အောင်မြင်တဲ့ ရလဒ်တွေရှိခဲ့ပြီးမှ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့လို့ ပျောက်ကွယ်သွားခဲ့ရတဲ့ လေသင်္ဘောများရဲ့ အကြောင်း

//s9.kh1.co/e1/e1e1568c03210371f1f4c0d72dfaacfbd277bc9d.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-ဖေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဟိုအရင်အချိန်တုန်းက အနောက်နိုင်ငံများမှာ လူများလိုက်ပါစီးနင်းနိုင်တဲ့ လေသင်္ဘောတွေကို တီထွင်ဖန်တီးခဲ့ပြီး တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါတယ်။ လေသင်္ဘောကိုDirigible (သို့မဟုတ်) Dirigible balloon ဟုလည်းခေါ်ကြပြီး ဓာတ်ငွေ့ဖြင့် ပျံသန်းရတဲ့ လေထက်ပေါ့တဲ့ ယာဉ်တစ်မျိုး ဖြစ်ပဲဖြစ်ပါတယ်။ အဆိုပါ လေသင်္ဘောတွေကို အမျိုးအစား ၃ မျိုးခွဲထားပါသေးတယ်။ဆေးပြင်းလိပ်ပုံသဏ္ဍာန်ရှိတဲ့ သင်္ဘော၊ ခရီးသည်တွေနှင့် အမှုထမ်းများ လိုက်ပါစီးနင်းနိုင်တဲ့ မီးပုံးပျံအောက်မှာ ကား သို့မဟုတ် ဂွန်ဒိုလာပါတဲ့ သင်္ဘော နှင့် ပဲ့နှင့် ပန်ကာများဖြင့် တွန်းထုတ်တဲ့ နည်းလမ်းများကို အသုံးပြုပြီး ထိန်းချုပ်မောင်းနှင်ရတဲ့ သင်္ဘောများဖြစ်ပါတယ်။

Photo Credit - from google
Photo Credit - from google

အမျိုးအစား ၃ မျိုးစလုံးမှာလည်း အဓိက အစိတ်အပိုင်းအဖြစ် ၄ ခုရှိတယ်လို့လည်း သိရပါတယ်။ တောင်ပံပါတဲ့ လေယာဉ်ပျံများ နှင့် ရဟတ်ယာဉ်များကဲ့သို့ အတောင်ပံကို လေထဲမှာ ရွေ့လျားခြင်းဖြင့် ပျံသန်းရတဲ့ ယာဉ်မျိုးမဟုတ်ဘဲ ဒီလေသင်္ဘောများဟာ ကျယ်ပြန့်တဲ့ ကိုယ်ထည် အတွင်းမှာ လေထက်သိပ်သည်းဆ နည်းတဲ့ ဓာတ်ငွေ့များကို ဖြည့်သွင်းပြီး လေပေါ်မှာ ပျံသန်းရတာ ဖြစ်ပါတယ်။

Photo Credit - from google
Photo Credit - from google

ဒါပေမယ့် လေသင်္ဘောများမှာ ဓာတ်ငွေ့များကုန်ခမ်းသွားမယ်ဆိုရင်တော့ ပျက်ကျသွားမှာ ဖြစ်ပါတယ်။ လေသင်္ဘောများ လွှင့်တင်ရာမှာ အသုံးပြုတဲ့ ပုံမှန်ဓာတ်ငွေ့များကတော့ ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ်တို့ပဲ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင်ဟာ အပေါ့ပါးဆုံးလို့ လူသိများတဲ့ ဓာတ်ငွေ့ဖြစ်ပြီး သယ်ဆောင်နိုင်စွမ်း ကြီးမားပေမယ့် ၎င်းရဲ့ဂုဏ်သတ္တိဟာ အလွန်မီးလောင်လွယ်ပြီး လေယာဥ်ရဲ့ဘေးအန္တရာယ်များကို ဖြစ်ပေါ်စေပါတယ်။

Photo Credit - from google
Photo Credit - from google

ဟီလီယမ်ကတော့ မီးမလောင်ကျွမ်းနိုင်တာကြောင့် ဟိုက်ဒရိုဂျင်ထက် အဆမတန် တက်ကြွတဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်။ အစောပိုင်း လေသင်္ဘောများမှာတော့ ဂတ်စ်ပါတဲ့ အိတ်များမှာ ရော်ဘာဖြင့် ရောထားတဲ့ ချည်ထည်များကို အသုံးပြုထားပြီး၊ နီယိုပရင်းနှင့် Dacron ကဲ့သို့သော ဓာတုပေါင်းစပ်အထည်များဖြင့် အစားထိုးထားခဲ့တာပါ။

Photo Credit - from google
Photo Credit - from google

ပထမဆုံး လေသင်္ဘောကို ပြင်သစ်နိုင်ငံ Henri Giffard က ၁၈၅၂ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ Giffard ဟာ မြင်းကောင်ရေ ၃ ကောင်အား ထုတ်လုပ်ပေးနိုင်တဲ့ ၁၆၀ ကီလိုဂရမ် ရေနွေးငွေ့အင်ဂျင်ကို တည်ဆောက်ခဲ့ပြီး ကြီးမားတဲ့ ပန်ကာက တစ်မိနစ်လျှင် ၁၁၀ လှည့်ပတ်စေပါတယ်။ အင်ဂျင်အလေးချိန်ကို သယ်ဆောင်နိုင်အောင် အရှည် ၁၄၄ ပေရှိတဲ့ ဟိုက်ဒရိုဂျင်အိတ်တစ်လုံးကို ဖြည့်သွင်းထားတာဖြစ်ပါတယ်။ ဒီလေသင်္ဘောကြီးရဲ့ အမြန်နှုန်းဟာ တစ်နာရီလျှင် ၁၀ ကီလိုမီတာ (၆ မိုင်) အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပါတယ်။

Photo Credit - from google
Photo Credit - from google

၉ နှစ်အတွင်းမှာ လေယာဉ်ပေါင်း ၅၉၀ ကို တည်ဆောက်နိုင်ခဲ့ပြီး ၁၉၃၆ ခုနှစ်က ဂျာမနီမှာ လေသင်္ဘောတွေကို အသုံးပြုပြီး အတ္တလန္တိတ်ဖြတ်ကျော်တဲ့ ခရီးသွားဝန်ဆောင်မှုကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် လေသင်္ဘောဟာ နှေးကွေးစွာ ပျံသန်းခြင်း ၊ မုန်တိုင်းရဲ့ ဒဏ်ကို မခံနိုင်တဲ့ ပင်ကိုယ်အားနည်းချက်တွေအပြင် ဟိုက်ဒရိုဂျင် ဖြည့်ထားတဲ့ Hindenburg ပေါက်ကွဲမှုဆက်တိုက် ဖြစ်ပေါ်ခဲ့တာကြောင့် ၁၉၃၀ နှစ်နှောင်းပိုင်းလောက်မှာ လေသင်္ဘောများကို အသုံးပြုမှုတွေ နည်းပါပြီး ပျောက်ကွယ်သွားကြတာ ဖြစ်ပါတယ်။

Photo Credit - from google
Photo Credit - from google

သတင်း အရင်းအမြစ် Source - Britannica.com

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T