Big Foot နှင့် Loch Ness Monster တို့ရဲ့ အကြောင်းတွေကို လူတိုင်းကြားဖူးကြမှာပါ။ဒါ့ပေမယ့် လက်ရှိအချိန်ထိ ဝေခွဲမရဖြစ်နေတာကတော့ ၁၉ ရာစုနှစ်လောက်က ပထမဆုံးဖော်ပြခဲ့
စူးစမ်းလေ့လာသူ Percy H. Fawcett ရဲ့ Giant အန်ကွန်ဒါ ဧရာမမြွေကြီးတစ်ကောင်ရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ရှေ့ယခင်က ဧရာမမြွေကြီးများဟာ အမေဇုန်မြစ်ဝှမ်းမှာ အများဆုံး နေထိုင်ကျက်စားကြပြီး အကြီးဆုံးမြွေတစ်ကောင်ဟာ ပေအားဖြင့် ၁၀၀ ပေ (၃၀မီတာ) ကျော်အထိ အလွန်ရှည်လျားစွာ ရှိတယ်လို့ ကြားဖူးတာတွေရှိခဲ့ပါတယ်။


မြွေကြီးပတ်သက်တဲ့ ပထမဆုံးမှတ်တမ်းမှာတော့ ၁၉၀၇ ခုနှစ်က တောင်အမေရိကရဲ့ ဗြိတိသျှပထဝီဝင် လေ့လာရှာဖွေသူ Fawcett ဟာ ဘိုလီးဗီးယားမှာ ပျောက်ဆုံးနေတဲ့ "Z" မြို့တော်ကို ရှာဖွေလေ့လာဖို့ အတွက် ခရီးထွက်ခဲ့ရင်း သူ့ရဲ့ လှေပတ်လည်အနီးနားမှာ မဲနက်နေတဲ့နေတဲ့ ရေပြင်ထဲမှာ ကူးခတ်နေတဲ့ ဧရာမမြွေကြီးတစ်ကောင်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အခြားအမည်မသိတဲ့ သတ္တဝါများကိုလည်း တွေ့မြင်ခဲ့ရကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။လေ့လာတွေ့ရှိခဲ့တဲ့ ရှာဖွေမှုတွေကိုလည်း ၁၉၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ "The Lost World" စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဧရာမမြွေကြီး တွေ့ရှိကြောင်း Fawcett က ရေးသားဖော်ပြခဲ့ပေမယ့် ယနေ့အချိန်အထိ သက်သေပြနိုင်ခြင်းမရှိခဲ့ပါဘူး။


၂၀၀၉ ခုနှစ်ကတော့ ကိုလံဘီယာနိုင်ငံမှာ ကျောက်မီးသွးတွင်းတူးဖော်ရင်း အရှည် ၄၂ ပေရှိတဲ့ မြွေကြီးတစ်ကောင်ရဲ့ ရုပ်ကြွင်းတစ်ခုကို တွေ့ရှိခဲ့ပါသေးတယ်။ Fawcett တွေ့ရှိခဲ့တဲ့ မြွေကြီးဟာ ကိုလံဘီယာက မြွေကြီးထက်အရွယ်ကြီးမားတာဖြစ်ပြီး ဒါပေမယ့် သူကတော့ တကယ်ရှိခဲ့လားဆိုတာကတော့ သက်သေပြနိုင်ခြင်းမရှိခဲ့ပါဘူး။ အန်ကွဒါ မြွေကြီးတွေဟာ တောင်အမေကရိကရှိ အမေဇုန်မိုးသစ်တော့များမှာ တွေ့ရှိရတတ်တဲ့ စပါးလင်မျိုးစိတ် လေးမျိုးထဲကတစ်ခုဖြစ်ပါတယ်။ အဆိုပါ မြွေစိတ်လေးမျိုးဟာ စပါးကြီး၊ အဝါရောင် စပါးလင်၊ မည်းမှောင်နေတဲ့ အန်ကွန်ဒါ နှင့် ဘိုလီးဗီးယား အန်ကွန်ဒါ တို့ပဲဖြစ်ပါတယ် ။

သတင်း အရင်းအမြစ်៖ Source - Ancient Origins





