အသားစိမ်းစားခြင်းဖြင့် ရက်မည်မျှကြာကြာ အသက်ရှင်နိုင်ကြောင်း စမ်းသပ်မှု ပြုလုပ်ခဲ့သူ

//s9.kh1.co/17/177ab3b07a2def2d7eee4856364484e7659cb31a.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-ဇန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၄ နှစ် က

.

လူတစ်ယောက်ဟာ နေ့တိုင်း အသားစိမ်းစားခြင်းဖြင့် မည်မျှကြာကြာ အသက်ရှင်နိုင်သည်ကို စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ ယခုအချိန်အထိ ပြင်းထန်တဲ့ အစာအဆိပ်သင့်ခြင်းကို မခံရပဲ ကြက်ရင်ပုံ၊ အမဲသားနှင့် ဓားငါးများ အပါအဝင် မချက်ပြုတ်ရသေးတဲ့ အစားအစာများကို ၇၈ ရက် စားသုံးနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=540,h=960,q=100/15/1576a65abd6b09cd98a656788c544a84f03d7898.jpg

Instagram အကောင့် @rawmeatexperiment တွင် 'ဘက်တီးရီးယားပိုးမသေမှီ နေ့တိုင်း အသားစိမ်းစားရန်' သူရဲ့ရှာဖွေမှုကို မှတ်တမ်းတင်ထားပြီး သူ့ရဲ့နေ့စဉ်အစားအစာကို follower 60,000 ကျော်ဟာ မျှဝေထားပါတယ်။ သူ့အစားအစာများကို ကြက်ဥစိမ်း သို့မဟုတ် တိရစ္ဆာန်နို့စိမ်းဖြင့် ဆေးကြောလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=480,h=480,q=100/e6/e69ef6a0af465d1457beb3276ae2cf6ee4909c4e.jpg
https://s9.kh1.co/__image/w=650,h=366,q=100/a7/a7f6d0ca7840a7229eb98572789ba42a1e311103.jpeg

အမေရိကန်တွင် နေထိုင်တဲ့ အမည်မဖော်လိုသူ အမျိုးသားဟာ သူရဲ့ ပထမဆုံး ပို့စ်တစ်ခုတွင် အမဲသားအစိမ်းကို ကိုက်ခဲ့ပြီ မျက်ရည်ကျကာ သူ့ရဲ့ ခွေးကတော့ ဆာလောင်စွာ ကြည့်နေခဲ့ပါတယ်။ ဂူလူသားဟာ အစားအသောက်‌ေတွကို လွန်ကဲစွာ စားသုံးရင်း နွားအသည်းနှင့် ကုလားအုတ်နို့ အပါအဝင် အရသာများကို နှစ်သက်လာခဲ့ပါတယ်။ သူဟာ ယခုချိန်ထိအသားတွေကို အစိမ်းစားလျက်ရှိပြီး ချက်စားဖို့တော့အစီအစဉ်မရှိသေးပါဘူး။

https://s9.kh1.co/__image/w=650,h=366,q=100/fb/fb07cbdb5d89fc46d4015c0ab4f0d010fcfa93fd.jpg

သတင်း အရင်းအမြစ် Metro

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T