ဖေဖော်ဝါရီ ၁ ရက်ဟာ ဒူဘိုင်းရဲ့ အိမ်ရှေ့စံမင်းသား Sheikh Hamdan bin Mohammed ဖြစ်လာတဲ့ နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သူကို အိမ်ရှေ့မင်းသားအဖြစ် တက်မြောက်ထားခဲတာ ဖြစ်ပါတယ်။ မင်းသား Sheikh Hamdan ဟာ အိမ်ရှေ့စံဖြစ်လာတဲ့ ၁၄ နှစ်တာကာလအတွင်းမှာလည်း UAE နှင့် ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။



သူ့ရဲ့ စွန့်စွန့်စားစားလုပ်ဆောက်မှု ၊ တိရစ္ဆာန်များကို ချစ်မြတ်နိုးမှု ၊ နိုင်ငံအတွက် တွေးခေါ်မျှော်မြင်တတ်မှုနှင့် စိတ်အားထက်သန်မှုစတဲ့ ဂုဏ်သတင်းတွေကြောင့် ဆိုရှယ်မီဒီယာမှာ Follower သန်းပေါင်းများစွာ နှင့် မရေမတွက်နိုင်တဲ့ နာမည်ကြီးတဲ့ သူငယ်ချင်းများကို ရရှိစေခဲ့ပါတယ်။ ယနေ့ခေတ် ဒူဘိုင်းဖြစ်လာဖို့ကိုလည်း သူဟာ အဓိကပါဝင်နေပြီး မြို့တော်ကို ပိုမိုတိုးတက်လာစေဖို့နဲ့ လာရောက်လည်ပတ်နေထိုင်သူတွေအတွက် ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေရာဖြစ်လာအောင် အစပျိုးလုပ်ဆောင်ခဲ့သူပဲ ဖြစ်ပါတယ်။


မင်းသား Sheikh Hamdan ကို Fazza လို့လည်းခေါ်ကြပါတယ်။ Fazza ဆိုတာကတော့ "သူတစ်ပါးကို ကူညီအထောက်အပံ့ပေးတဲ့ မြင့်မြတ်သော ပုဂ္ဂိုလ်လို့ အဓိပ္ပါယ်ရပါတယ်။ ပြီးခဲ့တဲ့ 2021 ခုနှစ် မေလပိုင်းလောက်ကတော့ သူ့ရဲ့ ကြင်ယာတော် Sheikha Sheikha bint Saeed ဟာ သားတော် Rashid နှင့် သမီးတော် Sheikha တို့ အမြွှာပူးလေးကို ပထမဆုံးမွေးထားခဲ့တာဖြစ်ပါတယ်။


သူဟာ တိရိစ္ဆာန်တွေကို ချစ်မြတ်နိုးတဲ့ သူဖြစ်ပေမယ့် မြင်းကို ပိုကြိုက်နှစ်သက်သူပဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မြင်းစီးတာကို ဝါသနာပါခဲ့သူဖြစ်လို့ နိုင်ငံတကာနှင့် ဒေသတွင်းက မြင်းစီးပြိုင်ပွဲတွေမှာ ဆုတံဆိပ်များစွာကို ရရှိခဲ့ပါတယ်။ အတန်းပညာကိုတော့ ဗြိတိသျှ စစ်ကျောင်းဖြစ်တဲ့ Royal Military Academy Sandhurst မှာ ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ Source - The National





