သင့်အနေနဲ့ ငယ်ငယ်တုန်းက Pokemon ကတ်ေတွနဲ့ ဆော့ကစားခဲ့ဖူးမယ်ထင်ပါတယ်။ ခုဆိုရင်လည်း ၁၉၉၈ ခုနှစ်မှ ရှားပါး Pokemon ကတ်ကို လေလံတင်ရောင်းချခဲ့ရာတွင် ဒေါ်လာ ၉၀၀,၀၀၀ ဖြင့် စံချိန်သစ်တင်ခဲ့ပါတယ်။ သင့်အမြင်မှာတော့ ဒါဟာသာမန်ကတ်တစ်ခုလို့ပဲ ထင်နိုင်ပါတယ်။ တကယ်တော့ဒီကတ်တွေဟာ ရှားပါးကတ်တွေဖြစ်ပြီး Pokemon စုဆောင်းသူတွေအတွက်အပြင် အခြား စုဆောင်းသူတွေအတွက်လည်း အဖိုးတန်ပါတယ်။ အဲ့အပြင် Pokemon ဆိုတာဟာလည်း အောင်မြင်မှုများစွာရရှိထားတဲ့ ဗီဒီယိုဂိမ်းစီရီးများဖြစ်ပါတယ်။ သင်လည်းငယ်ငယ်တုန်းက Tv မှာကြည့်ဖူးမှာပါ။


Goldin ဆိုတဲ့ စုဆောင်းနိုင်တဲ့ပစ္စည်းများကို အဓိကအားထားတဲ့ လေလံပွဲတစ်ခုမှာ 1998 Pikachu "Illustrator" Holo ပရိုမိုကတ်ကို 34 ကြိမ်လေလံပြီးနောက် $900,000 ဖြင့် ရောင်းချနိုင်ခဲ့ေကြာင်း ဖော်ပြခဲ့ပါတယ်။ Professional Sports Authenticator မှ ကျွမ်းကျင်သူများက အရည်အသွေး 10 တွင် 7 အဆင့်သတ်မှတ်ထားတဲ့ ဒီကတ်ဟာ " Public ကိုပြန်လည်ရောင်းချခဲ့တဲ့ Pokemon ကတ်" ဆိုတဲ့ စံချိန်ကိုရရှိခဲ့ကြောင်း Goldin က သူ့ရဲ့တရား၀င် Twitter အကောင့်တွင် ပြောကြားခဲ့ပါတယ်။


လေလံစာရင်းတွင် Pikachu "Illustrator" Holo ကတ် ၂၃ ခုကိုသာ PSA မှ အဆင့်သတ်မှတ်ထားပြီး အခြားဥပမာတစ်ခုသာ အဆင့်၇ အဖြစ်သတ်မှတ်ခြင်းခံရကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီလို Pokemon ကတ်တွေကို စုဆောင်းတဲ့သူဟာ ကမ္ဘာကျော်အနုပညာရှင်တွေထဲမှာလည်း များစွာရှိပါတယ်။ Lego ရုပ်စုဆောင်းသူနဲ့ Pokemon ကတ်စုဆောင်းသူတို့ဟာလည်း သိပ်မကွာလှပါဘူး။ Pokemon ကတော့ ယနေ့အချိန်ထိ အောင်မြင်မှုများစွာရရှိနေတုန်းပါပဲ။

သတင်း အရင်းအမြစ်៖ UPI