ပေါက်ကွဲမှုတိုင်းမှာ မတူညီတဲ့ ကွာခြားချက်တွေရှိနေတဲ့ ဟိုက်ဒရိုဂျင်အက်တမ်ဗုံး နှင့် အဏုမြူအက်တမ်ဗုံး

//s9.kh1.co/e6/e62bdc5adecfa0a65124f84210f0c5fdbdc506b3.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-မတ်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဟိုက်ဒရိုဂျင်အက်တမ်ဗုံးနှင့် အဏုမြူဗုံးတွေဟာ ပေါက်ကွဲမှုအားပြင်းတဲ့ ဗုံးအမျိုးစားတွေဖြစ်ပေမယ့် မတူညီတဲ့ကွာခြားချက်တွေရှိပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဟိုက်ဒရိုဂျင်အက်တမ်ဗုံး

ဟိုက်ဒရိုဂျင်အက်တမ်ဗုံး ဟာ အဏုမြူဗုံးထက် ၁၀ ဆ ပိုပြီး ပေါက်ကွဲမှုအားပြင်းထန်တဲ့ ကမ္ဘာကြီးအတွက် အန္တရယ်အရှိနိုင်ဆုံး ဗုံးအမျိုးစားပဲ ဖြစ်ပါတယ်။  ဟိုက်ဒရိုဂျင်ဗုံးအက်တမ်ဗုံးများကို တစ်နည်းအားဖြင့် သာမိုနျူကလီးယားဗုံးများလို့လည်း ခေါ်ပါတယ်။

ဟိုက်ဒရိုဂျင်​ရဲ့ သဘောသဘာဝဟာ ပုံမှန်အားဖြင့် တွန်းကန်မှုမျိုး မရှိတဲ့ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့  ဟိုက်ဒရိုဂျင်​ရဲ့ နျူကလိယမှာ လျှပ်စစ်အဖိုဓါတ်တစ်မျိုးတည်းသာရှိပြီး သူဟာ အင်မတန်ပေါ့ပါးတဲ့ ပရိုတွန်အမှုန်တစ်ခုတည်းသာ ရှိနေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ပေါက်ကွဲမှုဖြစ်စဉ်တိုင်းဟာ  ဓါတ်သဘာဝမတူညီတဲ့ အဖိုအမနှစ်ခုရဲ့တွန်းကန်မှုအားကြောင်း အပြင်းထန်ဆုံး ပေါက်ကွဲတစ်ခုကို ဖြစ်ပေါ်စေတာပါ။ ဟိုက်ဒရိုဂျင်အက်တမ်ဗုံးတစ်လုံးရဲ့ ပေါက်ကွဲမှုဖြစ်စဉ်မှာလည်း အလွန်မြင့်မားတဲ့ အပူရှိန်တစ်ခုကြောင့် ဟိုက်ဒရိုဂျင်အက်တမ်များ အရည်ပျော်ပေါင်းစပ်ပြီး အမြင့်ဆုံးတွန်းကန်မှုအား ဖြစ်ပေါ်ရာကနေ ပြင်းထန်တဲ့ အပူစွမ်းအင်နှင့် ဓါတုရောင်ခြည်တွေအဖြစ် ဖြာထွက်ပေါက်ကွဲလာစေခြင်းပဲ ဖြစ်တယ်။ အပူရှိန်ဒီဂရီက ဖာရင်ဟိုက် သန်း (၅၀) ခန့် လိုအပ်ပြီး ယင်းအပူကိုရရှိဖို့အတွက်လည်း အနုမြူဗုံးတစ်လုံးကသာ အဓိကကျတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဟိုက်ဒရိုဂျင်အက်တမ်ဗုံးတစ်လုံးကို ဖေါက်ခွဲဖို့ရင် အနုမြူအက်တမ်ဗုံးတစ်လုံးကို ခလုတ်အဖြစ် အသုံးပြုထားကြရတာ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

အဏုမြူအက်တမ်ဗုံး

အဏုမြူဗုံးသဘောသဘာဝအားဖြင့် ရေဒီယိုသတ္တိကြွယူရိုနီယံ ပြိုကွဲမှုကြောင့် ရလာတဲ့ ပြင်းထန်မှုစွမ်းအင်တစ်ခုပဲ ဖြစ်ပါတယ်။ပေါက်ကွဲအတွက် အီလစ်ထရွန်နစ် ဗို့အားစနစ်ကို တွန်းကန်အားဖြင့် လွှင့်စင်ပြီး တည်ရှိနေရာ ရဲ့ပါတ်ဝန်းကျင်ကို ဖြန့်ကျက်လွှမ်းခြုံသွားစေတဲ့ စွမ်းအင်းမျိုးကို  ဖြစ်ပေါ်စေတာပါ။ နျူကလိယားပြိုကွဲမှုစွမ်းအင် Fission Process ပိုင်းမှာလည်း နယူထရွန်လို့ခေါ်တဲ့ လျှပ်စစ် အဖိုဓါတ် အမဓါတ်မရှိတဲ့ အလွန်သေးငယ်တဲ့ပရမာအဏုမြူနဲ့ပေါင်းပြီး သူ့ထက်သေးငယ်တဲ့ Barium နှင့် Krypton အဖြစ်သို့ ဓါတ်ပြုပြီး ကွဲထွက်သွားရခြင်း ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့များကို ကြဲချခဲ့တဲ့ဗုံးနှစ်လုံးဟာ အဏုမြူအက်တမ်ဗုံးတွေပဲ ဖြစ်ပါတယ်။ ဗုံးနှစ်လုံးဟာ  Little boy နှင့် fat man လို့အမည်ရပြီး အလေးချိန်အားဖြင့် ၁၅  ကီလိုတန် နှင့် ၂၀ ကီလိုတန် စတဲ့ အလေးချိန်ရှိကြတယ်လို့ ဆိုပါတယ်။  နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့များကို ကြဲချခဲ့ရတုန်းက မြေပြင်အထက် ပေ ၁၀၀၀ ခန့်အမြင့်မှာ ပေါက်ကွဲတာဖြစ်ပြီး တစ်မြို့လုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့ရသလို လူပေါင်း ၁၂၉,၀၀၀ မှ ၂၂၆,၀၀၀ ကြား သေဆုံးခဲ့ရပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - Live Science

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T