လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဟာ အိမ်နီးနားချင်းတွေကို ဘယ်သော်အခါမှ ဂရုမစိုက်သူဖြစ်ပေမယ့် ဘေးအိမ်က မုဆိုးမချောချောလေးတစ်ယောက် ပြတင်းပေါက်ဖွင့်ခဲ့တဲ့အချိန်မှာတော့ သူဟာပြောင်းလဲသွားခဲ့ပါတယ်။ သူမဟာ တောက်ပြောင်ပြီး နက်မှောင်ေနတဲ့ မျက်လုံးများပိုင်ဆိုင်ထားပြီး အိမ်တွင်းထဲမှာပင် နက်မှောင်တဲ့ လက်အိတ်များကို အမြဲဝတ်ထားပါတယ်။ သူမနှင့်တွေ့ဆုံရန် သူဟာထွက်ေလ့ရှိပြီး လမ်းပေါ်မှာ တစ်ယောက်နှင့်တစ်ယောက် မကြာခဏ “တိုက်” မိကာ စကားပြောနေတက်ကြပါတယ်။ တစ်နေ့တွင် နဖူးမှဆံပင်ကို ပြန်သိမ်းရန် ပြုလုပ်ချိန်မှာ ညာလက်အိတ် အောက်ကနေ ရွှေရောင်တစေ့တစောင်းကို သူတွေ့မိခဲ့ပါတယ်။

အဲ့ဒီအကြောင်းကို သူမကိုမေးတဲ့အခါ သူမဟာ တင်းမာစွာပြုံးကာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က လက်တစ်ဖက်ဆုံးရှုံးခဲ့ပြီး ယခု ရွှေလက်ကို ထိုနေရာတွင် ဝတ်ဆင်ထားကြောင်း ပြောပြခဲ့ပါတယ်။ ထိုအခိုက်အတန့်တွင် ကြောက်ရွံ့ဖွယ်ရာ မက်မောမှုတစ်ခုက သူ့နှလုံးသားထဲတွင် နိုးထလာခဲ့ပါတယ်။ အကြောင်းမှာ မိန်းမဖြစ်သူကို မပိုင်ဆိုင်ချင်ဘဲ သူမရဲ့လက်အိတ်အနက်ရောင်လက်ရှည်အောက်မှာ ဝတ်ဆင်ထားတဲ့ ရွှေလက်ကို ပိုင်ဆိုင်ရဖို့ပါ။ အဲ့ေနာက် အမျိုးသမီးေလးကို သူသိတဲ့ နည်းဗျူဟာအမျိုးမျိုးဖြင့် ပန်းများေပးပုိ့ခြင်း၊ ပြဇာတ်သို့ ခေါ်ဆောင်သွားခြင်း၊ ခရီးများထွက်ခြင်း၊ လက်ဆောင်များေပးခြင်း၊ ချီးကျူးမှုများ စသဖြင့် အမျိုးမျိုး ပြုလုပ်ခဲ့ကာ နောက်ဆံုးမှာေတာ့ သူမနှလုံးသားကို အနိုင်ယူခဲ့ပါတယ်။

တစ်လအတွင်းမှာပင် သူတို့ဟာ သေသည်အထိ အချင်းချင်း ချစ်ကြမည်ဟု ကတိပေးကာ ဝန်ကြီးတစ်ဦးရဲ့ ရှေ့တွင် ကျိန်ဆိုခဲ့ကြပါတယ်။ နောက်ထပ်တစ်လအတွင်းမှာတော့ သူဟာ မုဆိုးဖိုဖြစ်ခဲ့ပြီး သူ့ရဲ့ မကျန်းမမာဖြစ်နေတဲ့ ဇနီးသည်ကို ရွှေလက်မပါဘဲ ဒေသခံသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ တကယ်တော့ သူဟာ နေ့စဉ်နေ့တိုင်း သူ့ရဲ့မိန်းမကို အဆိပ်နည်းနည်းစီ တိုက်ကျွေးနေခဲ့တာဖြစ်ပါတယ်။ ဒါကို ဘယ်သူမှ မရိပ်မိခဲ့ကြသလို မသိရှိခဲ့ကြပါဘူး။ ဈာပနပြီးတဲ့ညမှာတော့ ခေါင်းအုံးအောက်မှာ သူဟာ ရွှေလက်နဲ့ အိပ်နေပါတယ်။

မှောင်မိုက်သောညတစ်ညမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးနှင့်အတူ အခန်းတံခါးကို ပြင်းပြင်းထန်ထန် တွန်းဖွင့်လိုက်တဲ့အခါတွင် သူဟာ လန့်နိုးလာခဲ့ပြီး အခန်းတစ်ဝိုက်တွင် လေပြင်းတိုက်ခတ်ကာ စာရွက်များ၊ စာအုပ်များ၊ အဝတ်အစားများနှင့် စားပွဲအဖုံးများ ပြန့်ကျဲနေတာေတွ့ရှိခဲ့ပါတယ်။ ရုတ်တရက် အသံကြောင့် ထိတ်လန့်ထထိုင်ကာ အခန်းထဲကို အစိမ်းရောင် အဖြူရောင် အလင်းတန်းများ ဖြည်းညှင်းစွာ ထွက်ပေါ်လာတာကို တွေ့လိုက်တဲ့အခါ သူ့သွေးခုန်နှုန်း ခုန်စပြုလာပါတယ်။ သူ့မျက်စိရှေ့မှာတော့ အလင်းရောင်က တဖြည်းဖြည်း ပိုကျယ်လာပြီး သူ့မိန်းမရဲ့ ပုံသဏ္ဍာန် ပေါ်လာကာ သူမဟာ လက်တစ်ဖက် ပျောက်ဆုံးနေပါတယ်။ "ငါ့ရွှေလက်က ဘယ်မှာလဲ" သူမ ညည်းညူရင်း သူမရဲ့ နက်မှောင်တဲ့ မျက်လုံးများသည် မီးနီဖြင့် တောက်ေနခဲ့ပါတယ်။ "ငါ့ရွှေလက်ကို ပေးပါ!"

သူစကားပြောဖို့ကြိုးစားပေမယ့် သူ့ပါးစပ်က ခြောက်သွေ့နေတော့ ပါးစပ်က ခပ်ပျော့ပျော့ အသံတွေသာ ထွက်နိုင်ပါတော့တယ်။ တောက်ပနေတဲ့ မီးခိုးရောင်ဟာ သူ့အနီးသို့ ရွေ့လာပြီး တစ်ချိန်က ချစ်စရာကောင်းတဲ့ သူမရဲ့ မျက်နှာဟာ စိမ်းစိုနေတဲ့ မျက်နှာအဖြစ် ပြောင်းလဲခဲ့ပါတယ်။ "မင်း ငါ့အသက်ကို ခိုးပြီး ငါ့လက်ကို ခိုးတယ်။ ငါ့ရွှေလက်ကို ပြန်ပေးပါ" ဆိုပြီး သူကြားပြီးနောက် သူ့ရဲ့ကမ္ဘာကြီးဟာ မှောင်သွားခဲ့ပါေတာ့တယ်။ နောက်နေ့မနက် အိမ်အကူက သူ့သခင်ရဲ့ မနက်ခင်း လက်ဖက်ရည်တစ်ခွက်နဲ့ အခန်းထဲဝင်လာတဲ့အခါမှာတော့ သူဟာ သေဆုံးနေပါပြီ။ သေဆုံးချိန်မှာတော့ သူ့ရဲ့လည်ပင်းမှာ ရွှေလက်က ဆုပ်ညစ်ထားရင်းနဲ့သာ....။





