ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး နေရာတစ်ခုလို့တောင် သတ်မှတ်ထားရတဲ့ ဘရာဇီးနိုင်ငံက မြွေကျွန်း

//s9.kh1.co/3b/3b8357761f43cdb788af6002622b01a4314738a5.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ဖေ-၂၀၂၂ ၉pm · လွန်ခဲ့သော ၄ နှစ် က

.

ဘရာဇီးနိုင်ငံ Sao Paulo ကမ်းလွန်ကနေ မိုင် ၉၃ မိုင် (၁၅၀ ကီလိုမီတာ) လောက်မှာ Ilha da Queimada Grande လို့ခေါတဲ့ ကျွန်းတစ်ကျွန်းရှိပါတယ်။ ဒီကျွန်းဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဂုဏ်သတင်းတွေရှိခဲ့တာကြောင့် “မြွေကျွန်း” လို့လည်း လူသိများခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ မျိုးတုန်းလုဆဲဖြစ်နေတဲ့ အဆိပ်ပြင်းဆုံးနဲ့ အန္တရယ်အရှိဆုံး မြွေအချို့ဟာ ဒီကျွန်းပေါ်မှာ ကျက်စားနေကြလို့ပဲ ဖြစ်ပါတယ်။

Photo Credit - Historic Mysteries/ Getty Images

သုတေသီများရဲ့ ခန့်မှန်းချက်အရ ကျွန်းပေါ်က တစ်စတုရန်းမီတာ (၉ စတုရန်းပေ)လောက်မှာ မြွေ ၁ ကောင် ကနေ ၅ ကောင်ထိ တွေ့ရှိနိုင်ပြီး တစ်ကျွန်းလုံးမှာ အကောင်ရေ ၄၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒီမြွေတွေဟာ လှပတဲ့ရွှေဝါရောင်သန်းနေတာကြောင့် လှံခေါင်းမြွေဟောက်လို့လည်း ခေါ်ကြပြီး လူအသားတွေကို အရည်ပျော်သွားနိုင်လောက်တဲ့ အဆိပ်များ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ကျွန်းပေါ်မှာ မရေမတွက်နိုင်တဲ့ အန္တရာယ်ရှိသောမြွေများ ရှိနေခြင်းကြောင့် “သေမင်းကျွန်း”လို့လည်း မကြာခဏ ရည်ညွှန်းလေ့ရှိပါတယ်။

Photo Credit - Historic Mysteries/ Getty Images
Photo Credit - Historic Mysteries/ Getty Images
Photo Credit - Historic Mysteries/ Getty Images
Photo Credit - Historic Mysteries/ Getty Images

အဆိပ်ပြင်းတဲ့ မြွေတွေရှိနေခြင်းကြောင့် “သေမင်းကျွန်း”လို့သာခေါ်ရပေမယ့်လည်း Ilha da Queimada Grande ကျွန်းဟာ သီးပင်စားပင်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာဒေသတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်းရဲ့ တစ်စိတ်တစ်ပိုင်းကတော့ မိုးသစ်တောများဖြင့် ဖုံးလွှမ်းထားပေမယ့် ကျန်အစိတ်အပိုင်းများကတော့ သစ်တောများပြုန်းတီးမှုကြောင့် ကျောက်တုံးကျောက်ဆောင်များ ပေါ်ပေါက်နေပါတယ်။

Photo Credit - Historic Mysteries/ Getty Images
Photo Credit - Historic Mysteries/ Getty Images
Photo Credit - Historic Mysteries/ Getty Images
Photo Credit - Historic Mysteries/ Getty Images

ဘရာဇီးအစိုးရကတော့ အဆိုပါကျွန်းသို့ လာရောက်လည်ပတ်မှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ အကယ်၍ သင်တို့လည်း ဘရာဇီးလ်ကို ခရီးထွက်တဲ့အခါ အဆိုပါမြွေကျွန်းအနီးအနားကို မသွားဖို့ အမြဲအကြံပြုလိုပါတယ်။ ဘာလို့လဲဆိုတော့ ဒီကျွန်းဟာ ဝင်ရောက်ဖို့ အလွန်ခက်ခဲတဲ့အပြင် လူသူလည်းကင်းမဲ့နေပြီး အန္တရယ်ရှိတဲ့ မြွေများစွာက အုပ်စိုးထားလို့ပဲ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ် Source - Historic Mysteries

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T