လူတွေ သေချာမသိကြသေးတဲ့ မော်တင်စွန်း ဘုရားအကြောင်း တစေ့တစောင်း

//s9.kh1.co/13/13cb4c1d54e2485f76ff2dae635ce8141ec32b11.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-ဖေ-၂၀၂၂ ၁၂am · လွန်ခဲ့သော ၂ နှစ် က

မြန်မာနိုင်ငံ၊ဧရာဝတီတိုင်းဒေသကြီး၊ငပုတောမြို့နယ်မှာ တည်ရှိတဲ့.......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မော်တင်စွန်းဘုရားဟာ မြန်မာဘုရားဖူးများ သာမက ကမ္ဘာလှည့်ခရီးသွားများ နှင့် ဗိသုကာပညာရပ်ကို စိတ်ဝင်စားမှု ကြီးမားသူများ ပါ စိတ်ဝင်တစား လာရောက်လှည့်လည်နေကျ ဘုရားတစ်ဆူ ဖြစ်ပါတယ်။ မော်တင်စွန်း ဘုရားပွဲတော်ကိုလည်း နှစ်စဥ် တပေါင်း လမှာ စည်ကားသိုက်မြိုက် ထူးခြားထည်ဝါစွာ ကျင်းပလျက်ရှိပါတယ်။ ဘုရားပွဲ သို့သွားရောက် ဖူးမြော်ခြင်းဖြင့် ပုသိမ်မြစ်ရဲ့ ကပ္ပလီပင်လယ်အတွင်း ပေါင်းစည်းစီးဝင်သွားပုံနှင့် ထိုမှတဆင့်မော်တင်စွန်း အငူကိုလည်း ထင်ရှားစွာတွေ့ မြင်ရမှာ ဖြစ်ပါတယ်။ မြန်မာပြက္ခဒိန်အရ တပေါင်းလတွင် ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြီး အင်္ဂလိပ် ပြက္ခဒိန်အရ ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း၌ ဖြစ်ပါတယ်။ ဘုရားပွဲပြီးလျင်ပြီးခြင်း ကမ်းခြေကို ပင်လယ် ရေအနည်းငယ် တက်လာလေ့ရှိတဲ့အတွက် မော်တင်စွန်း ဘုရား ဟာ ပင်လယ်ထဲတွင် ရှိသယောင် ထင်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

မော်တင်စွန်းဘုရားဟာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်၊ မော်တင်စွန်း မှာ တည်ရှိပြီး တစ်နည်း အားဖြင့် နဂါးရစ်တောင်၊ သရဏတောင် (သို့မဟုတ်) နီရဘန်တောင် ဟုခေါ်ဆိုကြပါတယ်။ဆံတော်ရှင် မော်တင်စွန်း စေတီတော်မှာ မြတ်စွာဘုရား ပွင့်တော်မူခဲ့စဉ်က တဖုဿ နှင့်ဘလ္လိက ကုန်သည် ညီနောင်တို့ဟာ မဟာသက္ကရာဇ် (၁ဝ၃) ခုနှစ် မှာ မြတ်စွာ ဘုရားရှင် ထံတော်မှ ပထမဦးစွာ ဆံတော်ရှစ်ဆူ ပင့်ဆောင် ပူဇော်ခွင့် ရရှိခဲ့ကြပြီး ရေလမ်းခရီးဖြင့် မြန်မာနိုင်ငံ တော်သို့ ပြန်ခဲ့ကြရာ ဇေယျသေန နဂါးမင်း ပိုင်စိုးသော နဂရအငူသို့ ဖြတ်သန်း ခဲ့ရာတွင် ဇေယျသေန နဂါးမင်းက ဆံတော်နှစ်ဆူ ပင့်ဆောင် ယူတော်မူပြီး မော်တင် တောင်ထိပ်၌ ဌာပနာ တင်သွင်းကာ စိုင်တမော့အရွယ်ရှိ စေတီတစ်ဆူ ပူဇော်ထားခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ယခင်ကဘွဲ့နာမအားဖြင့် “မဟာမကုဋရံသီ” ဟုတွင်ခဲ့ပြီး တတိယသံဃာယနာတင် မှာ သီရိဓမ္မာသောကမင်း ကြီးက ပြန်လည်ပြုပြင်ခဲ့တယ်လို့ဆိုပါတယ်။ မြတ်မော်တင်စွန်း ဆံတော်ရှင် စေတီတော် မြတ်ကြီးအား နှစ်စဉ် တပေါင်းလဆန်း (၁) ရက်နေ့မှ တပေါင်းလပြည့်နေ့အထိစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး စတင်တည်ထားခဲ့ချိန်မှ ယခုထိ ဆိုလျှင် နှစ်ပေါင်း (၁၂၇၁)နှစ်ရှိပြီလို့ သိရပါတယ်။ ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလတွင်ကျင်းပပြီး လဆန်း (၁)ရက် နေ့မှ (၁၅)ရက်ထိ ကြာမြင့်သည်။ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများဟာ သင်္ဘောများ၊ ကားများဖြင့်လာရောက်ဖူးမြော်လေ့ရှိကြပြီး စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ ဘုရားပွဲကျင်းပတဲ့ အချိန်မှတပါး တစ်နှစ်ပတ်လုံး ရေဝပ်နေခြင်းဖြစ်ပါတယ်။ ပွဲတော်အချိန်မှာတော့ ပင်လယ်ရေဟာ ဘုရားရင်ပြင်တော်မှ ကောင်းစွာလွတ်ကင်းတဲ့ နေရာသို့ရောက်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T