နှစ်နှစ်အရွယ်သမီးလေးက အမေဖြစ်သူအား လမ်းလျှောက်တတ်စအရွယ်တွင် သူမအဖွားရဲ့ဖြစ်သူရဲ့ အဖွားဖြစ်ကြောင်း ပြောပြခဲ့တာကြောင့် အမေဖြစ်သူဟာ အံ့ဩထိတ်လန့်ခဲ့ရပါတယ်။ TikTok ပေါ်မှာ ဝေမျှရင်း မေမေ @gi_gi216 က သူမရဲ့ အဖွားနဲ့၊ အဖွားဖြစ်သူရဲ့အဖွားပုံ အဖြူအမည်းဓာတ်ပုံဟောင်းကို ကြည့်နေတဲ့ သမီးငယ်လေးကို ရိုက်ကူးခဲ့ပါတယ်။ သူ့သမီး Ella ဟာ ဘောင်ခတ်ထားတဲ့ပုံတွင် အဖွားရဲ့ပံုေပါ် လက်ကို အကြိမ်ကြိမ်တင်ကာ "ဒါကသမီးပဲ" လို့ပြောခဲ့ပါတယ်။

"ကျွန်မ နှစ်နှစ်သမီးအရွယ်တုန်းက အဖွားနဲ့ အဖွားရဲ့အဖွား ပုံတစ်ပုံကို တွေ့ခဲ့ပါတယ်။ သမီးလေးက ကျွန်မ အဖွားရဲ့ အဖွားလို့ ပြောနေပါတယ်" လို့ TikToker က ရေးသားထားပါတယ်။ လန့်ဖျပ်သွားခဲ့တဲ့မိခင်က Ella ဟာ ဓာတ်ပုံကို ပထမဆုံးအကြိမ်မြင်ဖူးကြောင်း ရှင်းပြခဲ့ပါတယ်။ “သူမက ဒီပုံကို အရင်က တစ်ခါမှ မမြင်ဖူးဘူး၊ အဲဒါ ကျွန်မအဖွားနဲ့ အဖွားရဲ့ အဖွားမှန်း မသိခဲ့ဘူး” လို့ သူမက ဆိုပါတယ်။ ဗီဒီယိုဖိုင်တွင် ကလေးမလေးက "ဒါက သမီးပဲ" လို့ ထပ်ခါတလဲလဲ ပြောနေပါတယ်။

"သမီးက ဘယ်တစ်ယောက်လဲ?" @gi_gi216 ကမေးခဲ့ပါတယ်။ "အဲဒါက အဖွားနဲ့ သမီးပဲ" လို့ အဲလ်လာက သူ့အမေကို ပြရန် ဘောင်ကို ကိုင်ကာ ပြန်ပြောခဲ့ပါတယ်။ "အဲဒါ အဖွားနဲ့ သမီးပဲ"။ “အမေကို သေချာလေးပြန်ပြပါလား သမီးကဘယ်တစ်ေယာက်လဲဆိုတာကုိ” ဆိုပြီး မိခင်က ထပ်ပြောပါတယ်။ "ဒီတစ်ေယာက်ပဲ" Ella က သူ့အမေရဲ့ အဖွားအပေါ် လက်ညှိုးကို တင်ပြီး ပြန်ဖြေပါတယ်။

TikToker မှ Ella ညွှန်ပြတဲ့လူဟာ သူမရဲ့ အဘိုးအဘွားဖြစ်ကြောင်း မှတ်ချက်များတွင် ရှင်းလင်းထားပါတယ်။ ပိုစတာက သူ့အမေအတွက်တာင် စိတ်လှုပ်ရှားစရာ အခိုက်အတန့်တစ်ခုလို့ ဆိုပါတယ်။ အမေဖြစ်သူက ဒီပုံထဲက လူတွေကဘယ်သူလဲဆိုတာကို တခါမှ မပြောပြခဲ့ဖူးပါဘူး။ ဒါကလူ၀င်စားတာဖြစ်ကြောင်း ကြည့်ရှူသူတွေကပြောပြခဲ့ပါတယ်။ အဲ့ထဲက တစ်ေယာက်ကတော့ သူမရဲ့သားဟာ တခါက သူမအမေဖြစ်ခဲ့ဖူးတယ်လို့ ရေးသားထားပါတယ်။ သင်ရော လူ၀င်စားတဲ့အဖြစ်အပျက်တွေကို ယံုကြည်ပါသလား။

သတင်း အရင်းအမြစ်៖ Daily Star