YouTube ဟာ Channel တစ်ခုခုက Live လွှင့်နေတယ်ဆိုတာကိုသိနိုင်ဖို့ ညွှန်ပြတဲ့လုပ်ဆောင်ချက်တစ်ခုကို ထည့်သွင်းလိုက်ပြီလို့ YouTube ရဲ့ Chief product officer Neal Mohan ကသူ့ရဲ့တွစ်တာကနေတဆင့်ကြေညာလိုက်ပါတယ်။
Really focused making it easier for users to find livestreams on @YouTube so we're rolling out the Live rings feature on mobile! @YouTubeCreators streaming live will now have a ring around the channel avatar & clicking on the avatar will take you directly to the livestream. pic.twitter.com/QylUbpktum
— Neal Mohan (@nealmohan) February 18, 2022
Channel တစ်ခုက Live လွှင့်နေပြီဆို Profile ပုံပေါ်မှာ ကွင်းပုံလေးနဲ့ Live ဆိုတဲ့စာသားကိုမြင်ရမှာဖြစ်ပြီး အဲ့ဒါကိုနှိပ်လိုက်တာနဲ့ Live ကိုတခါတည်းဝင်ရောက်ကြည့်ရှူနိုင်မှာပါ။YouTube ပေါ်မှာဘယ် Channel တွေက Live လွှင့်နေလဲဆိုတာကို အလွယ်တကူကြည့်ရှူနိုင်ပြီဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ တခြား TikTok တို့လို Platform တွေပေါ်မှာရှိနေပြီးသားမလို့ နည်းနည်းတော့ရင်းနှီးနေကြမှာပါ။TikTok မှာဆိုလည်း Live လွှင့်နေပြီဆို Profile ပုံပေါ်မှာ အကွင်းလေးခုန်နေတဲ့ပုံလေးပေါ်လာပါတယ်။Instagram မှာဆိုလည်း Live လွှင့်နေပြီဆို Profile ပုံပေါ်မှာ ရောင်စုံကွင်းလေးတစ်ခုပေါ်နေတာကိုမြင်ရပါတယ်။

YouTube ဟာအသုံးပြုရပိုလွယ်ကူလာအောင် တဖြည်းဖြည်းအသွင်ပြောင်းနေပြီဖြစ်ပြီး ၂၀၂၂ နှစ်ကူးထဲမှာတင် Full-screen UI ပြောင်းလဲတာတွေ၊ခုဒီလို Live လွှင့်တာကိုပိုမြင်သာအောင်ပြင်ပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။





