ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ လက်ဆောင်တွေကို ကျောက်မျက်ရတနာတွေနဲ့ ပုံဖော်ပြီး ကျွန်တော်တို့တွေ မကြာခဏ အသုံးပြုကြပါတယ်။ အများသောအားဖြင့် အဲ့ဒီလက်ဆောင်လေးတွေကို ကျွန်တော်တို့တွေ ကိုယ်တိုင် ပြုလုပ်ထားကြတာဖြစ်ပေမယ့် တချို့သောအရာတွေကတော့ သဘာဝက ဖန်တီးပေးကြတာကို တွေ့မြင်ကြရပါတယ်။ ယခုမှာလည်း ဥရုဂွေးနှင့်ဘရာဇီးနယ်စပ်မှာ ဓာတ်သတ္တုလုပ်သားနှစ်ဦးဟာ မိုင်းတွင်းမှာ ထူးထူးခြားခြား ကျောက်တုံးကြီးတစ်တုံးကို တူးဖော် တွေ့ရှိခဲ့ပါတယ်။

တူးဖော်သူများဟာ ထိုကဲ့သို့ အံ့မခန်းထူးခြားတဲ့ geode ကိုရှာတွေ့မယ်လို့ သဲလွန်စမရှိခဲ့ပါဘူးလို့ ဆိုပါတယ်။ အမှန်အတိုင်းပြောရရင် သူတို့ဟာ တူးဖော်တွေ့ရှိတဲ့ နေရာကို ရွှေ့ဖို့ ကြိုးစားနေကြတာပါ။ အဆိုပါ ကျောက်တုံးကြီးကို ခွဲကြည့်လိုက်တဲ့ အခါမှာတော့ ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုတဲ့ အသည်းနှလုံးပုံစံလို ဖြစ်တည်နေတာကို အံ့သြစွာ တွေ့ခဲ့ရပါတယ်။

ပုံမှန်မဟုတ်တဲ့ ကျောက်တုံးကြီးလည်းဖြစ်သလို ဆွဲဆောင်မှုရှိတဲ့ အသည်းနှလုံးပုံလေးကြောင့် လူအများက စိတ်ဝင်စားခဲ့ပါတယ်။ အဆိုပါ ကျောက်တုံးကြီးကို တွေ့ရှိသူနှစ်ဦးထဲက Uruguay Minerals ဆိုသူဟာ အဲ့ဒီကျောက်တုံးကို "The New Treasure" လို့အမည်ပေးထားပြီး သူတို့ရဲ့ဝဘ်ဆိုက်ကနေတဆင့် ရောင်းချနေပါတယ်။ဒီအသည်းပုံကျောက်တုံးလေးကို ပိုင်ဆိုင်လိုတယ်ဆိုရင်တော့ သူတို့ရဲ့ ၀က်ဘ်ဆိုဒ်ကနေ တဆင့် ဆက်သွယ်နိုင်ပါတယ်လို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်៖ Source - Nature World