စပိန်နိုင်ငံရဲ့ Menorca ကျွန်းဟာ မြေထဲပင်လယ်အနောက်ဘက်မှာ တည်ရှိပြီး Balearic အုပ်စုရဲ့ အရှေ့ဆုံးကျွန်းလည်း ဖြစ်ပါတယ်။ ဒီကျွန်းရဲ့ အကျယ်ဆုံးဟာ အလျားကီလိုမီတာ ၅၀ ဝန်းကျင်လောက်သာရှိတဲ့ ကျောက်ဆောင်ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။ Menorca ကျွန်းဟာ ကျယ်ပြောလှတဲ့ ပင်လယ်ထဲမှာ အမှုန်အမွှားတစ်ခုမျှသာ ရှိပေမယ့် ကျွန်းတစ်ခွင်လုံးကို ထူးဆန်းတဲ့ ကျောက်တုံးကြီး ၃၅ ခုဖြင့် ရှေးအခါကတည်းက တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်စွာ တည်ဆောက်ထားတဲ့ ဒီကျွန်းကိုလည်း ရှေးဟောင်းသုတေသနပညာရှင်များက မျက်စိကြခဲ့ပါတယ်။


ပညာရှင်တချို့ရဲ့ သမိုင်းမှတ်တမ်းအရဆိုရင် ဒီကျွန်းမှာ ပထမဆုံး ခြေချသွားသူများဟာ အနည်းဆုံး ဘီစီ ၂၀၀၀ ဝန်းကျင်လောက်ကတည်းကရှိခဲ့ဖြစ်ပါတယ်။ အဆိုပါ အခြေချသူတွေဟာ တာလော့ လူမျိုးများဖြစ်နိုင်ပြီ နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ ဖန်တီးထားတဲ့ ကျောက်တုံးကြီးများရဲ့ ရည်ရွယ်ချက်တွေဟာ လျှို့ဝှက်ဆန်းကြယ်ပေမယ့် ဘာကို ရည်ရွယ်တယ်ဆိုတာ ပညာရှင်များလည်း ယနေ့အချိန်ထိ အဖြေရှာလို့မရခဲ့ပါတယ်။

ပိုပြီး ထူးခြားတာကတော့ ကျောက်တုံးဖွဲ့စည်းပုံကို အနီးကပ်ကြည့်ရှုပါက မြေဆီလွှာရဲ့ အရောင်ဟာ ကျောက်တုံးအရောင်တိုင်း ပြောင်းသွားတယ်လို့ ဆိုပါတယ်။ တည်ဆောက်ထားတဲ့ ကျောက်တုံးများဟာ တူညီတဲ့ အခြေခံအင်္ဂါရပ်များစွာ ရှိပေမယ့် သူ့ရဲ့ ဝင်ပေါက်ဟာ ကျောက်စာတိုင်နှင့် ရှေ့မျက်နှာစာနဲ့က ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ပညာရှင်များရ သီအိုရီတစ်ခုအရ ဒါဟာ ကိုယ်ကွယ်တဲ့ ဘုရားကို ကိုယ်စားပြုထားတာဖြစ်လို့ ထောင့်မှန်စတုဂံစင်များကို နံရံများမှာ ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းထားပြီး သူတို့ရဲ့ ဘာသာရေးရုပ်ပုံများကိုပြသရန် အသုံးပြုဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါအပြင် အကာအရံတစ်ခုမှာလည်း ထိုအချိန်တုန်းက ယဇ်ပူဇော်တဲ့မီးတွင်းရဲ့ အကြွင်းအကျန်များကိုလည်း တွေ့ရှိခဲ့ပါတယ်။ ယခုအချိန်ထိလည်း ဘာကိုရည်ရွယ်ထားသည်ကို မသိရှိရသေးတာကြောင့် တကယ့်ကို လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုအဖြစ် သမိုင်းဝင် ထင်ကျန်နေခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ Source - Historic Mysterious