ခရီးသွားလာခွင့်ကို ပိတ်ထားခဲ့တဲ့ ဆန်တီနယ်ကျွန်းဟာ ဘင်္ဂလားပင်လယ်အော်မြောက်ဘက်မှာရှိပြီး မြန်မာနိုင်ငံ အနောက်တောင်ဘက် ကပ္ပလီကျွန်းများကြားကနေ ၂၈ စတုရန်းမိုင်ခန့် ဝေးလံသေးငယ်တဲ့ ကျွန်းလေးတစ်ကျွန်းဖြစ်ပါတယ်။ အဆိုပါကျွန်းပေါ်မှာ နေထိုင်တဲ့ ဆန်တီနယ်လူမျိုးစုဟာ အပြင်လောကနဲ့အဆက်သွယ်မလုပ်ဘဲ ကမ္ဘာပေါ်မှာ တစ်သီးတစ်ခြား နေထိုင်နေတဲ့ ကမ္ဘာ့ရှေးအကျဆုံး လူမျိုးစုတစ်စုဖြစ်ပါတယ်။ ဆန်တီနယ်ကျွန်းဟာ အိန္ဒိယနိုင်ငံရဲ့ ပိုင်နက်ထဲမှာရှိနေပေမယ့် နိုင်ငံရဲ့ဥပဒေနဲ့ ယနေ့အချိန်ထိအုပ်ချုပ်လို့မရရှိသေးဘူး။

ဘာလို့လဲဆိုရင် ဆန်တီနယ်ကျွန်းအနီးအနားသို့ ရောက်လာသူမှန်သမျှကို သက်ပစ်လေ့ရှိတာကြောင့်ပ ခရီးသွားအားလုံးကို အစိုးရက ပိတ်ပင်ထားခဲ့ရတာ ဖြစ်ပါတယ်။ပညာရှင်များကတော့ အဆိုပါ ဆန်တီနယ်လူမျိုးစုများဟာ ကျွန်းပေါ်မှာနေထိုင်တာဟာ နှစ်ပေါင်း (၆)သောင်းခန့်လောက်ရှိတဲ့အပြင် လူဦးရေအားဖြင့် (၆၀) မှ (၄၀၀)အထိရှိနိုင်မယ့်လို့ ခန့်မှန်းထားကြပါတယ်။


ဆန်တီနယ်လူမျိုးစုဟာ စားသောက်ရေးအတွက် ကျွန်းပေါ်က အသီးအရွက်တွေကိုခူးစားခြင်း ၊ ငါးဖမ်းစားခြင်းတို့နဲ့သာ အဓိကရှင်သန်နေကြတာလို့ ဆိုပါတယ်။ ဒါပေမယ့် ယင်းမျိုးစုများဟာ ဘယ်ကနေ လာတယ်ဆိုတာ အတိအကျမသိရဘဲ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေခဲ့ပါတယ်။ ၁၈၉၆ ခုနှစ်တုန်းက လွတ်မြောက်သွားတဲ့ ထောင်သားတစ်ယောက်ဟာ အဆိုပါကျွန်းပေါ်ရောက်သွားပြီးနောက် ရက်အနည်းငယ်အကြာမှာပဲ မြားဒဏ်ရာ၊ လည်လှီးဒဏ်ရာတို့နဲ့ သေဆုံးနေခဲ့ပါတယ်။

၁၉၈၁ ခုနှစ်မှာလည်း Primrose ဆိုတဲ့ သင်္ဘောတစ်စင်းဟာ ဆန်တီနယ်ကျွန်းနားကို ရောက်သွားခဲ့ရာမှာလည်း တောတွင်း လက်နက်တွေနဲ့ ကမ်းဆပ်တွေမှာ စောင့်ဆိုင်းနေတဲ့ ကျွန်းသားတွေကို တွေ့ရှိခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ဆန်တီနယ် လူမျိုးတွေဟာ အက်ဒမန်မျိုးနွယ်စုများထဲမှာပါဝင်တာ ဖြစ်ပါတယ်။ ဥရောပသားများ ပထမဆုံး မှတ်တမ်းတင်ခဲ့တဲ့ အက်ဒမန် လူမျိုးစုငါးမျိုးသာ လက်ရှိ သုံးဦးသာ ကျန်ရှိနေခဲ့ပါတယ်။ ကျန်နှစ်မျိုးနွယ်စု နှစ်စုကတော့ ယခုအခါ မျိုးသုဉ်းသွားပြီဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - Live Science





