သိပ္ပံပညာရှင်များတောင် အံ့အားသင့်ခဲ့ရတဲ့ ကိုလံဘီယာက မြွေကြီးတစ်ကောင်ရဲ့ ရုပ်ကြွင်း

//s9.kh1.co/6a/6a9eaea8eebcf423091042a2dd17f0150eaa02d8.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဖေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

.

ကိုလံဘီယာအရှေ့မြောက်ပိုင်းမှာ တွေ့ရှိခဲ့တဲ့ မြွေကြီးတစ်ကောင်ရဲ့ ရုပ်ကြွင်းဟာ သိပ္ပံပညာရှင်များကို အံ့အားသင့်စေခဲ့ပါတယ်။ အဆိုပါ မြွေကြီးဟာ အရှည် ၄၂.၅ ပေ (၁၃ မီတာ) ရှိပြီး " Titanoboa" လို့ အမည်ပေးထားခဲ့ပါတယ်။ Titanoboa မြွေကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၀ ခန့်က Paleogene Period မှာ နေထိုင်ကျက်စားခဲ့ပြီး ယခုအခါ မျိုးတုန်းပျောက်ကွယ်သွားတဲ့ မြွေကြီးပဲဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

ဒီရုပ်ကြွင်းများကို ကိုလံဘီယာနိုင်ငံ La Guajira မြို့မှာ ၂၀၀၉ ခုနှစ်က ကျောက်မီးသွေးတွင်းများတူးဖော်ရင်း မထင်မှတ်ဘဲ ပထမဆုံးရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Titanoboa မြွေကြီးရဲ့ ရုပ်ကြွင်းကို အနီးကပ်ကြည့်မယ်ဆိုရင် ဒီမြွေဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ ပေအားဖြင့် ၅၀ ခန့်ရှည်လျားပြီး အလေးချိန် ပေါင် ၂၅၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ယနေ့ခတ်မှာ နေထိုင်ကျက်စားနေတဲ့ အကြီးဆုံးမြွေတွေထက် နှစ်ဆပိုရှည်ပြီး ၄ ဆ ပိုလေးတယ်လို့ ခန့်မှန်းထားကြပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

မြွေတွေဟာ အများသောအားဖြင့် သားကောင်များကို ရစ်ပတ်ကာ အသေသတ်ပစ်ခြင်းဖြင့် အမဲလိုက်ကြပေမယ့် Titanoboa မြွေကြီးကတော့ ထိုကဲ့သို့ မဟုတ်ဘဲ သားကောင်များကိုကိုက်ရမ်းပြီး စားသောက်ကြတယ်လို့ ဆိုပါတယ်။ ဒီမြွေမျိုးစိတ်တွေဟာ တောင်အမေရိကရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကိုလံဘီယာနှင့် ပီရူးတို့မှာ ပေါက်ဖွားကြပြီး တိရစ္ဆာန်မျိုးစုံကို စားသောက်တဲ့ အသားစားသတ္တဝါတစ်မျိုးပဲဖြစ်ပါတယ်။ သူ့ထက်သေးငယ်တဲ့ တွားသွားသတ္တဝါများနှင့် ငှက်မျိုးစုံကိုလည်း စားနိုင်သလို မိကျောင်းများကိုလည်း အမဲလိုက်ခြင်းများ ပြုလုပ် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - Scified.com

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T