ကမ္ဘာပေါ်မှာ သူမတူအောင် တမူထူးခြားပြီး အရောင်အသွေး အစုံအလင်ရှိကြတဲ့ အလှဆုံး မြွေ ၅ မျိုး

//s9.kh1.co/20/201783a003d3149f1eef42ba0b93a7f1ebc66a85.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-မတ်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

အလှဆုံးမြွေထဲမှာ မြန်မာနိုင်ငံမှာတွေ့ရှိရတဲ့ မြွေလည်းပါဝင်ကာ........(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ကမ္ဘာပေါ်မှာဆိုရင် မြွေမျိုးစိတ်ပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။ မျိုးစိတ်ပေါင်း ၃၀၀၀ ကျော်မှာ တချို့မြွေတွေဟာ သေးသေးလေးဖြစ်ကာ တချို့မြွေတွေကတော့ တော်တော်ကိုကြီးမားပါတယ်။ သို့သော်ခုဖော်ပြမှာကတော့ အရွယ်အစားနဲ့ အဆိပ်ဘယ်လောက်ပြင်းတယ်ဆိုတာကို ဖော်ပြမှာမဟုတ်ပဲ အရောင်အသွေးအစုံအလင်ရှိတဲ့ အလှပဆုံး မြွေတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

1. Sunbeam Snake (Xenopeltis unicolor)

https://s9.kh1.co/__image/w=650,h=434,q=100/92/920bc81e9289a5d534c865e7c4228a50212e9ed9.jpg

နေရောင်ခြည်မြွေလို့ လူသိများတဲ့ Xenopeltis မြွေမျိုးစုတွင် မျိုးစိတ်နှစ်ခုရှိပါတယ်။ မျိုးစိတ်နှစ်မျိုးစလုံးသည် အရှေ့တောင်အာရှနှင့် သူ့ရဲ့ပတ်ဝန်းကျင်ရှိ ကျွန်းစုများမှ ဇာတိဖြစ်ပါတယ်။ ဒီမြွေမျိုးတွေဟာ မြန်မာ၊ တရုတ်တောင်ပိုင်း၊ လာအို၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကဲ့သို့သော နိုင်ငံများတွင် အဓိကနေထိုင်ပါတယ်။ ဒီမြွေရဲ့အရောင်ဟာ တခြားမြွေတွေထက် တမူထူးခြားပြီး ပိုမိုလှပနေတက်ပါတယ်။ ဒါကြောင့် ဒီမြွေဟာ ကမ္ဘာ့အလှဆုံးမြွေအဖြစ် သိရှိကြပါတယ်။

2. Rainbow Snake/Eel Moccasin (Farancia erytrogramma)

https://s9.kh1.co/__image/w=650,h=417,q=100/30/30df09301d33f6a7e44c2c8e43d128b77cd8b2c8.jpg

သက်တံ့မြွေလို့ လူသိများတဲ့ ဒီမြွေဟာ သူ့နာမည်နဲ့လိုက်ဖက်တဲ့ မြွေမျိုးစိတ်ပဲဖြစ်ပါတယ်။ ဒီရေမြွေအများစုဟာ အနီရောင်၊ အဝါရောင်၊ အနက်ရောင်၊ အညိုရောင်၊ လိမ္မော်ရောင်များ နဲ့ တောက်ပြောင်တဲ့ စကေးအရောင်များရှိကာ သူတို့ရဲ့ ဘေးများနှင့် ဗိုက်များပေါ်တွင် အထူးသဖြင့် ဆွဲဆောင်မှုရှိတဲ့ အရောင်များရှိပါတယ်။ မူလက မျိုးစိတ်ခွဲနှစ်ခုရှိခဲ့ပေမယ့်လည်း တစ်ခုဟာ 2011 ခုနှစ်တုန်းက မျိုးသုဉ်းသွားခဲ့ပါတယ်။

3. Eyelash Viper (Bothriechis schegelii)

https://s9.kh1.co/__image/w=650,h=340,q=100/12/12e69ff5dc0d322e0659ffffc97f8c7b2b18ab32.webp

Viperidae မိသားစုတွင် အရောင်အသွေးစုံလင်ပြီး ထူးထူးခြားခြား ကွဲပြားတဲ့ မျိုးစိတ်များ ပါဝင်ပါတယ်။ အထင်ရှားဆုံးနှင့် အလှဆုံးမျိုးကွဲတစ်ခုမှာ Eyelash Viper ဆိုတဲ့ မြွေပွေးဖြစ်ပါတယ်။ ဒီကြောက်စရာကောင်းတဲ့ မြွေပွေးမျိုးနွယ် အများအားဖြင့် လျှပ်စစ်အဝါရောင်မြွေများဟာ သူတို့ရဲ့ ကြီးမားတဲ့ မျက်လုံးများအထက်တွင် မျက်တောင်မွှေးနှင့်တူတဲ့ အကြေးခွံများပါရှိပါတယ်။ ဒီထူးထူးခြားခြားမြွေများဟာ ကမ္ဘာ့အလယ်ပိုင်းနှင့် တောင်အမေရိကတွင် အများဆုံးနေထိုင်ကြပါတယ်။

4. Paradise Flying Snake (Chrysopelea paradisi)

https://s9.kh1.co/__image/w=650,h=340,q=100/f9/f99ca733721743d35704b07668ef61fcbec026c2.webp

ပျံသန်းနေတဲ့ မြွေများဟာ မျက်စိမှုန်သူများရဲ့ အဆိုးရွားဆုံးအိပ်မက်ဆိုးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပူစရာမလိုပါဘူး...ဒီမြွေတွေဟာ သစ်ပင်တစ်ပင်နဲ့ တစ်ပင်ဆီသာ ကူးနိုင်ပြီး ဝဲပျံလေ့လည်းမရှိပါဘူး။ သို့သော်ဒီမြွေပွေးကို ချဲ့ကြည့်ခြင်းဟာ အမှန်တကယ်ပင် မယုံနိုင်စရာ မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ ဒီမြွေတွေဟာ ပေါ့ပါးပြီး လေခွင်အား ကောင်းတဲ့အပြင် အရောင်အသွေးဟာလည်း လှပပါတယ်။ Chrysopelea မြွေပျံမျိုးစိတ်တွင် မတူညီတဲ့ မျိုးစိတ်များစွာရှိပေမယ့်လည်း ဒီမျိုးစိတ်ဟာ ယခုအချိန်အထိ အလှဆုံးဖြစ်ပါတယ်။ Paradise flying မြွေများဟာ အလွန်ပေါက်ရောက်ပြီး အာရှအရှေ့တောင်ပိုင်းရှိ စိုစွတ်တဲ့သစ်တောများတွင် အဓိကအားဖြင့် နေထိုင်ကြပါတယ်။

5. Blue Malayan Coral Snake (Calliophis bivirgatus)

https://s9.kh1.co/__image/w=600,h=450,q=100/76/7619b885c943ead9d5911458fba9bcd4c971976a.jpg

လှပပေမယ့်လည်း အဆိပ်ပြင်းတဲ့ ဒီမြွေများဟာ ဒီစာရင်းတွင်ပါရှိတဲ့ အခြားမြွေများကဲ့သို့ပင် အရှေ့တောင်အာရှဇာတိဖြစ်ပါတယ်။ သူတို့ရဲ့အရောင်ဟာ တောက်ပပြီး သွေးနီရောင်ဦးခေါင်းများနှင့် အမြီးများ၊ အပြာ-အနက်ရောင်ကိုယ်ထည်နှင့် မြွေရဲ့ဘေးဘက်ကို စီးဆင်းနေတဲ့ ကောင်းကင်ပြာအစင်းကြောင်းများဖြင့် လုံးဝအံ့မခန်းဖြစ်နေပါတယ်။ သူတို့ဟာ semi-fossorial ဖြစ်တာကြောင့် ရှာဖွေရန် ခက်ခဲပါတယ်။ သူတို့ဟာ ဖုန်များထဲတွင် အချိန်တော်တော်များများနေတက်ပါတယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ ဒီမြွေကို တောထဲမှာ တွေရဖို့အရမ်းကံကောင်းနေခဲ့ရင် စိတ်ချရတဲ့ အကွာအဝေးတစ်ခုမှာဆိုရင် ဘာမှမဖြစ်ပါဘူး။ ယနေ့ချိန်ထိ ဒီမြွေရဲ့ အစွမ်းထက်တဲ့ ကိုက်ခြင်းကို ကုသဖို့ အဆိပ်ဖြေဆေးမရှိသေးပါဘူး။ ဒီမြွေတွေကတော့ ကမ္ဘာပေါ်မှာ အလှဆုံး မြွေ ၅ မျိုးဖြစ်ပါတယ်။

သတင်း အရင်းအမြစ် AZ Animal

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T