Facebook တည်ထောင်သူ Mark Zuckerberg မှ လက်ရှိမှာ Facebook Messenger ရဲ့ End-to-End Encryption ပြုလုပ်ထားတဲ့ Secret Chat Conversation တွေအတွက် အရေးပါတဲ့ Feature တစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။
ဒါကတော့ End-to-End Encryption Chat Message တွေမှာ Screenshot ရိုက်လိုက်တာနဲ့ တစ်ဖက်သူကိုပါ အသိပေးတဲ့ Notification တက်လာတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် End-to-End Encryption Chat Message တွေမှာ GIF ၊ Stickers နဲ့ Reaction တွေကိုလည်း Support ပြုလုပ်နိုင်တော့မယ်လို့ သိရပါတယ်။
ယခုအခါမှာ Screenshot ရိုက်ရင် အသိပေးမှာက End-to-End Chat Message တွေအတွက်ပဲဖြစ်ပြီး ပုံမှန် Conversation တွေကိုတော့ အသိပေးမှာမဟုတ်တဲ့အတွက် ပုံမှန်အတိုင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။