ကမိတဲ့အတွက် သတို့သားက ပါးရိုက်သည်ဟုဆိုကာ ၀မ်းကွဲအစ်ကိုနဲ့ လက်ထပ်သွားတဲ့ သတို့သမီး

//s9.kh1.co/f7/f7c77ef599451cbd46336dad129a0a78a78ba288.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဇန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

တမီလ်နာဒူးရှိ သတို့သမီးတစ်ဦးဟာ မင်္ဂလာပွဲမှာ သတို့သားက သူမကို ကခြင်းအတွက် ပါးရိုက်သည်ဟု စွပ်စွဲခံရပြီးနောက် မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ကြပါတယ်။ အဲ့နောက် နာရီပိုင်းအကြာတွင် သူမရဲ့ဝမ်းကွဲအစ်ကိုနှင့် လက်ထပ်ခဲ့ကြောင်း သိရှိရပါတယ်။ ပန်ရူတီမှ ဘွဲ့လွန်သတို့သမီးနှင့် Chennai ကုမ္ပဏီတစ်ခုရှိ အကြီးတန်းအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ သတို့သားတို့ဟာ ဇန်နဝါရီ ၂၀ ရက်က လက်ထပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မင်္ဂလာပွဲမစမီ တစ်ရက်အလိုတွင် ဇနီးမောင်နှံနှစ်ဦးနှင့် မိသားစုများ လက်တွဲပြီး အလုပ်ကိစ္စအတွက် ပြဿနာများ ပေါ်ပေါက်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=630,h=400,q=100/10/100d80d9dbb97ae55c97f93e3c0370171f09d8dd.jpg
https://s9.kh1.co/__image/w=650,h=372,q=100/49/492867f123be1acd938bca36905c37b3a3b6d34a.jpg

သတို့သမီးနှင့် သတို့သားတို့ဟာ သတို့သမီးရဲ့ ၀မ်းအစ်ကို အတူတူ၀င်ရောက်မကမှီ အချိန်ထိ အဆင်ပြေနေခဲ့ပါတယ်။ ဝမ်းကွဲအစ်ကုိက သတို့သမီးနဲ့ သတို့သားပခုံးပေါ် လက်တင်ပြီး သူတို့နဲ့ အတူ ကပြတာဟာ သတို့သားကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ သိရပါတယ်။ အဲ့နောက် သတို့သားက သတို့သမီးနဲ့ သူ့ဝမ်းကွဲကို တွန်းဖယ်လိုက်ပါတယ်။ နောက်ဆက်တွဲဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပေမယ့် သတို့သားက သတို့သမီးကို ပါးရိုက်လိုက်တယ်လို့ သတို့သမီးမိသားစုက သတ်မှတ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/b3/b33844f9fdfdf861005c668f4bef26cce193be2f.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/f4/f45dcc6a33a9d6155dedb2d9797198456a059312.jpg

News 18 တွင် ဖော်ပြချက်အရ သတို့သားဟာ သတို့သမီးအား ပါးရိုက်လိုက်ချိန်မှာ ခန်းမထဲမှ ထွက်သွားရန် သတို့သမီးရဲ့ဖခင်က ဒေါသတကြီး ပြောဆိုခဲ့ပါတယ်။ သတို့သမီးရဲ့ မိသားစုကလည်း သူမကို မင်္ဂလာပွဲဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ချရာမှာ ထောက်ခံခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သတို့သမီးရဲ့ ဆွေမျိုးတွေက သူမကို လက်ထပ်ဖို့ ချက်ချင်းဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့ကြောင့် သူမရဲ့ ၀မ်းကွဲ အစ်ကိုဖြစ်သူနှင့် လက်ထပ်ရန် စီစဉ်ခဲ့ပါတယ်။ သတို့သမီးဟာ သဘောတူခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်တွင် သူမရဲ့ဝမ်းကွဲအစ်ကုိနှင့် လက်ထပ်ခဲ့ပါတယ်။ ထိုအတောအတွင်း ငြင်းဆိုခံရတဲ့ သတို့သားဟာ ပန်ရူတီမြို့ရှိ အမျိုးသမီး ရဲစခန်းတွင် တိုင်ကြားခဲ့ပါတယ်။ လျော်ကြေးငွေ ရူပီး (၇)သိန်း တောင်းခံထားပြီး ဒီပမာဏဟာ မင်္ဂလာဆောင်ပြင်ဆင်မှုများအတွက် ကျသင့်ငွေဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/1c/1ce6adeb50fb456d3c58add9c6d750010f997b92.webp

သတင်း အရင်းအမြစ်NDTV

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T