စကြဝဠာထဲမှာ ကြယ်များ အစုလိုက်အပြုံလိုက် ခိုအောင်းနေတဲ့ တွင်းနက်ပေါင်း ၄၀ ဘီလီယံရှိကြောင်း လေ့လာတွေ့ရှိ

//s9.kh1.co/19/199e5bcf61bded4362d37ce0909692e6001a365e.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

စကြဝဠာထဲမှာ ကြယ်များ အစုလိုက်အပြုံလိုက်ရှိတဲ့ တွင်းနက်ပေါင်း ၄၀ ဘီလီယံထိ ခိုအောင်းနေကြောင်း လေ့လာမှုအသစ်အနေနဲ့ တွေ့ရှိရပါတယ်။ စကြာဝဠာအတွင်းရှိ "သေးငယ်တဲ့တွင်းနက်များရဲ့ အရေအတွက်ကို ခန့်မှန်းခဲ့ကြတာကတော့ အံ့သြစရာတစ်ခုတော့မဟုတ်ပါဘူး။ တွင်းနက်တွေကို ရေတွက်နိုင်ရန် သင့်အနေနဲ့လည်း မဖြစ်နိုင်ဟု ထင်ကောင်းထင်နိုင်ပါတယ်။ ကြယ်တွေ ခိုနေတဲ့နေရာကဲ့သို့ မည်းမှောင်နေပြီး သူတို့ရဲ့ပတ်ဝန်းကျင်ရှိ အလင်းရောင်ဟာ ကွေးညွှတ်နေချိန်ကဲ့သို့ ကံဆိုးမိုးမှောင်ကျတဲ့ ဓာတ်ငွေ့များနှင့် ကြယ်များကို မျိုချလိုက်တဲ့ အလင်းရောင်ကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

Photo Credit - Live Science
Photo Credit - Live Science
Photo Credit - Live Science
Photo Credit - Live Science

ဇန်န၀ါရီလ 12 ရက်နေ့ထုတ် The Astrophysical Journal မှာ ဖော်ပြထားတဲ့ နည်းလမ်းအသစ်ကို အသုံးပြုပြီး နက္ခတ္တဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့က စကြာဝဠာအတွင်း နေထက် ၅ ဆမှ ၁၀ ဆ ထုထည်ရှိတဲ့ တွင်းနက်ရဲ့ အရေအတွက်ကို ခန့်မှန်းထုတ်ပြန်ခဲ့ပါတယ်။ ကျွန်ုပ်တော်တို့ရဲ့ စကြဝဠာအတွင်းရှိ ကြယ်များရဲ့ ဆင့်ကဲပြောင်းလဲမှုကို ခြေရာခံခြင်းဖြင့် ကြယ်များဟာ ဒွိစနစ်အဖြစ် ပေါင်းစပ်ထားတဲ အကြိမ်မည်မျှရှိသည်ကိုလည်း နိုင်ငံတကာ ပညာရှင်များက ခန့်မှန်းခဲ့ကြဖူးပါတယ်။

Photo Credit - Live Science
Photo Credit - Live Science
Photo Credit - Live Science
Photo Credit - Live Science

ဒါဟာ စကြာဝဠာသမိုင်းတစ်လျှောက်မှာ ကြယ်တွင်းနက် အစုလိုက်အပြုံလိုက်လုပ်ဆောင်မှုရဲ့ ပထမဆုံးဖြစ်ပြီး ab initioရဲ့ တွက်ချက်မှုတွေထဲက တစ်ခုတည်းပဲဖြစ်ပါတယ်။ တွင်းနက်တစ်ခုကိုပြုလုပ်ရင်လည်း အကြမ်းဖျင်းအားဖြင့် နေထက် ၅ဆ မှ ၁၀ ဆအထိ ထုထည်ရှိပြီး ဒါဟာ ကြယ်ကြီးတစ်စင်း ဖြစ်ဖို့အတွက်လည်း လိုအပ်ပါတယ်။ ကြယ်ကြီးများဟာ သူတို့ ဘဝဆုံးခန်းတိုင်ရောက်ရှိလာတာနဲ့အမျှ ပိုမိုလေးလံလာပြီး တစ်နည်းအားဖြင့်ဆီလီကွန် (သို့မဟုတ်) မဂ္ဂနီဆီယမ်ကဲ့သို့ ပိုလေးတဲ့ဒြပ်စင်များကို အူတိုင်များအတွင်းကနေ စတင်ပေါင်းစပ်ကြတာ ဖြစ်ပါတယ်။ သုတေသီများကတော့ အစောပိုင်းစကြာဝဠာထဲမှာ တွင်းနက်ငယ်များ မည်သို့ဖွဲ့စည်းပုံကို ပိုမိုသိရှိဖို့ မျှော်လင့်ကြပါတယ်။

သတင်း အရင်းအမြစ်Source - Live Science

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T