လေပေါ်ပျံလို့ရတဲ့ ကားတွေ ထုတ်လုပ်ရောင်းချရန် ခွင့်ပြုချက်ရပြီ

//s9.kh1.co/2b/2bc8961e60dd9a5a629b61de595db12cc0b6e77b.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

သိပ္ပံပညာရှင်တွေနဲ့ စက်ပစ္စည်းချစ်သူတွေရဲ့ အိပ်မက်တစ်ခုက ပျံသန်းလို့ရတဲ့ ကားတွေ ထုတ်လုပ်ပြီး စီးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ တကယ်လည်း နှစ်ပေါင်းများစွာ တီထွင်နေခဲ့ကြပါတယ်။ အခုဆိုရင်တော့ ဆလိုဗားကီးယားနိုင်ငံက ပညာရှင်တွေ ဖန်တီးခဲ့တဲ့ "AirCar" အမည်ရ လေပေါ်ပျံလို့ရတဲ့ ကားဟာ စစ်ဆေးမှုတွေကို ဖြတ်ကျော် အောင်မြင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/5e/5e0fc7542c5c1a583dddf1abfc8b91785f3c0ea6.jpg

BMW ကားအင်ဂျင်ကို တပ်ဆင်ထားပြီး ၁ နာရီ မိုင် ၁၀၀ ထိ မောင်းနှင်နိုင်တဲ့ ဒီကားကို ၂ မိနစ်နဲ့ ၁၅ စက္ကန့်အတွင်း လေယာဥ်အဖြစ် ပြောင်းလဲနိုင်ပါတယ်တဲ့။ လေပေါ်မှာ အမြင့်ပေ ၈၀၀၀ ကျော်ကနေ ပျံသန်းနိုင်ပါတယ်။ ဒီ စက်ပစ္စည်း AirCar ကို နာရီပေါင်း ၇၀ ကျော် စမ်းသပ်ပျံသန်းပြီး အကြိမ်ပေါင်း ၂၀၀ ကျော် အတက် အဆင်း လုပ်ပြပြီးနောက် ဆလိုဗက် သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေက ပြည်သူတွေ စီးနင်းနိုင်ပြီလို့ ခွင့်ပြုပေးခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=366,q=100/f0/f0b76fa18b667b1d5808a821395d2310a26ab251.jpg

ဒီကားကို စီးနိုင်ဖို့အတွက်ဆို လေယာဥ်မှူး (Pilot's license) လိုင်စင်ပါ ရှိရမှာ ဖြစ်ပါတယ်။ ဒီ ကားကို တီထွင်ခဲ့တဲ့ ပရော်ဖက်ဆာ စတီဖင် ကလိန်းကတော့ ဒါဟာ စက်မှုလောကရဲ့ တော်လှန်ရေးတစ်ခုလို့တောင် ပြောပါတယ်။ ဥရောပမှာလည်း အလားတူ တီထွင်နေကြပြီး PAL-V လို့ အမည်ပေးထားကြပါတယ်။ နောက်ဆို ကားကြပ်ရင် တောင်ပံလေး ဖွင့်ပြီး လေပေါ်ပျံသွားရုံနဲ့ ရတဲ့ခေတ် ရောက်လာတော့မှာပါ။

Ref : BBC news

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T