အမြှီးကိုးချောင်းမြေခွေးအမျိုးသမီးရဲ့ ဝိညာဉ် ကိန်းအောင်းနေတယ်ဆိုတဲ့ မီးတောင်ကျောက်ကြီး နှစ်ခြမ်းကွဲသွား

//s9.kh1.co/3c/3ceb9274396bba1d8837424488a9261413533820.jpg
ဗဟုသုတအဖြာဖြာ

 ၁၀-မတ်-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

ဂျပန်ဒဏ္ဍာရီတွေထဲမှာ ကျောက်တုံးကို ထိတဲ့သူတိုင်း သေဆုံးမည်ဖြစ်ကြောင်း........(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ဂျပန်ဒဏ္ဍာရီတွေမှာ ကျောက်တုံးနဲ့ ထိတွေ့မိသူတိုင်း သေဆုံးမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒဏ္ဍာရီတွေအရ တရားဝင်အားဖြင့် Sessho-seki လို့ခေါ်တဲ့ မီးတောင်ကျောက်ဟာ Tamomo-No-Mae ဆိုတဲ့ အမြှီးကိုးချောင်းမြေးခွေးဖြစ်ပါတယ်။ အဲ့တာကြောင့် ဒါဟာ Horror ရုပ်ရှင်ဇာတ်လမ်းတွေလိုမျိုး ဖြစ်နေပေမယ့်လည်း ဂျပန်မှာတော့ ဒီကျောက်တုံးတွေဟာ နှစ်ခြမ်းကွဲနေကြလို့ တချို့ဒေသခံတွေဟာ စိုးရိမ်ပူပန်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=971,q=100/0b/0b5895bf654e88f3088e30b4c56188a24be5b232.jpg

ဒါကြောင့်ပဲ တချို့သူတွေဟာ ဒီကျောက်တုံးထဲမှာ နတ်ဆိုးတွေ ရှိနေတတ်ပြီး ထိမိသူတိုင်း သေဆုံးမည်ဖြစ်ကြောင်း ယုံကြည့်ကြပါတယ်။ အဆိုပါ ကျောက်တုံးဟာ တိုကျိုမြို့မြောက်ဘက် Tochigi တောင်တန်းဒေသမှတည်ရှိပါတယ်။ မကြာသေးမီက ဒီကျောက်တုံးဟာ နှစ်ပိုင်းခွဲသွားကြောင်း ဂါးဒီးယန် သတင်းအရ သိရှိရပါတယ်။ အပေါ်မှာဖော်ပြခဲ့သလို ဒီမီးတောင်ကျောက်ကို Sessho-seki လို့ခေါ်ပြီး Tamamo-no-Mae ဆိုတဲ့ အမြှီးကိုးချောင်းမြေခွေးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ သူမဟာ အင်မတန်မှ ချော်မော်လှပတဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်တယ်လို့ သိရှိထားကြပါတယ်။

https://s9.kh1.co/__image/w=550,h=310,q=100/f9/f9410f19e0f2bf3af8acab7e82fdc68bacaa7daa.webp
https://s9.kh1.co/__image/w=650,h=751,q=100/4d/4dd229b89cd4c1c1b35fb8c302805be74c184569.jpg

ဒဏ္ဍာရီအရ Tamamo-no-Mae ဟာ 1107 ခုနှစ်မှ 1123 ခုနှစ်အထိ ဂျပန်နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဧကရာဇ် Toba ကိုသတ်ရန် ကြံစည်သူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဲ့နောက် သူမဝိညာဉ်ကို ကျောက်တုံးကြီးထဲတွင် မြှုပ်ခဲ့ကြောင်း အဲ့ဒီကျောက်တုံးကို ထိတဲ့သူတိုင်း အသတ်ခံရမည်ဆိုပြီး ဒဏ္ဍာရီတွေက ဖော်ပြထားပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးမှ ဒီနတ်ဆိုးကိုဖယ်ရှားခဲ့ပြီး ကျောက်တုံးကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖျက်ဆီးခံလိုက်ရကာ ဂျပန်နိုင်ငံအနှံ့ ပြန့်ကျဲသွားကြောင်း ယုံကြည်ကြပါတယ်။

https://s9.kh1.co/__image/w=620,h=465,q=100/97/97251b10ea8fbe320aa1f7e931ef69112d99f15a.webp

ဒါပေမယ့်လည်း ဂျပန်နိုင်ငံကလူတော်တော်များများဟာ ဒီကျောက်တုံးတွေဟာ Mount Nasu မှာ အမြဲရှိနေတတ်ပြီး နတ်ဆိုးဟာလည်း ပြန်လည် လွှတ်မြောက်လာကာ အဆိပ်ငွေ့တွေကိုလည်း ထုတ်လွင့်ကြောင်း ပြောပြကြပါတယ်။ ဒီအဆိပ်ငွေ့တွေထုတ်တဲ့ ဖြစ်ရပ်ဟာ ခရီးသွားနှစ်ယောက် ကျောက်တုံးနှစ်ခြမ်းကွဲနေတာကို မြင်တွေ့ခဲ့ရပြီး တစ်ပတ်အကြာမှာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ ကျောက်တုံး နှစ်ခြမ်းကွဲရတဲ့အကြောင်းဟာ မိုးရေကြောင့်ဖြစ်နိုင်တယ်လို့ ပညာရှင်တွေကတော့ ယုံကြည်ထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=400,q=100/e3/e3d8a12a78f3171ae7e2bf8507e45496220242dd.jpg
https://s9.kh1.co/__image/w=620,h=932,q=100/fc/fc2b0039898d4838206508b2fc3bd8fe5029cc59.webp

သတင်း အရင်းအမြစ် The Sun

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T