၁၈၅၈ ခုနှစ်က လယ်သမားတစ်ဦးဟာ အုပ်ချုပ်ရေးယူနစ်ဟောင်း Volhynia (ယခုယူကရိန်းနိုင်ငံ)က Kovel မြို့အနီးရှိ လယ်ကွင်းတစ်ခုကို လယ်ထွန်ရင်း လျှို့ဝှက်ဆန်းကြယ်တဲ့ ကမ္ပည်းနှင့် ခမ်းနားတဲ့ တန်ဆာဆင်ထားတဲ့ သံလှံခေါင်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အရင်ကလည်း လှံခေါင်းတွေနဲ့ ပတ်သက်ပြီး ဇာတ်လမ်းများစွာရှိပါတယ်။ ယခု ပျောက်ဆုံးသွားတဲ့ Kovel ထိပ်ဖူးကလည်း အစွမ်းထက် Goths များခေတ်က ထူးခြားတဲ့ အမွေအနှစ်တစ်ခုလို့ ယူဆကြပါတယ်။


Kovel ထိပ်ဖူးဟာ အေဒီ ၃ ရာစု အစောပိုင်းမှာ စတင်ခဲ့တယ်လို့ သမိုင်းပညာရှင်များက ယုံကြည်ခဲ့ကြပါတယ်။ လှံခေါင်းဟာ ၁၅.၅ စင်တီမီတာ (၆.၁ လက်မ) ရှိပြီး အများဆုံးအရှည်မှာ ၃ စင်တီမီတာ (၁.၂ လက်မ) ဖြစ်ပါတယ်။ အရွက်နှစ်ဖက်ကိုတော့ ငွေရောင်သင်္ကေတများဖြင့် စီခြယ်ထားတာဖြစ်ပါတယ်။ Kovel လှံခေါင်းပေါ်ရှိ runes များဟာ "thither –rider" ဟုဖတ်ရတာဖြစ်ပြီး ဒီစာတွေဟာလူတစ်ဦးတစ်ယောက်ကို ကံကောင်းစေချင်တာကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။


လှံခေါင်းတစ်ဖက်ခြမ်းရှိ လခြမ်းပုံသဏ္ဍာန်ကတော့ ပင်လယ်နက်မှလူများနှင့် ပထမဆုံးကြုံတွေ့ရစဉ်မှာ Goths စူးစမ်းလေ့လာရေးခရီးတစ်ခုတွင် ကောက်ယူခဲ့တဲ့ မှော်ဆန်သည့်သင်္ကေတတစ်ခုဖြစ်မယ်လို့ သမိုင်းပညာရှင်အချို့က ယုံကြည်ကြပါတယ်။ ဒါကလည်း ဒိန်းမတ်နိုင်ငံ Flemløse အနီးရှိ Kragehul bog မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ Kragehul လှံခေါင်းနဲ့ အလားတူနေခဲ့လို့ပါ။ ဘယ်လိုပဲ အဓိပ္ပာယ်ဖွင့်ဆိုနေပါစေ ဒီလှံခေါင်းဟာ ယခုအချိန်ထိ ဘယ်သူတွေက ဖန်တီးခဲ့ကြပြီး မှော်ဆန်သည့်သင်္ကေတတွေက ဘာကိုရည်ရွယ်သလဲဆိုတာကိုတော့ အဖြေရှာလို့ မရခဲ့ပါဘူး။ ဒီလှံခေါင်းနဲ့ပတ်သက်ပြီးတော့လည်း သမိုင်းပညာရှင်တွေက ဆက်လက် လေ့လာဆဲလို့လည်း သိရပါတယ်။

သတင်း အရင်းအမြစ်៖ Source - Ancient Origins





