တမူထူးခြားတဲ့ ပင်စည်ရှိတဲ့အပြင် လူသားတွေအတွက်ပါ အထောက်အကူပြုတဲ့ Baobab သစ်ပင်များ အကြောင်း

//s9.kh1.co/fb/fbc0c6fe4ef30ab753abd2d514c570bf5a0cbfb2.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-ဖေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

.

ကမ္ဘာပေါ်မှာ သစ်ပင်မျိုးစိတ်ပေါင်းများစွာရှိပေမယ့် Baobab လို့ခေါ်တဲ့ ထူးထူးခြားခြား သစ်ပင်ကြီးများကို သင့်အနေနဲ့လည်း သတိထားသိကြမှာပါ။ ဘာကြောင့် သတိထားမိတာလဲဆိုတော့ ဒီသစ်ပင်တွေဟာ အခြားသစ်ပင်များနှင့် မတူဘဲ သူ့ရဲ့ အရွယ်အစားကြီးတဲ့ ပင်စည်များနှင့် ကုတ်ခြစ်နေတဲ့ အကိုင်းအခက်များရှိတာကြောင့်ပါ။ သူ့ရဲ့ ပင်စည်ဟာ အခြားသစ်ပင်အမျိုးအစားများနှင့် နှိုင်းယှဉ်ပါက အလွန်ကြီးမားပြီး အချင်း ၂၅ ပေမှ ၃၆ ပေကြားအထိ ရှိတတ်သလို အကြီးဆုံးပင်စည်ဟာ လုံးပတ် ၄၇ ပေထိရှိပါတယ်။

Photo Credit - History Daily / Getty Images

အာဖရိကကမှာလည်း ဒီသစ်ပင်နဲ့ ပတ်သတ်ပြီး ဒဏ္ဍာရီများစွာ ရှိတယ်လို့လည်း စာရေးဆရာတချို့က ရေးသားဖော်ပြတာတွေလည်း ရှိပါတယ်။ Baobab သစ်ပင်ဟာ အများအားဖြင့် Madagascar နှင့် Beyond တိုမှာ ရှင်သန်ပေါက်ရောက်တဲ့ သစ်ပင်ဖြစ်ပြီး မျိုးစိတ် ၉ မျိုးထိရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီမျိုးစိတ်ထဲမှာ ၆ မျိုးက Madagascar မှာရှိပြီး ၁ မျိုးကို သြစတြေးလျမှာ ပေါက်ရောက်နေတာ ဖြစ်ပါတယ်။

Photo Credit - History Daily / Getty Images
Photo Credit - History Daily / Getty Images
Photo Credit - History Daily / Getty Images
Photo Credit - History Daily / Getty Images

အခြားနှစ်မျိုးကတော့ အာရေဗျကျွန်းဆွယ်နှင့် အာဖရိကတို့မှာ တွေ့ရနိုင်တယ်လို့ ဆိုပါတယ်။ ဒီသစ်ပင်တွေဟာ ပူပြင်ခြောက်သွေ့ပြီး မိုးခေါင်ရေရှားတဲ့ ဒေသတွေမှာ ပိုပြီး ကြီးထွားရှင်သန်တာ ဖြစ်ပါတယ်။ တကယ့်ကို ထူးခြားတဲ့အပင်ဖြစ်သလို လူသားတွေအတွက် အသုံးဝင်တဲ့ သစ်ပင်တစ်မျိုးပဲ ဖြစ်ပါတယ်။အာဖရိကနှင့် Madagascar ရှိ ဒေသခံလူမျိုးများကတော့ Baobab သစ်ပင်ကို "အသက်ပင်" လို့ ခေါ်ကြခဲ့ပြီး ဟိုးရှေးရှေးကတည်းက လူသားများကို အစားအစာ၊ အမိုးအကာ၊ ရေနှင့် အဝတ်အစားများ ပေးဆောင်တယ်လို့ ဆိုပါတယ်။

Photo Credit - History Daily / Getty Images
Photo Credit - History Daily / Getty Images
Photo Credit - History Daily / Getty Images
Photo Credit - History Daily / Getty Images

ဘာကြောင့်လဲဆိုတော့ Baobab သစ်ပင်ကို ရှေးလူများက နေထိုင်ရာအိမ်အဖြင့် အသုံးပြုခဲ့ကြသလို ပင်စည်ကနေထွက်ရှိတဲ့ အခေါက်များဖြင့် အဝတ်ထည်များ ယက်လုပ်ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် မီးဒဏ်ကိုလည်းခံနိုင်ရေရှိပြီး ရေများ သိုလှောင်ရာမှာလည်း အသုံးပြုကြပါတယ်။ ဒီဘက်ခေတ်မှာတော့ လူတွေဟာ Baobab သစ်ပင်တွေထဲမှာ အကျဉ်းထောင်များ၊ အရက်ဆိုင်များနှင့် စာကြည့်တိုက်များအဖြင့် အသုံးပြုလာကြတာ တွေ့ရပါတယ်။

Photo Credit - History Daily / Getty Images
Photo Credit - History Daily / Getty Images
Photo Credit - History Daily / Getty Images
Photo Credit - History Daily / Getty Images

သတင်း အရင်းအမြစ် Source - History Daily

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T