10000mAH လောက်ပါတဲ့ Power Bank ကိုရွေးချယ်သင့်ပါတယ်။အဲ့ထက်အောက်ကျတာဝယ်မယ်ဆို ကိုယ့်ဖုန်းက ဘက္တရီကြီးတဲ့ဖုန်းဖြစ်နေရင် နောက်ပိုင်းမှာ အဆင်မပြေတာတွေဖြစ်လာနိုင်တာကြောင့်ပါ။

Power Bank တွေဟာ သုံးပုံသုံးနည်း၊အထားအသိုပုံမမှန်ရင် တာရှည်မခံတဲ့အပြင် မီးဘေးအန္တရာယ်တွေပါ ပေါ်ပေါက်လာနိုင်တာကြောင့် သတိထားသင့်တဲ့ Electric ပစ္စည်းတစ်ခုဖြစ်ပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T