Seattle မှစွန့်စားသူတစ်ဦးဟာ ကမ္ဘာ့အမြင့်ဆုံး လက်ဖက်ရည်သောက်ပွဲပြုလုပ်ကျင်းပခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနစ်စံချိန် တင်ခဲ့ပါတယ်။ သူနဲ့အတူ သူ့အသင်းသားတွေဟာ ဧ၀ရတ်တောင်ပေါ် ပင်လယ်ရေမျက်နှာပြင်အထက် ၂၁,၃၁၂ မှာ လက်ဖက်ရည်သောက်ပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ တော်တော်ကိုမြင့်မားတဲ့ အမြင့်တစ်ခုပါပဲ။


အားကစားသမားနှင့် စွန့်စားသူတစ်ဦးဖြစ်တဲ့ Andrew Hughes ဟာ 2021 ခုနှစ် မေလ 5 ရက်နေ့တွင် အမြင့် 21,212 ပေတွင် လက်ဖက်ရည်နှင့် အဆာပြေစားခဲ့ကြတာကြောင့် ကမ္ဘာ့အမြင့်ဆုံး လက်ဖက်ရည်သောက်ပွဲအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်တင်မှတ်တမ်းကို ယခုလတွင် ရရှိခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကာလအတွင်း ဂင်းနစ်ကမ္ဘာ့စံချိန်တင်ရန် စိတ်ကူးပေါ်ခဲ့ကာ နီပေါတောင်ပေါ်သို့ တက်ရောက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း Hughes မှ ပြောကြားခဲ့ပါေသးတယ်။

2021 ခုနှစ် မေလ 23 ရက်နေ့တွင် အောင်မြင်စွာရောက်ရှိခဲ့ပြီး Hughes ဟာ အဖွဲ့၀င် Ronan Murphy၊ Kristin Bennett၊ Garrett Madison၊ Sid Pattison၊ Robert Smith၊ Art Muir၊ Helen Cokie Berenyi၊ Krisli Melesk၊ Ben Veres၊ Kevin Walsh၊ Kristin ၊ Harila၊ Mark Pattison၊ Rick Irvine နှင့် James Walker တို့ နဲ့အတူ လက်ဖက်ရည်အတူတူသောက်ခဲ့ကြပါတယ်။ လက်ဖက်ရည်ေသာင်ပွဲတွင် Girl Scout Cookies ရွေးချယ်မှုလည်း ပါဝင်ပါတယ်။

သတင်း အရင်းအမြစ်៖ UPI