ကမ္ဘာ့ရှေးအကျဆုံး လူသားများ တည်ဆောက်နေထိုင်ခဲ့ကြတဲ့ ဂရိက Theopetra လှိုဏ်ဂူ

//s9.kh1.co/24/24a7fcdecd2ec028c1545e072d616a6478675fab.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-ဖေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

.

Theopetra လှိုဏ်ဂူဟာ ဂရိအလယ်ပိုင်း သက်သာလီဒေသရှိ Meteora မြို့မှာရှိတဲ့ ရှေးဟောင်းသုတေသန နေရာတစ်ခုဖြစ်ပါတယ်။ အဆိုပါ ရှေးဟောင်းသုတေသနနေရာရဲ့ Theopetra လှိုဏ်ဂူဟာ လွန်ခဲ့သောနှစ်ပေါင်း ၁၃၀၀၀၀ ခန့် အစောပိုင်းမှာ လူသားများ အုပ်စိုးခဲ့ကြောင်း အထောက်အထားများရှိခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit -  Kartson
Photo Credit - Kartson

အဆိုပါ လှိုဏ်ဂူဟာ ၃၃၀ ပေခန့်ရှိတဲ့ ထုံးကျောက်တောင်ကုန်းရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။ Theopetra ဂူကို ရွာငယ်လေးကို အပေါ်စီးကနေ မြင်တွေ့ရပြီး Pineios မြစ်ရဲ့ လက်တက်ဖြစ်တဲ့ Lethaios မြစ် အနီးနားမှာ ရှိတယ်လို့ ဆိုပါတယ်။ ဘူမိဗေဒပညာရှင်များရဲ့ အဆိုအရ အဆိုပါ ထုံးကျောက်တောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၅ သန်းမှ ၁၃၇ သန်းမှ ကြားမှာရှိပြီး Cretaceous ခေတ်နဲ့ လိုက်လျောညီထွေရှိခဲ့တယ်လို့ ယူဆထားကြပါတယ်။

Photo Credit -  Kartson
Photo Credit - Kartson

ယင်းဂူဟာ အကြမ်းဖျင်းအားဖြင့် လေးထောင့်ပုံသဏ္ဍာန်ရှိပြီး အရှည်မှာ ၅၃၈၀ စတုရန်းပေခန့် ရှိပါတယ်။ အတွင်းပိုင်းထဲမှာလည်း အလင်းရောင်များစွာ ဝင်ရောက်နိုင်တဲ့ ဝင်ပေါက်ကြီးတစ်ခုလည်းပါရှိတယ်။ ဒီလှိုဏ်ဂူကြီးကိုတော့ ရှေးဟောင်းသုတေသနအဖွဲ့က၁၉၈၇ ခုနှစ်မှာ စတင်တူးဖော်ခဲ့ပြီး ၂၀၀၇ ခုနှစ်အထိ ဆက်လက်လုပ်ဆောင်နေခဲ့တယ်လို့ ဆိုပါတယ်။ Theopetra လှိုဏ်ဂူထဲမှာ နောက်ထပ် အံ့သြဖွယ်ကောင်းတဲ့ တွေ့ရှိမှုတစ်ခုမှာလည်း ဂူပေါက်ဝမှာ ပိတ်ထားတဲ့ ကျောက်နံရံတစ်ခုရဲ့ အကြွင်းအကျန်များ ဖြစ်ပါတယ်။ အဆိုပါ ကျောက်နံရံကြီးကို ၂၀၁၀ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့တာပါ။

Photo Credit -  Kartson
Photo Credit - Kartson

ပညာရှင်များက ဒီနံရံကြီးဟာ သက်တမ်းအားဖြင့် ၂၃၀၀၀ နှစ်ခန့်ရှိနိုင်ပြီး နောက်ဆုံး ရေခဲခေတ်က ဂူအတွင်းနေထိုင်သူများဟာ အပြင်က အအေးဒဏ်ကို ကာကွယ်အောင် ဒီနံရံကြီးကို ဆောက်လုပ်ထားတာ ဖြစ်ကြောင်း ယူဆထားကြပါတယ်။ ဒါ့အပြင် ဒီနံရံကြီးဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး လူလုပ်နံရံကြီးလို့လည်း အခိုင်အမာဖွင့်ဆိုထားပါတယ်။ ၂၀၀၉ ခုနှစ်က Theopetra လှိုဏ်ဂူကို အများပြည်သူများ လေ့လာလည်ပတ်လို့ရအောင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်အကြာမှာ ခေတ္တပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရှေးဟောင်းသုတေသန နယ်မြေကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာ မြေပြိုမှုအန္တရယ်ရှိတာကြောင့် တစ်ဖန်ပိတ်ခဲ့ပါတယ်။

Photo Credit -  Kartson
Photo Credit - Kartson

သတင်း အရင်းအမြစ် Source - Kartson

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T