အင်္ဂလန်နိုင်ငံမှာ ရေမြောင်းတူးဖော်ရင်း တွေ့ရှိခဲ့တဲ့ ရောမခေတ်ကျန် ရှားပါး သစ်သားရုပ်ထု

//s9.kh1.co/59/59697a4cb966109b7078175223446a35f3f85a46.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

.

လန်ဒန်မြောက်ဘက်ရှိ ရထားလမ်းစီမံကိန်းအတွက် ရေမြောင်းများတူးဖော်ရာမှာ ရောမခေတ်ကျန် နှစ် ၂၀၀၀ သက်တမ်းရှိ ရှားပါး သစ်သားရုပ်တုကို တူးဖော်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်တုတွေကတော့ ဆိုးရွားစွာ ပျက်စီးနေသော်လည်း ရိုမန်စတိုင် အင်္ကျီဝတ်ထားတဲ့ အမျိုးသားတစ်ဦးကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ဒီရုပ်ထုတွေဟာ အေဒီ ၄၃ နှင့် ၇၀ ခုနှစ်ဝန်းကျင် ရောမဧကရာဇ် ကလောဒီယပ်စ်လက်ထက်က ထုလုပ်ထားတာ ဖြစ်ပါတယ်။

Photo Credit - Live Science
Photo Credit - Live Science

ရှေးဟောင်းသုတေသန ပညာရှင်များကတော့ အဆိုပါရုပ်ထုတွေဟာ ဘာသာရေးပူဇော်သက္ကာအဖြစ် မြောင်းထဲတွေမှာ မြှုပ်နှံထားတာ ဖြစ်နိုင်ကြောင်း မှန်းဆထားကြပါတယ်။ ဗြိတိန်ကို ရောမတို့ သိမ်းပိုက်မှုမတိုင်မီက ဥရောပမြောက်ပိုင်းတစ်ခွင်မှာတော့ လူပုံစံများ ထုဆစ်ပြီး ပူဇော်သက္ကာများ အပ်နှံခြင်းအလေ့အထတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်ထုများကိုလည်း ဆုံပင်နဲ့ အင်္ကျီတွေကစ အသေးစိတ်ထုဆစ်ထားတာကြောင့် လူသားတစ်လို အသက်ဝင်စေပါတယ်။

Photo Credit - Live Science
Photo Credit - Live Science

ယခုတွေ့ရှိထားတဲ့ ရုပ်ထုတွေဟာ အမြင့် ၂၆ လက်မ (၆၇ စင်တီမီတာ) ခန့်ရှိသလို အနံ ၇ လက်မ (၁၈ စင်တီမီတာ) ရှိတယ်လို့ ဆိုပါတယ်။ ဒီရုပ်ထုတွေဟာ ဗြိတိန်ရဲ့ ရောမခေတ်က အလွန်ရှားပါးတဲ့ ရုပ်ထုတွေဖြစ်ပေမယ့် ပညာရှင်များစွာက "သစ်သားရုပ်တုတွေက ဘယ်သူတွေကို ကိုယ်စားပြုသလဲ၊ အဲဒါကို ဘာအတွက် အသုံးပြုခဲ့တာလဲ၊ ဘာကြောင့်လဲဆိုပြီး မေးခွန်းများ ထုတ်ခဲ့ကြပါတယ်။

Photo Credit - Live Science
Photo Credit - Live Science

သတင်း အရင်းအမြစ်Source - Live Science

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T