မင်္ဂလာဆောင်မှာ သတို့သမီး သီဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ကြောင့် ကွာရှင်းပြတ်စဲခဲ့ကြတဲ့ အတွဲ

//s9.kh1.co/90/904100ee33af359892e5ea71dd8792be4ca82826.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဒါကြောင့် သူတို့ဟာ အတိုဆုံး အိမ်ထောင်ရေးအဖြစ်

အမျိုးသားတစ်ဦးဟာ သတို့သမီးဖြစ်သူက မင်္ဂလာဆောင်မှာ သီချင်းတစ်ပုဒ်ဆိုခဲ့ပြီး ကပြဖျော်ဖြေခဲ့တာကြောင့် မိသားစုအချင်းများမှု ဖြစ်ပွားကာ ကွာရှင်းပြတ်စဲခဲ့ကြောင်း သိရှိရပါတယ်။ ဘဂ္ဂဒက်မှာ ကျင်းပတဲ့ ဒီမင်္ဂလာဆောင်အခမ်းအနားမှာ အငြင်းအခုံဖြစ်ပြီးနောက် အတိုဆုံးအိမ်ထောင်ရေးအဖြစ် စံချိန်သစ်တင်လိုက်တာပဲ ဖြစ်ပါတယ်။ ဒေသဆိုင်ရာသတင်းများအရ အမျိုးသမီးဟာ Lamis Kan သီဆိုထားတဲ့ ဆီးရီးယားသီချင်း Mesaytara ကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/e9/e914634e585c44d5453e71acf2fbc47333b8555c.jpg
https://s9.kh1.co/__image/w=615,h=410,q=100/d4/d425e7053a0899aafd4df1600c7dc8371c264a1f.jpg

သီချင်းခေါင်းစဉ်ကို ဘာသာပြန်လိုက်ရင်တော့ " ငါကလွှမ်းမိုးနိုင်သူ " ဒါမှမဟုတ် " ငါမင်းကို ထိန်းချုပ်မယ် " ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။ သီချင်းရဲ့စာသား အစက‌တော့ "ငါက လွှမ်းမိုးနိုင်သူ၊ ငါ့ရဲ့ တင်းကျပ်တဲ့ ညွှန်ကြားချက်တွေအောက်မှာ မင်းကို အုပ်ချုပ်မယ်၊ လမ်းပေါ်မှာ တခြားကောင်မလေးတွေကို မင်းကြည့်ရင် ငါ မင်းကို အရူးဖြစ်အောင်လုပ်မယ်။ ဟုတ်တယ်၊ ငါက ကြီးစိုးတယ်၊ မင်းက ငါ့သကြားတစ်ခြမ်းပဲ၊ မင်း ငါနဲ့ ရှိနေသရွေ့ မင်း ငါ့အမိန့်အတိုင်း လိုက်နာရလိမ့်မယ်။" ဆိုပြီးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/e2/e230c13eba22410f81580859af81e0aca3bb7990.png
https://s9.kh1.co/__image/w=650,h=434,q=100/36/36130e89a18d29dbff976eb4239906af186ff38d.jpeg

သတို့သမီးဟာ သီချင်းဆိုရင်း ကပြဖျော်ဖြေကာ မင်္ဂလာပွဲအား ပျော်မွေ့နေခဲ့သည်ဟု သတင်းရ‌ပေမယ့်လည်း သတို့သားရဲ့မိသားစုမှာ အထင်ကြီးခြင်းမရှိဘဲ မိသားစုနှစ်ခုကြားတွင် ကြီးမားသောအငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရတာဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒီသီချင်းကြောင့် ပြီးခဲ့တဲ့နှစ်မှာတုန်းက ဂျော်ဒန်မှာ ကွာရှင်းမှုတစ်ခုရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/ed/ed5732494b9a0c0052bfb1be8bc0962ac726dab7.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T