မိခင်အသစ်တစ်ယောက်ဟာ ကလေးမွေးဖွားခြင်းရဲ့ခံစားချက်ကို TikTok မှာ မျှဝေခဲ့ပြီး ဒါဟာ မျက်လုံးပြူးစရာအတွေ့အကြုံတစ်ခုလို့ပဲ ဆိုခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Bethany Collins က "ကိုယ်ဝန်ဆောင်ရတာ အရမ်း sexy ဖြစ်နေတယ်လို့ ခံစားရတယ်" လို့ သီချင်းဆိုရင်း သူမရဲ့ ပို့စ်ကို တင်ခဲ့ပါတယ်။ အဲ့ဒီအခါမှာတော့ သူမဟာ သူမကေလးမွေးတဲ့နေ့ရဲ့ ဓာတ်ပုံတွေကို မျှဝေလိုက်တာဖြစ်ပြီး သူမရဲ့ ခေါင်းကနေ နီရဲနေတဲ့ ဘယ်ဘက်မျက်လုံးကို ပြသပေးခဲ့ပါတယ်။


ကြည့်ရှုမှု သန်း 1.1 ထက်ပိုတဲ့ ပို့စ်ပေါ်တွင် သူမဟာ “တွန်းနေချိန်မှာ ငါ့မျက်လုံးတွေ ပြူးထွက်လာတယ်။ " လို့ရေးသားခဲ့ပါတယ်။ သူမက "ကျွန်မရဲ့ ဆရာဝန်က "ဝိုး၊ ဒီလိုဖြစ်တာ တစ်ခါမှ မမြင်ဖူးဘူး!" ဆိုပြီးလည်း ထည့်ရေးခဲ့ပါတယ်။ ဒါပေမယ့် Collins ဟာ လှပတဲ့ ကလေးမလေးကို ရရှိထားတာကြောင့် အားလုံးက တန်ဖိုးရှိပါတယ်။


“အခု ငါ့မှာ Miss Phoebe ရှိတယ်” လို့ပြောပြီစ သူမ ငိုေနခဲ့ပါတယ်။ ခြောက်ပတ်အကြာတွင် Collins ရဲ့ မျက်လုံးဟာ ပုံမှန်အတိုင်းပြန်လည်ရောက်ရှိသွားပြီး မျက်လုံးပြူးထွက်လာတဲ့ ဖြစ်ရပ်မှ ရေရှည်အကျိုးသက်ရောက်မှုမရှိကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ မျက်လုံးပြူးထွက်ရခြင်းမှာ ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ တစ်ယောက်က “ဒါကြောင့် မွေးတဲ့ချိန်တိုင်း မျက်စိမှိတ်ထားတာ” လို့ ရေးသားခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Toronto Sun