လွန်ခဲ့တဲ့ ၁၂ နှစ်ခန့်က သူ့အသက်ကို ကယ်ခဲ့ဖူးတဲ့ ကျေးဇူးရှင်ကို ပြန်လည်မှတ်မိနေတဲ့ ဆင်လေး

//s9.kh1.co/c2/c24cd5a62b64a27bf366d784d3c05d62eca56c6c.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဇန်-၂၀၂၂ ၉pm · လွန်ခဲ့သော ၂ နှစ် က

.

ကျွန်တော်တို့တွေရဲ့ လူ့ဘောင်အလယ်မှာတော့ တစ်ပေါ်တစ်ဦး ကူညီခဲ့ကြတဲ့အခါမှာ ကျေးဇူးတင်တဲ့အကြောင်းလေးတွေကို နှုတ်ကပဲဖြစ်စေ၊ အမူအရာတွေကနေဖြစ်စေ ချစ်စရာကောင်းအောင် ပြောတတ်ကြတာ ဖြစ်ပါတယ်။ ကျေးဇူးတရားကို လူသားတွေသာ အလေးအနက်ထားတာ မဟုတ်ဘဲ တိရစ္ဆာန်တွေမှာလည်း တန်ဖိုးထားတတ်ကြတာ တွေ့ရပါတယ်။ ဒီလို ကျေးဇူးတရားကို သိတတ် တန်ဖိုးထားတတ်တဲ့ တိရစ္ဆာန်တွေထဲမှာ ထိုင်နိုင်ငံက ဆင်တစ်ကောင်ရဲ့ ကျေးဇူးသိတတ်ပုံလေးကလည်း ချစ်စရာကောင်းလှပါတယ်။

Photo Credit - Nature World
Photo Credit - Nature World
Photo Credit - Nature World
Photo Credit - Nature World

ဒါကတော့ ၂၀၀၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံ အရှေ့ပိုင်း Rayong တောအုပ်အတွင်းမှာဖြစ်သွားခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများဟာ တောအုပ်ထဲမှာ ပုံမှန်အတိုင်း ကင်းလှည့်နေရင်း အားအင်နည်းပါးပြီး မြေပေါ်မှာ လဲကျနေတဲ့ သေခါနီး ဆင်လေးတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ ဆင်လေးကို တွေ့ချိန်မှာတော့ ရောဂါဝေဒနာ ဆိုးရွားစွာ ခံစားနေရတာဖြစ်လို့ သစ်တောဝန်ထမ်းများက ဆေးကုသပေးဖို့အတွက် စခန်းကိုခေါ်ဆောင်သွားခဲ့ပါတယ်။

Photo Credit - Nature World
Photo Credit - Nature World

ဆင်းလေးဟာ trypanosomiasis ရောဂါကို ခံစားနေရတာကြောင့် အဖျားတက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း နှင့် မျက်နှာ၊ လည်ပင်း ၊ မျက်လုံးနှင့် အစာအိမ် ရောင်ရမ်းမှုတို့ကို ခံစားနေရတာ ဖြစ်ပါတယ်။ တိရစ္ဆာန်ဆရာဝန် ဒေါက်တာ Pattarapol က ဆေးကုသပေမယ့် ဆင်းလေးကို Plai Thang လို့အမည်ပေးခဲ့ပါတယ်။ ဆင်းလေးရဲ့ ရောဂါဝေဒနာတွေကိုလည်း လပေါင်းများစွာ ဆေးကုသပေးပြီး ပြန်လည်ကျန်းမာလာတာကြောင့် သူနေထိုင်ရာ တောအုပ်ထဲကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ၁၂ နှစ်ကြာပြီးတဲ့နောက်မှာတော့ ဒေါက်တာ Pattarapol ဟာ တောအုပ်ထဲမှာ ပုံမှန်အတိုင်း ကင်းလှည့်နေရင်း သူဆေးကုသပေးခဲ့တဲ့ ဆင်လေး Plai Thang နဲ့ မထင်မှတ်ဘဲ ဆုံးတွေ့ခဲ့ပါတယ်။

Photo Credit - Nature World
Photo Credit - Nature World

အဲ့ဒီအချိန်မှာ ဆင်လေး Plai Thang က သူ့အသက်ကို ကယ်ခဲ့ဖူးတဲ့ ကျေးဇူးရှင်ကို မှတ်မိပုံရပြီး နှာမောင်းလေးနဲ့ လာရောက် နှုတ်ဆက်ခဲ့ပါတယ်။ ဒေါက်တာ Pattarapol ကလည်း သူကုပေးလိုက်တဲ့ ဆင်လေး Plai Thang ဖြစ်နေတဲ့အတွက် အပြန်အလှန် နှုတ်ဆက်နေခဲ့ပါတယ်။ဒီလို နှုတ်ဆက်နေတဲ့ အခိုက်အတန့်ကိုတော့ မြင်ရသူတိုင်းကြည်နူးစေမှာတော့ အမှန်ပါ။ အချိန်တွေကြာသွားပေမယ့် သူ့အသက်ကိုကယ်ခဲ့ဖူးတဲ့ ကျေးဇူးရှင်ကို မှတ်မိနေခဲ့တာကလည်း တကယ့်ကို အံ့သြစရာကောင်းပါတယ်။

သတင်း အရင်းအမြစ်Source - Nature World

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T