အသက်ရှင်စဥ်က အကြွေးမဆပ်ခဲ့လို့ သေရွာပြန် သူငယ်ချင်းဆိကနေ အကြွေးတောင်းခံလိုက်ရသူ မိုင်းတွင်းအလုပ်သမား

//s9.kh1.co/6a/6a00df974a363a0399c2ef502782bebfb9be3035.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-ဖေ-၂၀၂၂ ၅pm · လွန်ခဲ့သော ၃ နှစ် က

ဒီဇာတ်လမ်းကိုဖတ်ပြီး သူငယ်ချင်းဆိမှာ အကြွေးတင်‌ေနရင်လည်း ဆပ်လိုက်ပါ

Tommy Knockers များဟာ မိုင်းတွင်းလုပ်သားများကို သတ္တုရိုင်းများရှာဖွေရာတွင် ကူညီပေးတဲ့ အရင်က မိုင်းလုပ်သားများရဲ့ဝိညာဉ်များဖြစ်ပါတယ်။ သူတို့ဟာ လှိုဏ်ဂူရှေ့တွင် မိုင်းနံရံများကို ခေါက်ကြပါတယ်။ Tommy Knocker ခေါက်သံကိုကြားရတဲ့အခါ ထိုဧရိယာကို အမြန်ထွက်သွားခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ သူတို့ဟာ အဲ့ဒီ‌နည်းနဲ့ အန္တရာယ်ကျရောက်မယ့် မိုင်းတွင်းလုပ်သားများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အသံကို ပထမဆုံးကြားရသူမှာ ကျိန်စာမိတယ်လို့ အချို့လူများက ပြောကြ‌ေပမယ့်လည်း အမြဲတမ်းတော့ မဟုတ်ပါဘူး။ အဓိကမှာ Tommy Knockers တွေ အကောင်းဘက်မှာ ရှိနေရန်သာ အရေးကြီးပါတယ်။ မိုင်းတွင်းလုပ်သားများစွာဟာ သူတို့ရဲ့ ဝိညာဉ်များအတွက် နေ့လယ်စာအနည်းငယ်ချန်ထားခဲ့ကာ သူတို့နှစ်သက်စေရန်အတွက် သူတို့ရဲ့ဝိဥာဉ်ကုိ ရွှံ့စေးရုပ်ငယ်များဖြင့် ပုံဖော်ကြပါတယ်။ သင်က သူတို့ကို မကြိုက်ပါက Tommy Knockers များက ရန်ငြိုထားတဲ့ဝိဉာဉ်များ ဖြစ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=400,h=320,q=100/70/70f6b4e454b15dc81e962185c742e01a97dad308.png
https://s9.kh1.co/__image/w=650,h=975,q=100/8b/8b05a2d9d213e4f131a0aaac27493972a7730b1d.jpg

ကံမကောင်းအကြောင်းမလှစွာ မိုင်းတွင်းသမား Eddie ဟာ Tommy Knockers တွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ သူတို့က သူ့ကို ရူးသွပ်စေတယ်၊ ​​ကျောက်ခဲနဲ့ ပစ်တယ်၊ သူ့ကိရိယာတွေကို ခိုးတယ်၊ မီးပုံးကိုလည်း မှုတ်ထုတ်လာပါတယ်။ တစ်ရက်မှာ Tommy Knockers တွေက သူ့ကိုထွက်ခဲ့ဖို့ အချက်ပြခဲ့ပြီး "အက်ဒီ၊ ငါငါးဒေါ်လာလိုချင်တယ်!" လို့ Tommy Knocker တစ်ယောက်က ပြောပါတယ်။ Eddie လည်း အံ့ဩလွန်းလို့ သူ့ကိရိယာတွေကို မြေပြင်ပေါ် ပစ်ချလိုက်ပါတယ်။ အကြောင်းမှာ လွန်ခဲ့တဲ့လအနည်းငယ်က ဂူထဲတွင်သေဆုံးသွားတဲ့ သူ့ရဲ့သူငယ်ချင်းဟောင်းဂျိုးရဲ့ အသံနဲ့ တူနေခဲ့လိုပါ။ Eddie ဟာ Joe ထံမှ ငါးဒေါ်လာ ချေးယူခဲ့ပြီး မည်သည့်အခါမျှ ပြန်မပေးခဲ့ပါဘူး။ အက်ဒီဟာအဲ့အချိန်မှာ ဂျိုးထရီလောနေးရဲ့ ရုပ်ဆိုးဆိုး ဦးခေါင်းကြီး၊ နားရွက်ကြီးများနှင့် နှာတံကောက်နေပြီး နှစ်ပေရှည်တဲ့ လူပုလေးရဲ့ အရွယ်အစားအထိ သေးငယ်သွားတဲ့ ပုံစံကို မြင်လိုက်ရပါတယ်။ Joe ဟာ မြင့်မားတဲ့ဦးထုပ်၊ သားရေဂျာကင်အင်္ကျီနှင့် ရေစိမ်ထားတဲ့ သားရေဖိနပ်ကို ၀တ်ထားပါတယ်။

https://s9.kh1.co/__image/w=500,h=338,q=100/4e/4e2d33f23fbf3ec24ce0868c9e1640c035f87be9.jpg
https://s9.kh1.co/__image/w=650,h=449,q=100/87/8709e19b73bfdb78956794ea1c18ccdd32cfc849.png

Tommy Knocker ဟာ Eddie ကိုမြင်ရသည်ကို မကျေနပ်ဖြစ်‌ေနပါတယ်။ "ငါ့ကို ငါးဒေါ်လာ ပြန်ပေးကွာ Eddie!" လို့ သူ့သူငယ်ချင်းဟောင်းရဲ့ တစ္ဆေက တောင်းဆိုလိုက်ပါတယ်။ "ငါ့မှာ ပိုက်ဆံမရှိဘူး ဂျိုး" လို့ အက်ဒီက သူ့အိတ်ကပ်ကို ပွတ်သပ်ပြကာ ပြောလိုက်ပါတယ်။ "အရင်က အဲ့စကား ငါကြားဖူးတယ်" လို့ Tommy Knocker က ခြောက်ကပ်စွာပြောပါတယ်။ "အဲဒီတုန်းကလည်း မယုံဘူး၊ အခုလည်း မယုံဘူး!" လို့ပြောပြီး Tommy Knocker ဟာ ပျောက်ကွယ်သွားကာ သရဲဘာဆက်လုပ်မည်ကို တွေးတေ‌ာ‌ေနရင်း ကျန်ခဲ့တဲ့ အက်ဒီကတော့ စိတ်မသက်မသာဖြစ်‌ေနခဲ့ပါတယ်။ မကြာခင်မှာတော့ သူသိသွားပါတယ်! တစ်နေ့လုံး အက်ဒီဟာ Tommy Knocker ရဲ့နှောင့်ယှက်မှုကို ခံခဲ့ရတာပါ။ သူ့လှေကားဟာ ပြင်းထန်စွာ လှုပ်ခါကာ လဲကျလုနီးပါး ဖြစ်ခဲ့ဖူးပါတယ်။ မမြင်နိုင်တဲ့ စမ်းချောင်းတစ်ခုစီးကျလာသလို ကျယ်လောင်တဲ့ ပုတ်ခတ်သံကလည်း သူ့ကို ရူးသွပ်သွားစေပါတယ်။ ကျောက်တုံးပြုတ်ကျလို့ သေမယ့်ဘေးနဲ့လည်း ကြုံခဲ့ရပါသေးတယ်။ ပြီးတော့ Joe ရဲ့ အသံက "ငါ့ကို ငါးဒေါ်လာ ပြန်ပေးကွာ Eddie!"

https://s9.kh1.co/__image/w=280,h=359,q=100/bf/bfd8d5fa9460f9876c79f54d0d0bf5694bd21005.jpg

"ကောင်းပြီ Joe၊ ကောင်းပြီ!" အက်ဒီဟာ နောက်ဆုံးတွင် သူ့သူငယ်ချင်း ပေါ်လာတဲ့ ဥမင်လိုဏ်ခေါင်းရဲ့ အပေါက်ထဲကို အော်ဟစ်လိုက်‌ပါတယ်။ "မင်းရဲ့ သွေးစွန်းနေတဲ့ ငါးဒေါ်လာ ငါပြန်‌ေပးမယ်!" တစ်နေ့လုံး သူ့အလုပ်တွေကို စွန့်လွှတ်ပြီး အက်ဒီဟာ ကုန်းပေါ်ကို အကြာကြီးတက်ကာ အိပ်ခန်းထဲမှာ ချိတ်ထားတဲ့ ဘုတ်ပြားအောက်က ငွေငါးဒေါ်လာကို ယူလိုက်ပါတယ်။ အဲ့နောက် သူဟာ မိုင်းတွင်းထဲသို့ ပြန်ဆင်းပြီး ဂျိုးရဲ့ဝိညာဉ်ပေါ်လာတဲ့ နေရာဘေးရှိ နံရံတွင် အက်ကွဲတစ်ခုထဲသို့ ဒေါ်လာငါးဒေါ်လာကို ချိတ်ထည့်လိုက်ပါတယ်။ "မင်းရဲ့ငါးဒေါ်လာဒီမှာနော် Joe!" အက်ဒီက အော်လိုက်တာကြောင့် အမှောင်ဥမင်လိုဏ်ခေါင်းထဲတွင် ပဲ့တင်ထပ်နေခဲ့ပါတယ်။ "ဒါဟာ သွေးစွန်းတဲ့ အချိန်ပဲ" လို့ Joe က သူ့ဘေးမှာ ပေါ်လာပြီး ငွေချိတ်ထားတဲ့ အက်ကွဲကြောင်းထဲကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ပြောလိုက်ပါတယ်။ "မင်း အခု ငါ့ကို တစ်ယောက်တည်း အေးဆေး ထားမှာလား။" လို့ အက်ဒီက မေးပါတယ်။ Tommy Knocker ဟာ Eddie အား မဝံ့မရဲ ပြုံးပြလိုက်ကာ “ဖြစ်နိုင်ပါတယ်၊” လို့ပြောပြီး သူဟာ ငွေငါးဒေါ်လာကို ကောက်ယူပြီး အမှောင်ထဲသို့ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။

https://s9.kh1.co/__image/w=518,h=525,q=100/8e/8ea1e86f72e3bbf95d0c6b7472314550d44703fb.jpg

သတင်း အရင်းအမြစ် The Camping Family

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T