တိုက်ပိတ်ခံရပြီးတော့ သေဆုံးခဲ့ရတဲ့ ဖိနပ်ချုပ်သမား

//s9.kh1.co/dc/dc390eefa15b86a434f6aa76ad905262a1670ae2.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဇန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

သူဘာကြောင့် တိုက်ပိတ်ခံရလဲဆိုတော့

Morrocan serial killer လို့လည်းလူသိများတဲ့ Hadj Mohammed Mesfewi ဟာ Marrakesh ရဲ့အလယ်ဗဟိုတွင် သူ့ရဲ့ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်ရှိပြီး ကျွမ်းကျင်တဲ့ ဖိနပ်ချုပ်သမားဖြစ်ပါတယ်။ 1900 ခုနှစ်များအစတွင် Marrakesh ဟာ အာဖရိကတိုက်အတွင်း ကုန်သွယ်မှုဗဟိုချက်အဖြစ် ရှုမြင်ခံရပြီး ကုန်သည်များရော နိုင်ငံခြားသားများပါ အချိန်တိုင်းလာရောက်၍ သွားလာနေကြတာကြောင့် ရာဇ၀တ်မှုနှုန်း မြင့်တက်လာပေမယ့်လည်း လိုက်ဖမ်းရန် ခက်ခဲခဲ့ပါတယ်။

https://s9.kh1.co/__image/w=565,h=290,q=100/0e/0e0ae2d35c83e3490432fa250f44a8e1a2229e64.jpg
https://s9.kh1.co/__image/w=622,h=640,q=100/6d/6dc8a84c9300358ce71bed8335c1a5bd86d224ea.jpg

1902 ခုနှစ်တွင် အမျိုးသမီး ဆယ်ဦးဟာ သဲလွန်စမကျန်ဘဲ မြို့တွင်းမှ တစ်ညလုံး ပျောက်ကွယ်သွားခဲ့ပြီး ခရီးသွားများ သို့မဟုတ် Marrakesh သို့လာရောက်တဲ့ ကုန်သည်များက ပြန်ပေးဆွဲခဲ့ကြတယ်ဆိုပြီး ထင်ခဲ့ကြပါတယ်။ Mesfewi ဟာ ထိုအချိန်က ဖိနပ်ချုပ်သူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်တာကြောင့် ဒေသခံအများစုနှင့် ကောင်းစွာရင်းနှီးခဲ့ပါတယ်။ သို့သော် တစ်စုံတစ်ခုကို ဖုံးကွယ်ထားသလို လျှို့ဝှက်ဆန်းကြယ်နေပုံကိုတော့ မကြိုက်ကြပေ။

https://s9.kh1.co/__image/w=650,h=434,q=100/85/85e516a8c70bbcff74c1ca2518de79d1b1d02151.jpg

1906 ခုနှစ်တွင် နောက်ထပ် အမျိုးသမီး အယောက်သုံးဆယ် ပျောက်ဆုံးသွားကြောင်း သတင်းပို့လာတာကြောင့် အာဏာပိုင်များက ခေါင်းခြောက်ခဲ့ပါတယ်။ အဲ့နောက်တစ်‌စုံတစ်ယောက်က Mesfewi ဆိုင်အောက်တွင် မြှုပ်နှံထားတဲ့ အမျိုးသမီး ၂၆ ဦးကို တွေ့ရှိပြီး ကျန်တစ်ဦးမှာ သူ့ရဲ့အိမ်အောက်တွင် မြှုပ်နှံထားကြောင်း သိရပါတယ်။ ဖမ်းမိပြီးသည်နှင့် သူမည်ကဲ့သို့ သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံရန် နှိပ်စက်ခဲ့ပါတယ်။ သူလည်း ညစာစားရန် အမျိုးသမီးများကို အိမ်သို့ခေါ်ဆောင်ပြီးနောက် မူးယစ်ဆေးဝါးများပေးကာ သတ်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/66/668e717eb4129c540006adf4dc3c89b7c2ffe99d.jpeg

Mesfewi ဟာ အမျိုးသမီး သုံးဆယ့်ခြောက်ယောက်ကို သတ်ဖြတ်မှုအတွက် ကားစင်တင်ကွပ်မျက်ခြင်း ခံခဲ့ရပါတယ်။ သူရဲ့စီရင်ချက်မှာ ၁၉၀၆ ခုနှစ် မေလ ၂ ရက်နေ့တွင် ချမှတ်ခံရမှာဖြစ်ပါတယ်။ သို့သော်လည်း ပါဝါရှိတဲ့ နိုင်ငံခြားသံတမန်အချို့က ကားစင်တင်ကွပ်မျက်ခံရခြင်းဟာ 20 ရာစုအတွက် ရက်စက်လွန်းသည်ဟု မော်ရိုကိုအစိုးရအား ယုံကြည်စေတာကြောင့် သူသေဆုံးသည်အထိ နံရံ‌ေတွထဲ ထည့်ထားသင့်သည်ဟု အကြံပြုခဲ့ကြပါတယ်။ ဇဝေဇဝါဖြစ်နိုင်သူများအတွက်နံရံထဲ ထည့်တယ်ဆိုတာဟာ တိုက်ပိတ်တာဖြစ်ပေမယ့် ဘာလေမှတော့ ရရှိမှာမဟုတ်ပါဘူး။ ဇွန်လ 11 ရက်နေ့ 1906 တွင် Mesfewi ဟာ အသက်ရှင်လျှက် တိုက်ပိတ်ခံရပြီး နှစ်ရက်ကြာအောင် မရပ်မနား ငိုကြွေးခဲ့ပြီးနောက် သူသေဆုံးသွားသည်ဟု ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=650,h=853,q=100/64/64a8e8c61b9ef72a421013c7e535c20bb7c4195a.png

သတင်း အရင်းအမြစ်History From Yesterday

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T